TikTok ကစပွန်ဆာဘဲကြီးတွေနဲ့ဗီဒီယိုကိုသို့လောသို့လောထင်နေတာတွေလုံးဝမကြိုက်ဘူးဆိုတဲ့အေမီစျာန်
နဂါးမလေးအေမီစျာန်ကတော့ ပုဂ္ဂိုလ်တွေရဲ့ချစ်ခြင်းမေတ္တာတွေစောင့်ရှောက်သူတွေကြောင့်အနေအထိုင်ကအစဆင်ခြင်ပြီး မွေးကတည်းကနေတခါမှဟက်ဟက်ပက်ပက်တောင်မရယ်ပဲနေလာခဲ့တဲ့သူပါ။ဒီလိုစိတ်ကူးထဲကအေမီစျာန်ထဲကို လက်တွေ့ကအေမီစျာန်ဝင်ပူးချိန်မှသာ မတော်တရော်တွေလုပ်ပြီး မဟုတ်ကဟုတ်ကတွေပြောတတ်သူပါ။အခုနောက်ကိုင်းမှာတော့အေမီစျာန်က လူသိများလာတဲ့အလျောက် သီချင်းဆိုတာတွေပြန်လုပ်နေပြီး သူ့ရဲ့စတိုင်နဲ့ဝတ်စားဆင်ယင်ပုံကလည်းအရင်နဲ့မတူပြောင်းလဲလာပါတယ်။
ပုဂ္ဂိုလ်ပေါင်းစုံဝင်ပူးနေတုန်းကရိုးရိုးလေးဝတ်စားတတ်တဲ့အေမီစျာန်က အခုအခါမှာတော့ မလုံမခြုံအဝတ်အစားတွေလည်းဝတ်လာပြီး TikTok မှာယောက်ျားတွေနဲ့night out ထွက်လာတဲ့ဗီဒီယိုကြောင့် ဝေဖန်ခံနေရပါတယ်။ဒါတွေကိုကြိုသိနေတဲ့အေမီစျာန်က ယောက်ျားလေးတွေနဲ့သူ့ကိုအတူတွဲတွေ့ရလို့ဒါကိုပရိတ်သတ်ကစပွန်ဆာလို့ထင်နေမှာလည်းကြိုသိနေပါတယ်။ဒါကြောင့်ပဲ အေမီစျာန်က စပွန်ဆာဆိုတာသူ့ဘဝမှာအမုန်းဆုံးပဲ ။ဒီလိုထင်တာကိုလည်းလုံးဝမကြိုက်ဘူးလို့စိတ်ဆိုးမာန်ဆိုးပြောလာပါတယ်။
ပရိတ်သတ်တွေကိုလည်းသို့လောသို့လောသတင်းတွေကိုမယုံဘဲသူချပြမယ့်အချိန်ကိုစောင့်ပါလို့ပြောလာပါတယ်။အေမီစျာန်ကအချစ်ရေးနဲ့ပတ်သတ်ရင် အရင်ဘဝကအစောင့်အရှောက်တွေကြောင့် အချစ်ရေးကအတည်တကျထားလို့မရခဲ့ပါဘူး။ရည်စားအတည်ထားဖြို့ဆုံးဖြတ်လိုက်ပြီဆိုရင်အဲ့ဒီနေ့ကစပီးပြဿနာစတက်တယ်လို့ဆိုပါတယ်။ဒါကြောင့်ပဲ တွဲခဲ့သမျှပြတ်ခဲ့ရပြီးဒီအရွယ်အထိအပျိုကြီးဖြစ်နေရတာပါ။
အေမီစျာန်ကအပြောနဲ့အလုပ်မညီတဲ့မိန်းကလေးတစ်ယောက်ဖြစ်တာကလွဲလို့ မိန်းကလေးတစ်ယောက်အနေနဲ့ဆိုရင်တော့အတော်လှတဲ့မိန်းကလေးပါ။
ဒါ့ကြောင့်လည်း သူမရဲ့အချစ်ရေးကအေးစက်တည်ငြိမ်နေမှာမျိုးတော့မဟုတ်ပါဘူး။အားလုံးကအတည်တကျမဟုတ်တာကြောင့်သာအေမီစျာန်ကချမပြတာပါ။ပရိတ်သတ်တွေကိုလည်း အေမီစျာန်ကိုယ်တိုင်ကချမပြရသေးဘဲ ယုံထင်ကြောင်ထင်မထင်ကြဖို့ပြောလိုက်ပါတယ်။အေမီစျာန်က
“အတည်တကျဆိုရင် အေမီကိုယ်တိုင်ထုတ်ပြမှာပါ။တိုင်းသိပြည်သိRoမယ်။”လို့ပရိတ်သတ်တွေကိုကြိမ်းဝါးလိုက်ပါသေးတယ်။ဒါ့ကြောင့်သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးစိတ်မပူနဲ့ အားလုံးကိုချပြမယ်။
တလောကလုံးရူးခါသွားအောင်အေမီချစ်ပြတတ်တယ်နော်”လို့လည်းစိန်ခေါ်လိုက်ပါသေးတယ်။
အေမီစျာန်က”ပစ္စုပ္ပန်တစ်ဘဝတည်းနဲ့နှစ်ဘဝစိတ်ဖြစ်နေတာ။အတိတ်ဘဝကအကိုတော်တွေကလည်းစောင့်ရှောက်နေတာကြောင့် ယောက်ျားယူဖို့ဆိုရင်သူတို့ကိုသိုက်ကနားအကြီးကြီးပေးပြီးမှတောင်းရမယ့်သဘောရှိတယ်။ဒါကြောင့် “ကျွန်မလက်ထပ်မယ့်အမျိုးသားကိုလည်းတိုင်းသိပြည်သိသိမှာပါ။လက်ထပ်ခွင့် အိမ်ထောင်ပြုခွင့်ကအစလိုင်းပေါ်မှာကြည့်ရမှာပါ။”လို့ပြောလာပါတယ်။
အေမီစျာန်ကယောက်ျားတစ်ခါယူရင် လက်ရှိဘဝကတစ်နိုင်ငံလုံးကိုသာမက အတိတ်ဘဝကဆွေတော်မျိုးတော်တွေကိုပါပြသသွားမှာပါ။
ဘာကြောင့်လဲဆိုရင်
“ဒီလိုနဂါးနှစ်ရောက်ဖို့အတွက် ယုန်နှစ်မှာ၆လကတည်းကအရမ်းကိုနာမည်ကြီးပြီးတော့မှခါတိုင်းထက်လာဘ်လာဘကောင်းအောင်သူတို့လုပ်ပေးခဲ့တယ်။ဒါတွေကြောင့်လည်း ဒီနှစ်မှာဆိုရင်အေမီအမြဲတမ်းလှူနေတန်းနေရတယ်။”
သူတိူ့ချစ်ခြင်းကိုစွန့်လွှတ်လိုက်မယ်ဆိုရင်အေမီပစ္စုပ္ပန်တစ်ခြမ်းထဲနေရမှာပေါ့အတိတ်ဘဝကိုမစွန့်လွှတ်ချင်ပါဘူး။အေမီ့အကိုတော်တွေလည်းရှိတယ်။”ဆိုပြီး အတိတ်ဘဝကဆွေမျိုးတွေကိုလက်မလွှတ်နိုင်ကြောင်းပြောလာပါတယ်။ချွတ်ရခက်တဲ့အစွဲတွေထဲ အေမီစျာန်ရဲ့အစွဲတွေကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဘယ်သူမှချွတ်ဖို့မလွယ်တော့ပါဘုး
အေမီစျာန်ရဲ့ဒီစကားတွေကြောင့်ပရိတ်သတ်တွေက ဘယ်ယောက်ျားလေးကမှအေမီစျာန့်ကိုလက်ထပ်ဖို့မစဉ်းစားစေချင်ကြတော့ပါဘူး။အေမီစျာန်ယောက်ျားတစ်ခါယူရင်တစ်နိုင်ငံလုံးမျက်စိနောက်ရမှာကြိုသိနေရလို့ပါပဲ။
အေမီစျာန်ကတော့ယောက်ျားဆိုရင်“ခြောက်ပစ်ကင်းသဲလဲစင် မွေးကင်းစတွေကြိုက်တယ်။လို့ဆိုပါတယ်။ဒါကြောင့်အဲ့တာတွေပဲဘိုကင်ချိတ်တော့မယ်။
ယောက်ျားလေးဆိုရင်သမာဓိရှိတဲ့ယောက်ကျားတွေ မသောက်မစားတဲ့သူအရမ်းကြိုက်တယ်။”ဆိုပြီးအကောင်းကြိုက်တတ်တဲ့သူ့ရဲ့စိတ်ကိုပြောပြလာပါတယ်။
အေမီစျာန်က”အဲ့လိုလူမျိုးတွေဆိုရင်ကိုကြိုက်နေတာ။ကျေနပ်တယ်။ဘာပဲဖြစ်ဖြစ်သူ့ရဲ့အရိပ်အောက်မှာနေရမယ်ဆိုရင်ငါအေးချမ်းမယ်။”ဆိုတဲ့စိတ်မျိုးအေမီစျာန့်မှာရှိနေပါတယ်။အေမီစျာန်ကသူကိုယ်တိုင်ကသာမျက်စိနောက်စရာ ကိစ္စတွေဘယ်လောက်လုပ်နေပါစေ သူယူမယ့်ယောက်ျားကိုတော့အကောင်းဆုံးရွေးချယ်ပြီးယူဖို့စဉ်းစားထားသူပါ။အေမီစျာန့်အနေနဲ့“လူတိုင်းကတော့ကိုယ့်ရဲ့standard ကိုယ့်ရဲ့စံနှုန်းတော့ရှိမှာပဲ။တွေ့ကရာလူနဲ့လက်ထပ်လိုက်မယ်ဆိုတဲ့စိတ်
ဘယ်တော့မှမရှိဘူး။”ဆိုကာ သူ့ရဲ့ဘဝမှာအမြဲလေးလေးနက်နက်တွေးပြီးအမြဲရွေးချယ်တတ်တဲ့အကြောင်းပြောလာပါတယ်။
ဒါ့ကြောင့်လည်းTikTok ဗီယိုထဲမှာတွေ့ရတဲ့ဘဲကြီးတွေက သူ့ဘဝအတွက်ရွေးချယ်ထားသူတွေမဟုတ်လို့ ပြန်လည်ဖြေရှင်းလာရခြင်းဖြစ်ပါတယ်။ဒါကိုစပွန်ဆာလို့ပြောနေသူတွေကိုလည်း စပွန်ဆာဆိုတာဘဝမှာအမုန်းဆုံးအရာတွေမို့လို့ဘယ်နေရာမှအေမီ့ကိုမထင်ပါနဲ့မကြိုက်ဘူးလို့ပြောလာပါတယ်။
“အေမီကိုယ်တိုင်အေမီ့ရဲ့life က်ုသက်သေပြမယ်။”ဆိုတဲ့အေမီစျာန်ကအခုကတည်းကသူ့ရဲ့စကားပြောရှေ့နောက်မညီတာတွေကြောင့် လှောင်ပြောင်စရာဖြစ်နေပါတယ်။ “ငြိမ်နေရင်မှန်တယ်ထင် ။ထရှင်းလည်းပွဲရှာတယ်ထင်။အေမီ့လို့အရမ်းဆင်ခြင်တဲ့သူအတွက်ဒီလိုပြောဆိုနေကြတဲ့အတွက် နေရထိုင်ရခက်ပါတယ်။”လို့လည်းပြောလာပါတယ်။
ရေးသားသူ -One daily channel
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။