စိတ်နှလုံးဖြူစင်ပြီး ပေးဆပ်သူတို့နှလုံးသားပိုင်ရှင်ဖြစ်ကြောင်း ထုတ်ဖော်ပြောပြခဲ့တဲ့ ဘေဘီမောင်

စိတ်နှလုံးဖြူစင်ပြီး ပေးဆပ်သူတို့နှလုံးသားပိုင်ရှင်ဖြစ်ကြောင်း ထုတ်ဖော်ပြောပြခဲ့တဲ့ ဘေဘီမောင်

Celebrity Local News
စိတ်နှလုံးဖြူစင်ပြီး ပေးဆပ်သူတို့နှလုံးသားပိုင်ရှင်ဖြစ်ကြောင်း ထုတ်ဖော်ပြောပြခဲ့တဲ့ ဘေဘီမောင်

သရုပ်ဆောင်ဘေဘီမောင်ကတော့ အခုအချိန်မှာ အနုပညာလောကထဲ တစ်ကျော့ပြန်လည်ဝင်ရောက်လာခဲ့ပါပြီ။အရင်ကအနုပညာအလုပ်တွေမလုပ်တော့တဲ့နောက်ပိုင်းစီးပွားရေးလုပ်ငန်းကိုသာ ဇောက်ချပြီး လုပ်ကိုင်ခဲ့တာပါ။အခုအချိန်မှာ‌ေတာ့ စီးပွားရေးလုပ်ငန်းတွေလုပ်နေခဲ့ပေမယ့် ဝါသနာပါတဲ့ သရုပ်တောင်အလုပ်ကိုလည်း ကမ်းလှမ်းလာတာ‌ေကြာင့် ဇာတ်ကားတွေပြန်ရိုက်ကူးနေခဲ့တာပါ။

ဘေဘီမောင်ကတော့ ပထမက ကလေးယူဖို့ စ‌ီစဉ်နေတာကြောင့် ဇာတ်ကားမရိုက်ဖို့ ဆုံးဖြတ်ထားပေမယ့် ကိုယ်ဝန်ကလည်းမရသေးတာကြောင့် ဇာတ်ကားရိုက်ဖို့ လက်ခံခဲ့တာလည်းဖြစ်ပါတယ်။သူ့အနေနဲ့ ဝါသနာပါတဲ့ သရုပ်‌ေဆာင်အလုပ်ကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်သွားဖို့ရှိပေမယ့် သူ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့ ဈေးရောင်းတဲ့ အလုပ်ကို‌ေတာ့ ရေရှည်လုပ်ကိုင်သွားမှာပါ။

သူ့အနေနဲ့ covid ရောဂါတွေဖြစ်ပွားနေတဲ့ အချိန်မှာ Online ကနေ Live sale တွေရောင်းချပြီး စီးပွားရေးကိုစတင်လာခဲ့တာလည်းဖြစ်ပါတယ်။မင်းသမီးတစ်လတ်ဖြစ်တာကြောင့် Livesale ရောင်းချတဲ့နေရာမှာ ထွေထွေထူးထူးပြောပြနေစရာမလိုဘဲ လူတွေရဲ့ ယုံကြည်မှုကိုရထားတာလည်းဖြစ်ပါတယ်။အားပေးသူပရိတ်သတ်တွေများပြားခဲ့တာကြောင့် ‌အခုနောက်ပိုင်းမှာ သူများရွှေဆိုင်တွေကို Live လွှင့်ပြီးရောင်း
ချပေးတာထက် ကိုယ်တိုင်ရွှေဆိုင်ဖွင့်လိုက်ပြီး ပရိတ်သတ်တွေကိုရောင်းချပေးနေတာလည်းဖြစ်ပါတယ်။

ဘေဘီမောင်တစ်ယောက်အခုလိုတွေအောင်မြင်လာခဲ့တာဟာ ကိုယ်တိုင်ကလည်းကြိုးစားသလို မိသားစု အပေါ်သိတတ်တာအပြင် သမီးလေးရဲ့ကံကြောင့်ပါပါတယ်။ဘေဘီမောင်အနေနဲ့ အဆိုတော်သားဂန်းနဲ့အိမ်ထောင်ကျပြီးနောက်မှာ ‌ဘီလီယံလေးကိုမွေးခဲ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို တည်ထောင်နိုင်ခဲ့တာပါ။

အရင်က လင်မယားနှစ်ယောက်ပေါင်းပြီး Online ကနေ အထည်တွေ ရောင်းချခဲ့ပေမယ့် ဘီလီယံကိုကိုယ်ဝန်စရှိကတည်းက အလုပ်အကိုင်တွေလည်း အဆင်ပြေလာခဲ့တာကြောင့် သမီးလေးအတွက် ရွှေဆိုင်ဖွင့်ဖို့ပါ ရည်ရွယ်ခဲ့ကြတာလည်းဖြစ်ပါတယ်။သမီးလေးမွေးပြီးတဲ့အချိန်မှာလည်း စီးပွားရေးတွေလည်းအဆင်ပြေလာသလို ၊အရင်က ကြည့်မရခဲ့တဲ့ ပရိတ်သတ်တွေတောင် သမီးဖြစ်သူဘီလီယံကြောင့် အားပေးခဲ့ကြပါတယ်။

ဘေဘီမောင်ကတော့ အပြောအဆိုမတတ်ဘဲ ပတ်ခနဲ့ ပြန်ပြောတတ်တာ သူ့အတွက် ရိုးရာတစ်ခုလိုဖြစ်နေတာကြောင့် မနည်းထိန်းထားရတာလည်းဖြစ်ပါတယ်။ဘေဘီမောင်က အပြော
အဆိုမတတ်ပေမယ့် စိတ်ထားကောင်းသူတစ်ယောက်လို့ဆိုလို့ရပါတယ်။အပြင်လူတွေပေါ်ကောင်းတာ ၊မကောင်းတာထက် မိသားစုအပေါ်မှာတော့ ပြောစရာမလိုအောင်ကောင်းခဲ့တာလည်းဖြစ်ပါတယ်။အပြောအဆိုနဲ့ပတ်သက်ရင်‌လည်း ပတ်ခနဲ ပြန်ပြောတတ်တဲ့အကျင့်ကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်အပစ်တင်တာကို အချိန်အကြာကြီးခံလာရသူပါ။

ဘေဘီမောင်ကတော့ နောက်ပိုင်းမှာ သမီးလေးလည်းမွေးလာတာကြောင့် သူ့ရဲ့မကောင်းတဲ့နှုတ်ကြောင့် သမီးလေးကိုလည်းမထိခိုက်စေချင်သလို မိသားစု၊ညီအကိုမောင်နှမအပေါ်မှာ သက်ရောက်သွားမှာကိုပါစိုးရိမ်လာခဲ့တာကြောင့် အပြောအဆိုတွေ ဆင်ခြင်လာခဲ့ပါတယ်။သူ့အနေနဲ့ လူတွေအမြင်မှာ ရင့်ရင့်သီးသီးရိုင်းရိုင်းဆိုင်းဆိုင်းတွေ ပြောဆိုတတ်ပေမယ့် မိသားစုအပေါ်မှာတော့ ပြောစရာမလိုအောင်တာဝန်ကျေတာထက် ပိုသူတစ်ယောက်ပါ။

ဘေဘီမောင်ကတော့ ငယ်စဉ်ကတည်းက မပြေလည်တဲ့ မိသားစုက လာတာကြောင့် မိသားစု
ကို ဈေးရောင်းပြီးရှာဖွေကျွေးမွေးခဲ့ပါတယ်။ငယ်တဲ့ အချိန်ကလည်း ရုန်းကန်ပြီး ရှာဖွေကျွေးမွေးခဲ့သလို အရွယ်ရောက်ပြီး အနုပညာ
လောကထဲရောက်လာချိန်မှာလည်း ကြိုးစားရုန်းကန်ခဲ့ပြီး မိဘတွေ၊မောင်နှမတွေကို ပြည့်ပြည့်စုံစုံ ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့အပြောအဆိုတွေကို ပရိတ်သတ်တွေက မကြိုက်ကြပေမယ့် မိဘအပေါ်မှာ တာဝန်ကျေတဲ့ သမီးလိမ္မာတစ်ယောက်ဖြစ်သလို၊မောင်နှမ တွေအပေါ်မှာလည်း အမကြီးအမိရာ ပီသလွန်းတာကြောင့် ပရိတ်သတ်တွေကတော့ သူ့ရဲ့ စိတ်
ဓာတ်ကိုလေးစားခဲ့ကြပါတယ်။အခုအခါမှာလည်း ဘေဘီမောင်တစ်ယောက် သူ့ရဲ့ စိတ်‌
ဓာတ်နဲ့ ပတ်သက်ပြီး ပေးဆပ်သူတို့နှလုံးသား ပိုင်ရှင်ဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။

ဘေဘီမောင်အနေနဲ့ မိဘ၊ညီကိုမောင်နှမသားချင်းအပေါ်မှာစောင့်ရှောက်ပေးနေသူတစ်ယောက်ပါ။အနုပညာအလုပ်တွေရပ်နားခဲ့တာ‌ကြာပေမယ့် သူတတ်တဲ့ ပညာတစ်ခုဖြစ်တဲ့ ဈေးရောင်းတဲ့ အလုပ်နဲ့ မိသားစုကို ရှာဖွေကျွေး
မွေးနေခဲ့တာလည်းဖြစ်ပါတယ်။အခုအချိန်အထိလည်း ဈေးရောင်းတာကို တစ်ရက်မှ မနားဘဲ ကုန်းရုန်းရှာဖွေနေခဲ့ပါတယ်။

ငွေကြေးနဲ့ပတ်သက်ရင်လည်း စိန်ရွှေတနာဆိုင်ပါဖွင့်ထားနိုင်ပေမယ့် ငွေကို တစ်ရက်မဝင်ရင် သူ့အနေနဲ့ အိပ်မပျော်တဲ့အထိဖြစ်နေရပါတယ်။ငွေကြေးခက်ခဲနေတာမဟုတ်ပေမယ့် သူစောင့်ရှောက်ထားတဲ့ မိသားစုက ကြီးတာမို့ သူ့အနေနဲ့နေ့စဉ်ဝင်ငွေရအောင် ကြိုးစားရှာဖွေနေတာလည်းဖြစ်ပါတယ်။ဘေဘီမောင်ကတော့ သူ့ရှိနေရင် မိသားစုတွေမပူမပင်နေနိုင်အောင် ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။

သူ့အနေနဲ့ မိသားစုအပေါ်မှာတင်မကဘဲ သူ့ဆီအလုပ်လာလုပ်တဲ့ လူတွေကအစ ညီအကိုမောင်နှမတွေလိုသဘောထားပြီး သူ့ဆီမှာ မြေကွက် ၅ကွက်ရှိရင်တစ်ကွက်ပေးချင်နေခဲ့တာပါ။ဘေဘီမောင်ကတော့ သူ့ရဲ့ စိတ်ဓာတ်သူသိတာကြောင့် သူ့ကိုယ်သူ ပေးဆပ်သူတို့နှလုံးသားပိုင်ရှင်ဖြစ်တဲ့အ ကြောင်းကို ပြောပြလာခဲ့ပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...