စွမ်းတစ်ယောက်အရင်လိုဇာတ်ပွဲတွေ‌‌ေတာက်‌ေလျှာက်ပြန်မကနိုင်သေးတဲ့အကြောင်းပြောပြလာတဲ့ မြန်မာစာသျှန်ထွန်း

Celebrity Local News
စွမ်းတစ်ယောက်အရင်လိုဇာတ်ပွဲတွေ‌‌တောက်လျှောက်ပြန်မကနိုင်သေးတဲ့အကြောင်းပြောပြလာတဲ့ မြန်မာစာသျှန်ထွန်း

စွမ်းဇာနည် အနုပညာလမ်းကြောင်းပေါ်ပြန်ရောက်လာခဲ့တဲ့ သတင်းကတော့ Social media မှာစိတ်ဝင်စားမှုမြင့်တတ်နေတဲ့ သတင်းတစ်ပုဒ်ပါဘဲ။မကြာသေးခင်က အင်တာဗျူးတစ်ခုထိကို ဇာတ်ပြန်မကတော့တဲ့ အကြောင်းကို အတိ
အကျပြောခဲ့တာပါ။ကျန်းမာရေးအခြေအနေ ဆိုးရွားနေတာကြောင့် သိန်း၁၀၀၀ ပေးရင်
တောင် ပြန်မကတော့ဘူးဆိုပြီး သူ့ရဲ့ ဆုံးဖြတ်
ချက်ကို အခိုင်အမာပြောလာတာကြောင့် စွမ်းကိုချစ်တဲ့ ပရိတ်သတ်တွေက ဝမ်းနည်းခဲ့တဲ့ အထိပါဘဲ။

အရက်တွေအလွန်အကျွံသောက်ပြီး အသည်းရောဂါဖြစ်ခဲ့ရတဲ့ စွမ်းကတော့ အခုအချိန်မှာ ခြေထောက်ပါသွေးခဲလေးတွေ ပိတ်နေတာကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်သေးတဲ့အနေအထားပါ။အသည်းရောဂါ‌ေကြာင့်စိတ်ဓာတ်ကျပြီး ဆေးကုဖို့လည်း မစဉ်းစားတော့ဘဲ ဘဝကိုရောစုန်မျောဖို့ တွေးခဲ့ပေမယ့် ဆရာသမားတွေ ၊အသိမိတ်ဆွေတွေကြောင့် သူ့ဘဝကို ပြင်ဆင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နိုင်ငံခြားအထိ ဆေးကုသဖို့စီစဉ်ခဲ့ပေမယ့် အခုတော့ မြန်မာနိုင်ငံက ဆရာဝန်တွေနဲ့တင်အဆင်ပြေခဲ့ပါတယ်။ဆေးပုံမှန်သောက်ပြီး ဆေးကုသမှုခံယူနေတာကြောင့် အသည်းရောဂါက တစ်ဖြည်းဖြည်းသက်သာလာခဲ့ပေမယ့် ခြေထောက်မှာ သွေးခဲပိတ်တဲ့ရောဂါက ထပ်ဖြစ်လာခဲ့ပါတယ်။သွေး‌ခဲပိတ်နေတာက အခန့်မသင့်ရင်ဖြတ်ရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

စွမ်းရဲ့ရောဂါအခြေအနေကို သိခဲ့တဲ့ ဆရာဖြစ်သူ မြန်မာစာသျှန်ထွန်းကတော့ သားလိုချစ်ရတဲ့ စွမ်းရောဂါသက်သာအောင်ဆရာဝန်တွေနဲ့လည်းကုသခိုင်းသလို၊လူအများကြားနာမည်ကြီးနေတဲ့ ဆရာထူးခန့်ကျော်နဲ့ ချိတ်ဆက်ပြီး စွမ်းရောဂါပျောက်ကင်းအောင်ကုသပေးနေခဲ့တာပါ။သျှန်ထွန်းကတော့ စွမ်းနဲ့ ဆရာတပည့်ဆက်ဆံရေးမျိုးဖြစ်ပေမယ့် စွမ်းက ရိုသေလေးစားတတ်သူဖြစ်တာကြောင့် သားတစ်ယောက်လိုမျိုးချစ်ခင်နေရတာပါ။

မကြာသေးခင်ကပွဲဦးထွက်ပြန်ကခဲ့တာကလည်း ဆရာဖြစ်သူ သျှန်ထွန်းကြောင့်ဆိုလည်း မမှားပါဘူး။လယ်ဝေးကပရိတ်သတ်တွေ စွမ်းသူတို့ဆီလာကပေးဖို့မျှော်လင့်နေကြသလို၊ဆရာဖြစ်သူကပါ တိုက်တွန်းလာတာကြောင့် ပွဲကဖို့ ဆုံးဖြတ်လိုက်တာပါ။သိန်းတစ်ထောင်ရရင်တောင် မကဖူးပြောခဲ့ပေမယ့် ဆရာရဲ့ စကားတစ်ခွန်းထဲနဲ့ ပြန်ကဖို့ ဆုံးဖြတ်လိုက်တာတဲ့အပေါ်မှာ ဆရာဖြစ်သူကတော့ ကျေနပ်နေတော့မှာပါ။

စွမ်းကတော့ ပွဲဦးထွက်ပွဲကို လယ်ဝေးမှာပြန်ကခဲ့တာလည်းဖြစ်ပါတယ်။မိုးတွင်းကာလ ဇာတ်တွေနားထားရတဲ့ အချိန် စွမ်းရဲ့ ပွဲကတော့ ရုံပြည့်ရုံလျှံပါဘဲ။စွမ်းအနေနဲ့ ခြေထောက်သွေးကြောပိတ်နေတာကြောင့် လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်ပေမယ့်လည်း သူချစ်တဲ့ ပရိတ်သတ်တွေကို အကောင်းဆုံးဖျော်ဖြေတင်ဆက်လာခဲ့ပါတယ်။

ခြေထောက်ကို အားယူပြီး ကရတဲ့နေရာတွေမှာ မျက်နှာပျက်သွားပေမယ့် အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့သလို၊အကရဲ့အဆံုးသတ်ထိုင်လိုက်တဲ့နေရာမှာလည်း ပြန်မထနိုင်တာကြောင့် ဘေးကနေ ဝိုင်းထူပေးနေရပါတယ်။သူ့အနေနဲ့ နေရထိုင်ရ မကောင်းတဲ့ အခြေ‌အနေ တစ်ခုမှာတောင် အကောင်းဆုံးဖျော်ဖြေပေးခဲ့တာကြောင့် စွမ်းကိုချစ်တဲ့ ပရိတ်သတ်တွေကလည်းကျေနပ်ပီတိဖြစ်ခဲ့ရပါတယ်။

ပွဲဉီးထွက်ပွဲပြီးသွားချိန်မှာလည်းနောက်ထပ်ကပေးဖို့ တောင်းဆိုနေကြပေမယ့်တောက်
လျှောက်ကဖို့အဆင်မပြေတဲ့အကြောင်းကို ဆရာဖြစ်သူသျှန်ထ‌ွန်းက ပြောပြလာခဲ့ပါတယ်။သျှန်ထွန်းကတော့ စွမ်းအရေးကြီးနေတဲ့ နေကာဘယ်သွားသွားအနောက်ကနေ လိုက်စောင့်
ရှောက်ပေ‌းနေတာပါ။ဆေးခန်းသွားရင်လည်း သူပါသလို၊ဇာတ်ပြန်ကတဲ့ လယ်ဝေးထိ လိုက်ပြီး လိုအပ်တာတွေ စီမံ‌ေဆာင်ရွက်ပေးနေခဲ့တာလည်းဖြစ်ပါတယ်။

အစစအရာရာလိုက်ပေးသလို တစ်ခါတစ်လေ အမုန်းခံပြီးပြောပေးတတ်သူပါ။‌အပေါင်း
အသင်းစုံရင် အရင်လို သောက်စားနေမှာဆိုးတာကြောင့်အပေါင်းအသင်းတွေကြားအမုန်းခံရမှာမ‌‌ ကြောက်ဘဲ လိုက်ပြောပေးတတ်သူပါ။အစစအရာရာလိုက်ပြောပေးတတ်သလို ၊ပွဲဦီးထွက်ပြန်ကတဲ့ ပွဲမှာလည်း သူဘဲ အစစအရာရာ စီစဉ်ပေးခဲ့ဝာာလည်းဖြစ်ပါတယ်။

လယ်ဝေးမှာ ဇာတ်ပြန်ကဖို့ စွမ်းက လူဘဲ လာလို့ရအောင် ဆရာဖြစ်သူ သျှန်ထွန်းက အကုန်စီစဉ်ပေးခဲ့တာပါ။ပွဲတစ်ခုဖြစ်ဖို့ လူတွေလိုက်စုပေးပြီး စီစဉ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ပရိတ်သတ်တွေကတော့ အခုလိုပွဲမျိုးနောက်တစ်ခါ ပြန်လုပ်ပေးစေချင်ပေမယ့် သျှန်ထွန်းကတော့ ပွဲတွေဆက်တိုက်ကဖို့က မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။

စွမ်းအနေနဲ့ အဖွဲ့သားတွေပြန်ပြီး ဖွဲ့စည်းဖို့ မဖြစ်နိုင်သေးသလို သူ့ဘက်ကနေလည်း အမြဲတမ်းမစီစဉ်နိုင်တဲ့ အခြေအနေပါ။ကိုယ်ရဲ့အလုပ်တွေလည်းရှိနေသေးတာကြောင့် စွမ်းအနောက်ကနေ တစ်ကောက်‌ကောက် လိုက်ပေးဖို့လည်း မဖြစ်နိုင်သလို ၊ပွဲဖြစ်အောင်အမြဲတမ်းလူလိုက်စုဖို့ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ပရိတ်သတ်တွေတောင်းဆိုချက်အရ စွမ်းဘက်က တောင်းဆိုတဲ့ အခေါက်မျိုးတွေမှာ လိုက်လုပ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုပြီး ပြောကြားလာခဲ့ပါတယ်။လက်ရှိမှာလည်း စွမ်းအနေနဲ့ ရောဂါကလည်း မသက်သာသေးတာကြောင့် ပရိတ်သတ်အကြိုက်ပွဲထပ်ကဖို့က မကျိန်းသေသေးဖူးလို့ဆိုလာပါတယ်။

ရေးသားသူ –One daily channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...