ပရိတ်သတ်တွေက သူမရဲ့အလှအပတွေကိုစံထားတာသိရတဲ့အတွက် ကြည်နူးဝမ်းသာဖြစ်ရတယ်ဆိုတဲ့ နန်းဆုရတီစိုး
တစ်နေ့တစ်ခြားအသက်ကြီးလာတယ်လို့မထင်ရပဲနဲ့ ကော်ပတ်ရုပ်လေးတစ်ရုပ်လို လှပနေတဲ့ သရုပ်ဆောင် နန်းစုရတီစိုးက အခုနောက်ပိုင်းမှာ သူမရဲ့ ပုံစံအတိုင်းမိန်းကလေးတော်တော်များများက အတုယူပြီးတော့ ပြင်လာတဲ့အတွက် အတော်လေးဝမ်းသာနေပါတယ်။
နန်းစုက မြန်မာနိုင်ငံရဲ့ မင်းသမီးတွေထဲမှာ အလှအပကြိုက်တဲ့မင်းသမီးတစ်ဦးအဖြစ် စံတင်ထားရတဲ့သူလည်းဖြစ်ပြီးတော့ သူမရဲ့ အလှအပကိုလည်း အမြဲဂရုစိုက်ပြီးတော့ ပြုပြင်နေတဲ့သူတစ်ဦးပါ။ပရိတ်သတ်တော်တော်များများက လိုတာထက်ပိုပြီးတော့ အလှအပကြိုက်ပြီးပဲများတဲ့သူတစ်ယောက်ဖြစ်တာကြောင့် နန်းစုကို သိပ်ပြီးတော့ မကြိုက်ကြပေမယ့်လည်း နှစ်တွေဘယ်လောက်ကြာသွားပါစေ သူမရဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကတော့ အရင်တိုင်းလှပနေတယ်ဆိုတာကိုတော့ အားလုံးကအသိအမှတ်ပြုကြရပါတယ်။
မိန်းကလေးတိုင်းက အလှအပကြိုက်တယ်ဆိုပေမယ့် နန်းစုကတော့အလှအပကြိုက်သလို အမြဲတမ်းလှပချင်နေတဲ့သူဖြစ်ပြီးတော့ အားလုံးကလည်း သူမလိုပဲ လှလှပပလေးသာနေကြမယ်ဆိုရင် ဘယ်လောက်စိတ်ချမ်းသာဖို့ကောင်းလဲဆိုပြီးတော့ ပြောပြလာပါတယ်။သူမအတွက်တော့ အလှအပနဲ့ကျန်းမာရေးက ထပ်တူကျနေပြီးတော့ မသေခင်အချိန်ထိ ကျန်းမာရေးကောင်းပြီးတော့ လှလှပပနဲ့ နေနိုင်ဖို့အတွက် အမြဲကြိုးစားသွားမယ်လို့လဲပြောလာပါတယ်။ဒါအပြင်သူမလိုပဲ အလှအပကြိုက်ပြီးတော့ထိန်းသိမ်းတဲ့အမျိုးသမီးတွေဆိုရင် အလွန်သဘောကျတယ်လို့ဆိုလာပါတယ်။
တခြားသော အနုပညာရှင်များစွာဆီမှာ သူတိုရဲ့ treament အနေနဲ့ အိုက်တင်ပဲဖြစ်ဖြစ် စကားပြောဟန်ပဲဖြစ်ဖြစ် ထူးထူးခြားခြားရှိနေတတ်ပေမယ့် နန်းစုကတော့ သူမရဲ့ Trademark ကမိန်းကလေးဆန်ဆန် ဖဲပြားနဲ့ ကလစ်လေးတွေပဲလို့ဆိုလာပါတယ်။
ဒီစကားက အနုပညာသက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ဦးအနေနဲ့ ရယ်စရာဖြစ်နေပေမယ့်လည်း တကယ်ပဲ ဖဲပြားနဲ့ ကလစ်တွေက နန်းစုရတီစိုးရဲ့ အမှတ်အသားလို့တောင်ပြောလို့ရပါတယ်။နန်းစုကမိန်းကလေးဆန်တဲ့ အလှအပမျိုးရှိပြီးတော့ သူမဝတ်ဆင်လိုက်တဲ့အဝတ်အစားတိုင်းကလည်း မိန်းကလေးဆန်ဆန် ဖဲပြားလေးတွေပါနေတတ်ပြီးတော့ သူကိုယ်တိုင်ကလည်း ဒါတွေကို အတော်လေးကြိုက်တယ်လို့ဆိုလာပါတယ်။
ငယ်ငယ်ကတည်းက ဖဲပြားလေးတွေ ၊ကလစ်ကလေးတွေနဲ့ လှလှပပနေလာတဲ့ နန်းစုက အသက် (၃၀)ကျော် (၄၀)နီးပါးဖြစ်နေပေမယ့်လည်း သူမရဲ့အမှတ်အသားကတော့ ပျောက်ပျက်မသွားပါဘူး။ဒါကြောင့်လည်း သူမကို ဆင်ပေးတဲ့ designer တွေက သူမကို ဘယ်ပွဲအတွက်ပဲဆင်ဆင် ဖဲပြားနဲ့ ကလစ်တွေကို ထည့်ပေးတတ်ပြီးတော့ မိန်းကလေးဆန်ဆန်လေးသာ ဆင်ပေးတတ်ကြပါတယ်။
နန်းစုက အမြဲတမ်းဒီလို လှတပတလေး နေတတ်ပြီးတော့ ရွယ်တူ မင်းသမီးတွေကြားထဲမှာလည်း အခုချိန်ထိ လှပ နုပျိုနေတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့်လည်း ပွဲအခမ်းအနားတိုင်းကို မိန်းကလေးဆန်စွာပဲ ပုံစံတစ်ခုတည်း မြင်ရတဲ့အတွက် နန်းစုက fashionပိုင်းမှာတော့ ပရိတ်သတ်တွေအတွက် ဆရာတစ်ဆူဖြစ်မနေခဲ့ပါဘူး။သူမက cute type ပုံစံ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့သာ လှပပေမယ့် fashion တိုင်းနဲ့တော့ လိုက်ဖက်မနေနပါဘူး။
ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ သူမရဲ့ make-up look နဲ့ ပုံစံလေးတွေကို ပြပြီးတော့ make -upဆရာနဲ့ designer တွေဆီမှာ မိန်းကလေးတွေလာပြင်ကြတာတွေရှိတယ်လို့ ပြောလာပါတယ်။ဒါ့ကြောင့်နန်းဆုက”ပရိတ်သတ်တွေအနေနဲ့စံထားတာသိရတဲ့အတွက် ကြည်နူးဝမ်းသာရပါတယ်”လို့လည်းဆိုပါတယ်။နန်းစုက”နန်းဆုကြောင့် တစုံတရာပေါ့နော် အလှအပအတွက် လမ်းညွှန်မှုကောင်းလေးတွေ ၊အတုယူစရာကောင်းလေးတွေဖြစ်ခဲ့တယ်ဆိုရင် ပဲ၊ကောင်းမွန်တဲ့အကြံဉာဏ်လေးတွေရခဲ့တယ်ဆိုရင်ပဲ ၊သူတို့ရဲ့အလှအပအတွက် ကိုယ်ကအကြံဉာဏ်ကောင်းတစ်ခုခုတွေပေးနိုင်ခဲ့တယ်ဆိုရင်ပဲ အရမ်းကျေနပ်ပီတိဝမ်းသာဖြစ်မိပါတယ်ရှင်”လို့ဆိုပါတယ်။
ဒီလိုနန်းစုက အနုပညာအရည်အသွေးထက် အလှအပရေးရာမှာပဲ ပိုစိတ်ဝင်စားတာကြောင့်လည်း အနုပညာရှင်တစ်ယောက်အနေနဲ့ သတ်မှတ်ခြင်း မခံခဲ့ရပဲ လှတယ်ဆိုတဲ့ ချီးကျူးမှု တစ်ခုသာရခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။နန်းစုအနေနဲ့ကတော့ ဘယ်သူတွေဘာပြောပြော ၂၄နာရီလုံး လှပဖို့အတွက်သာ အာရုံစိုက်ထားပြီးတော့ အခုနောက်ပိုင်းမှာတော့ သူမနဲ့မကိုက်ညီတဲ့ အနုပညာအလုပ်တွေကို မလုပ်တော့ပဲနဲ့ သူမရဲ့ အသွေးထဲအသားထဲက ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်လာခဲ့ပါတယ်။ဒါကတော့အမြဲတမ်းလှနေချင်တဲ့သူမနဲ့ တစ်ခြားသောသူတွေအတွက် အသားဖြူ collagen တွေနဲ့ အသားဖြူဆေးတွေကိုထုတ်လုပ်ရောင်းချခဲ့တာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ သူမရဲ့ စိတ်ဆန္ဒအတိုင်း လှလှပပလေးနေခွင့်ရသလို ဒီအပေါ်မှာမူတည်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေလည်း လုပ်လာနိုင်ပါတယ်။
နန်းစုက သူမရဲ့ဒီလိုအလှအပတွေကြောင့်ပဲ သူမထက်ငယ်ရွယ်တဲ့ အနုပညာယှဥ်တွေနဲ့ တွဲခဲ့ပြီးတော့ ပရိတ်သတ်တွေအမြင်မှာ စားဆော်ကြီးတစ်ယောက်ဖြစ်ခဲ့ရတာပါ။အနုပညာရှင်တစ်ယောက်အနေနဲ့ နာမည်မကြီးခဲ့တဲ့ နန်းစုက သူမထက်ငယ်တဲ့ အဆိုတော် Gfatt နဲ့ တွဲလိုက်မှသာ အနုပညာလောကထဲကို တစ်ခါပြန်ရောက်လာခဲ့ပြီးတော့ အနုပညာအလုပ်တွေကို ပြန်ပြီးတော့လုပ်လာနိုင်ခဲ့ပါတယ်။
အဆိုတော် Gfattနဲ့ ပြတ်သွားပြီးနောက်ပိုင်းမှာလည်း လူငယ်အဆိုတော် လွှမ်းပိုင်နဲ့ ကံစပ်တယ်ဆိုကာ အတူတွဲမြင်လာရကနေတစ်ဆင့်ပရိတ်သတ်တွေကြားမှာ ပြန်ပြီးတော့ ရေပန်းစားလာပြန်ပါတယ်။သေချာတာတစ်ခုကတော့ အလှအပကြိုက်တဲ့နန်းစုနဲ့တွဲခဲ့တဲ့သူတိုင်းက နန်းစုလို နုပျိုလှပခဲ့တာကတော့ပရိတ်သတ်တွေအမြင်ပါပဲ။
နန်းစုနဲ့ မတွဲခင်က ရုပ်ဆိုးဆိုးလူငယ်အဆိုတော်လေး Gfattကလည်း နန်းစုနဲ့တွဲပြီးနောက်ပိုင်းမှာတော့ ပိုပြီးတော့ကြည့်လို့ကောင်းလာတယ်လို့ ပရိတ်သတ်တွေက ပြောကြပါတယ်။ဒါအပြင် ဆယ်နှစ်ကျော် Relationship တစ်ခုကို ဖျက်သိမ်းခဲ့တဲ့ အဆိုတော်လွှမ်းပိုင်ကလည်း အသဲကွဲချိန်မရလိုက်ပဲ နန်းစုနဲ့တွေ့ခဲ့တာကြောင့် အရင်ကထက် ပို glow ပြီးလှပလာတယ်လို့ ပြောကြပါတယ်။နန်းစုရဲ့အလှအပတွေကို ပရိတ်သတ်တွေက အတုယူဖို့၊မယူဖို့ မသေချာပေမယ့် သူမနဲ့ တွဲခဲ့တဲ့ သူတွေအတွက်ကတော့ အတုယူစရာဖြစ်နေပြီးတော့ သူမရဲ့ အလှအပတွေမှာ နှစ်မျောရတာအသေချာပါပဲ။
ရေးသားသူ –One daily Channel
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။