ဖျော်ဖြေပွဲကရရှိငွေ သိန်း(၁၄၀၀)ကျော်လုံးကို လှူဒါန်းသွားမဲ့ မင်းသားကြီးမင်းမော်ကွန်း

Celebrity Local News
ဖျော်ဖြေပွဲကရရှိငွေ သိန်း(၁၄၀၀)ကျော်လုံးကို လှူဒါန်းသွားမဲ့ မင်းသားကြီးမင်းမော်ကွန်း

မင်းသား မင်းမော်ကွန်း ဟာ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသား တစ်လက်ထဲမှာ အပါအဝင်ဖြစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါ တယ်။ သူ့ရဲဖခင်ကတော့ အားလုံးက ချစ်ခင်ရတဲ့ ဝါရင့် သရုပ်ဆောင်ကြီး ဦးဇင်ဝိုင်း ပဲ ဖြစ်ပါတယ်။ အနုပညာမျိုးရိုး ရှိသူပီပီ သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်အဖြစ် ပရိသတ်လက်ခံ အားပေးခံခဲ့ရပါတယ်။

ရုပ်ရှင်ခေတ်တစ်ခေတ်ကိုမှီခဲ့ပြီး ဇာတ်ကားပေါင်းများစွာကို ရိုက်ကူး ထားနိုင်တဲ့ အောင်မြင်တဲ့ မင်းသားချောတစ် လက်ဖြစ်ပါတယ်။ မင်းမော်ကွန်း ဟာ “နှလုံးလှလူမိုက်” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

ဒါအပြင် လိမ္မာယဉ်ကျေးတဲ့ ချစ်ဇနီးချောလေးနဲ့ အိမ်ထောင်ရေးခရီးလမ်းကို ဖြောင့်ဖြူးသာယာစွာ လျှောက် လှမ်းနေပြီး ချစ်ဖို့ကောင်းတဲ့ သားသားမီးမီးတွေကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။

အခုချိန်မှာတော့ မင်းသားမင်းမော်ကွန်းဟာ နိုင်ငံရေးအခြေအနေကြောင့် တိမ်းရှောင်နေရပြီး လွတ်မြောက်နယ်မြေကနေတစ်ဆင့် နိုင်ငံရပ်ခြားကိုရောက်ရှိနေပြီဖြစ်ပါတယ်။ သူတတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးကို ပါဝင်ကူညီရင်း ရရှိခဲ့တဲ့ သိန်း၁၄၀၀ကျော်ကို တပြားတချပ်မှမသုံးပဲ အကုန်လှူဒါန်းသွားမှာဖြစ်တယ်လို့ပြောလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...