မြန်မာရုပ်ရှင်တွေကို စာတန်းထိုးပြီးနိင်ငံတကာမှာပြနေသူတွေကို ဝေဖန်လိုက်တဲ့ဒါရိုက်တာညိုမင်းလွင်

Celebrity Local News
မြန်မာရုပ်ရှင်တွေကို စာတန်းထိုးပြီးနိင်ငံတကာမှာပြနေသူတွေကို ဝေဖန်လိုက်တဲ့ဒါရိုက်တာညိုမင်းလွင်

မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ တစ်ခြားသော ဒါရိုက်တာတွေနဲ့ မတူပဲနဲ့ တမူထူးခြားစွာကွဲထွက်နေဖို့ အမြဲတမ်းကြိုးစားနေတဲ့ ဒါရိုက်တာ ညိုမင်းလွင်က သူရဲ့ရုပ်ရှင်ဇာတ်ကားတွေကို စာတန်းထိုးပြီးတော့ နိုင်ငံတကာမှာပြသဖို့ မစဥ်းစားဘူးလို့ ပြောလာခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့အနုပညာရှင် တော်တော်များများက ကိုယ်ရဲ့အနုပညာကို ပြည်တွင်းမှာသာမက နိုင်ငံတကာထိထိုးဖောက်ဝင်ရောက်ဖို့အတွက် ကြိုးစားချင်စိတ်ရှိကြပြီးတော့ ဒါကလည်း အနုပညာရှင်တစ်ချို့အတွက် အိပ်မက်တစ်ခုဖြစ်ပါတယ်။

လူတိုင်းဖြစ်ချင်ကြတဲ့ ဒီလိုအိပ်မက်မျိုးနဲ့ဆန့်ကျင်ပြီးပြောလာတဲ့ ဒါရိုက်တာညိုမင်းလွင်ရဲ့ စကားက တစ်ခြားသောအနုပညာရှင်တွေကို ထိခိုက်စေသလို attention ရှာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပရိတ်သတ်တွေက ပြောလာကြပါတယ်။ဒါရိုက်တာ ညိုမင်းလွင်က သူရဲ့ရုပ်ရှင်ဇာတ်ကားတွေကို မြန်မာပရိတ်သတ်တွေအတွက်သာ ရည်ရွယ်တာဖြစ်ပြီးတော့ မြန်မာပရိတ်သတ်တွေကို နိုင်ငံတကာအဆင့်မှီတဲ့ ဖျော်ဖြေမှုတစ်ခုမျိုး ခံစားရအောင်ပဲ ချပြချင်တာလို့ဆိုပါတယ်။

မြန်မာရုပ်ရှင်တွေကို မြန်မာပရိတ်သတ်တွေကမှမကြည့်ရင် မြန်မာပရိတ်သတ်တွေကသာအထင်မကြီးရင် နိုင်ငံခြားလည်းအထင်ကြီးမှာမဟုတ်ဘူးဆိုပြီးတော့ သူရဲ့ထင်မြင်ယူဆချက်တစ်ခုကိုပြောလာပါတယ်။ဒါရိုက်တာညိုမင်းလွင်ရဲ့ဒီစကားက မြန်မာရုပ်ရှင်တွေကို နိုင်ငံတကာထိထိုးဖောက်ဝင်ရောက်ဖို့အတွက် အဆင့်တန်းမှီမှီရိုက်ကူးခဲ့ပြီးတော့ အင်္ဂလိပ်စာတန်းထိုးနဲ့ နိုင်ငံတကာမှာ ခြေဆန့်ပြသခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဒါရိုက်တာတွေကို သွယ်ဝိုက်သောနည်းနဲ့ ဝေဖန်တာလည်း ဖြစ်နိုင်ပါတယ်။

ညိုမင်းလွင် Archives - ဧရာဝတီ

မြန်မာနိုင်ငံရဲ့ရုပ်ရှင်တွေကို နိုင်ငံတကာ အဆင့်တန်းမှီအောင် ရိုက်ကူးခဲ့ပြီးတော့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသနိုင်အောင်လုပ်ခဲ့တာကတော့ ခီမောင်နှံပထမဆုံးပါပဲ။အဲ့ဒီနောက်ပိုင်းမှာတော့ သူစိမ်းအိမ်၊လိပ်ပြာစံအိမ်၊မုန်းစွဲ တို့လိုဇာတ်လမ်းကောင်းတွေကလည်း နိုင်ငံတကာအထိပါ ခြေဆန့်ပြီးတော့ ပြသနိုင်ခဲ့ပါတယ်။ဒါရိုက်တာညိုမင်းလွင်က သူရိုက်တဲ့ရုပ်ရှင်ကားတွေကို စာတန်းထိုးပြီး နိုင်ငံတကာမှာပြသဖို့ မစဥ်းစားဘူးဆိုတဲ့ စကားက ခီမောင်နှံတို့လို နာမည်ကြီးထုတ်လုပ်သူနဲ့ ဒါရိုက်တာတွေကို “ဂျေ” ဝင်တာမျိုးဖြစ်နိုင်တယ်ဆိုပြီးတော့ ပရိတ်သတ်တွေက စွပ်စွဲပြောဆိုနေကြပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ပထမဆုံး သိပ္ပံဇာတ်ကား ၉၅ ရာခိုင်နှုန်း  ပြီးစီး-ဧရာဝတီ

မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ဒါရိုက်တာများစွာထဲမှာ ဒါရိုက်တာညိုမင်းလွင်ကတော့ ပရိတ်သတ်စိတ်ဝင်စားမှု အခံရဆုံးရုပ်ရှင်ဒါရိုက်တာလို့တောင် ပြောလို့ရပါတယ်။
ဒါရိုက်တာညိုမင်းလွင်ရိုက်ခဲ့တဲ့ မြမြ၊THE TEACHER နဲ့ ဖုန်းရွှေ ဇာတ်ကားကြီးတို့က ရုံမတင်ခင်ကတည်းက ပရိတ်သတ်တွေရဲ့ စိတ်ဝင်တစားပြောဆိုခြင်းကို ခံခဲ့ရတဲ့ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ပရိတ်သတ်အများစုကတော့ ညိုမင်းလွင်ရိုက်ကူးတဲ့ ရုပ်ရှင်တွေမှာ မြမြဇာတ်ကားကလွဲပြီးတော့ တစ်ခြားသော ရုပ်ရှင်ကားတွေကို မကြည့်ခဲ့ကြပါဘူး။အခုလည်း မေလ 24ရက်နေ့မှာရုံတင်တဲ့ “ဖုန်းရွှေ”ဇာတ်ကားကြီးကို ဒါရိုက်တာညိုမင်းလွင်က တစ်ခြားသောရုပ်ရှင်တွေနဲ့ မတူပဲနဲ့ တစ်မူထူးခြားတဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးပြသခဲ့ပါတယ်။

ဒါရိုက်တာညိုမင်းလွင်က သူရဲ့ရုပ်ရှင်ကား တော်တော်များကို ပရိတ်သတ်တွေမသိတဲ့ မျက်နှာသစ် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးခဲ့ပြီးတော့ ပရိတ်သတ်တွေရဲ့ အာရုံစူးစိုက်မှုကို ရယူခဲ့တာပဲဖြစ်ပါတယ်။ဒီလိုညိုမင်းလွင်ရဲ့အမြဲတမ်းလုပ်နေကြအကွက်တွေကိုသိလာတဲ့ပရိတ်သတ်တွေက နောက်ပိုင်းမှာတော့ဒါနဲ့ပတ်သတ်ပြီးဝေဖန်လာကြပါတယ်။နာမည်ကြီးမင်းသား မင်းသမီးတွေကို ခေါ်ရိုက်ခဲ့ရင်လည်း သိပြီးသားသရုပ်ဆောင်တွေဖြစ်တာကြောင့် ဝေဖန်ကြတဲ့ ပရိတ်သတ်တွေက မျက်နှာသစ်သရုပ်ဆောင်တွေကို ခေါ်ရိုက်ပြန်တော့လည်း တစ်ခါမှမတွေ့ဘူးတဲ့သူတွေ မမြင်ဖူးတဲ့ သူတွေဆိုကာ ရုပ်ရှင်ကိုလာကြည့်ဖို့ထိ စိတ်မဝင်စားကြတော့ပြန်ပါဘူး။

ဒါ့ကြောင့် ခုတခေါက်မှာတော့ ဒီနှစ်ခုကြားကို ကြားချပြီးတော့ ညိုမင်းလွင်က သူရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ ဖုန်းရွှေရုပ်ရှင်ကားကြီးမှာ ပရိတ်သတ်အတော်အတန်သင့်ရထားတဲ့ social influencer တွေ ၊မြန်မာနိုင်ငံရဲ့နာမည်ကြီးဖြစ်ပြီး ပုဂ္ဂိုလ်တွေရဲ့ ချစ်ခင်ခြင်းကိုခံရတဲ့ နဂါးမလေး အေမီစျာန်တို့ကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။
ဒီဖုန်းရွှေဇာတ်ကားကြီးက ရုံတင်မပြသခင် အချိန်ကတည်းက ဂယက်ပေါင်းများစွာကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကို ရရှိခဲ့ပေမယ့် ဒါရိုက်တာညိုမင်းလွင်ကတော့ ဘာမှမပြောပဲနေတာထက်စာရင် Good feeback ဖြစ်ဖြစ် bad feebackဖြစ်ဖြစ်ပေးတာကိုပိုပြီးတော့ သဘောကျတယ်လို့ ဆိုပါတယ်။

ဒါက ပရိတ်သတ်တွေ သူရဲ့ရုပ်ရှင်ပေါ်မှာ ဘယ်လောက်ထိစိတ်ဝင်စားလဲဆိုတာကို ပြသနေတာပါပဲ။ဖုန်းရွှေဇာတ်ကားကြီးကြောင့် အဆိုတော် အေမီစျာန်ကလည်း ဖုန်းရွှေက သူကြောင့်ဖြစ်လာတာပါဆိုပြီးတော့ attention ရှာခဲ့သလို social influencer hanna ကလည်း ပထမဦးဆုံးရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်ခွင့်ရခဲ့ပါတယ်။ဒီအချက်တွေကြောင့်ပဲ ဖုန်းရွှေရုပ်ရှင်ကားကြီးက ဒီနှစ်ပိုင်းရုံတင်ခဲ့တဲ့ ရုပ်ရှင်ကားတွေထဲမှာ ဝေဖန်ခံရဆုံး ရုပ်ရှင်ကားကြီးတစ်ကား ဖြစ်ခဲ့တာပါ။

ဖုန်းရွှေရုပ်ရှင်ကားကြီးရဲ့ Trailerကို စကြည့်ရတဲ့အခါမှာလည်း သရဲကားဖြစ်ပေမယ့်လည်း ကြောက်စရာမကောင်းတာကြောင့်ပရိတ်သတ်တွေက ဝေဖန်ခဲ့ကြသလိုဖုန်းရွှေရဲ့ Official Page မှာတင်ထားခဲ့တဲ့ ပုံတွေကလည်း စွဲဆောင်မှုမရှိဘဲ ညံ့ဖျင်းတဲ့ graphic desig တွေကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။ဒါနဲ့ပတ်သက်ပြီးတော့ Trailer ကိုကြည့်ရုံနဲ့တင် ပရိတ်သတ်တွေက စိတ်ပျက်ခဲ့ရပြီးတော့ ရုပ်ရှင်ရုံမှာ လုံးဝသွားမကြည့်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြတဲ့သူတွေလည်းရှိပါတယ်။

ဒါရိုက်တာညိုမင်းလွင်ကတော့ ကြည့်မယ်လို့ ရည်ရွယ်ထားတဲ့ သူတွေကတော့ Face bookတွေ Telegram တွေက ကြည့်မှာမဟုတ်ပဲနဲ့ ရုံမှာကိုယ်တိုင်ကိုယ်ကျ လာကြည့်မှာပါပဲ။သရဲကားဖြစ်ပေမယ့် Trailer မှာ ကြောက်စရာမကောင်းတာကတော့ ရုပ်ရှင်ရုံထဲရောက်မှ တကယ်ကြောက်ရတဲ့ feeling ကိုခံစားစေချင်တာကြောင့်ဆိုပြီးတော့ ယုတ်တိရှိစွာပြောလာခဲ့ပါတယ်။သူအနေနဲ့ကတော့ ခုရုံတင်ပြသမယ့် ဖုန်းရွှေရုပ်ရှင်ကားကြီးနဲ့ ပတ်သက်ပြီးတော့ အတော်လေးကျေနပ်အားရမှုရှိတယ်လို့ ပြောလာခဲ့ပါတယ်။

ရေးသားသူ –One daily channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...