အဖြူရောင် ကျောက်ချဉ် နှင့် ကျောက်ချဉ် နက် ” [ ဆေးဖက် အသုံး၀င်ပုံ ]

Health Knowledge
အဖြူရောင် ကျောက်ချဉ် နှင့် ကျောက်ချဉ် နက် ” [ ဆေးဖက် အသုံး၀င်ပုံ ]

* ကျောက်ချဉ်ရဲ့ ဆေးအသုံးလေးတွေကို ဖတ်မှတ်ထားသမျှ ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ပါတယ်ရှင် ။

~ ထိခိုက်ဒဏ်ရာ ၊ ဓားရှခြင်း ~

* ထိခိုက်မိ၍ ဒဏ်ရာ အနာတရဖြစ်ခြင်း၊ အရေပြား၌
သွေးခြည်ဥခြင်း၊ ဆံပင်၊ မုတ်ဆိတ်ရိတ်၍ ဓားရှခြင်းအတွက် ကျောက်ချဉ်ကို ရေသန့်သန့်နှင့် သွေး၍
လိမ်းပါ ။

~ မိတ်ယားခြင်း၊ နှင်းခူအစို၊ အဆိပ်ရှိ ပိုးမွှားများကိုက်ခြင်း~

* မိတ်ပေါက်၍ ယားယံပါက ကျောက်ချဉ်ရေကျဲကျဲ
ဖျော်လိမ်းပါ။

* အဆိပ်ရှိ ပိုးမွှားများ ကိုက်ပါက ပျစ်ပျစ်ဖျော်လိမ်းပါ။

* နှင်းခူအစိုက်ို ကျောက်ချဉ်မှုန့် ဖြူးပေးပါက ခြောက်သွားပြီး အယားသက်သာစေပါဧ။် ။

~ အဆီကျ၊ အသားကျစ်စေရန် ~

* ကျောက်ချဉ်ကို အမှုန့်လုပ်၊ ဒယ်အိုးထဲထည့်၊ မီးအပူတိုက်ပေးပါက ထုံးလို ဖွေးဖွေးဖြူသောအမှုန့်(ကျောက်ချဉ်မီးဖောက်) ကိုရဧ။် ။ထိုအမှုန့်(၁)ရွေးသား နေ့စဉ် မှန်မှန်စားပေးပါက အဆီကျ၊ အသားကျစ်စေပြီး ပိန်စေသည်ဟုသိရပါဧ။် ။

~ မျက်စိရောဂါ ၊ နားရောဂါ ~

* မျက်စိနာ၊ မျက်ခမ်းစပ် နှင့် မျက်စိစွန်ပါက ကျောက်ချဉ်ရေ ကျဲကျဲ ခပ်ပေးနိုင်ပါဧ။် ။နားပြည်ယို၊ နားကိုက်ပါက ကျောက်ချဉ်ရေ ကျဲကျဲ တစ်စက် နှစ်စက်
ခန့် ထည့်ပေးပါ ။

~ အိပ်မပျော်ရောဂါ ~

* ကျွဲနို့မလိုင် နှင့် ကျောက်ချဉ်မှုန့် အနည်းငယ် ရောစပ်ပြီး သောက်ပေးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါ
သည် ။

~ ခံတွင်းနံ့ မကောင်းခြင်း ~

* ၀မ်းတွင်း အပူအပုပ် မစင်၍ ဖြစ်စေ၊ သွားဖုံးနှင့်
သွားများ မကောင်း၍ ဖြစ်စေ ခံတွင်းနံ့ မကောင်းဖြစ်ပါကဆားဆိုဒါ နှစ်ဆ၊ ကျောက်ချဉ်တစ်ဆ ရောပြီး မှုန့်ညက်နေအောင် ကြိတ်ပေးပါ။

သွားဖုံးများကို အသာအယာတို့၍ ပေးပါ။ (သွားတိုက်တံ သုံးစရာ မလ်ိုပါ။)

ပြီးလျှင်ရေသန့်သန့်နှင့် ပလုပ်ကျင်းပစ်ပါ။ မကောင်းတဲ့ အနံ့တွေပျောက်သွားရုံမက သွားဖုံးနှင့် သွားများပါ သန့်ရှင်းသွားပါမည် ။

~ သွားပိုးစား၊ သွားကိုက်ခြင်း ~

* သွားပိုးစားပြီး သွားကိုက်ခဲပါက ကျောက်ချဉ်မှုန့်နှင့်ပရုတ်မှုန့်ရောပြီး ကိုက်နေသော နေရာတစ်ဝိုက်က်ို အသာသိပ်ပေးပါ ။ မကြာခင် သက်သာပါမည် ။

~ ရိုးရိုး အနာဖုလုံး၊ အကြိတ်လုံး ~

* အရေပြား၌ အဖုလုံး ၊ အကျိတ်လုံး ထွက်လာပါက
ကျောက်ချဉ်မှုန့် (၁)ဆ၊ ပျားရည်(၂) ဆ သမအောင် ရောပါ။ ထိုဆေးရည်ကို အကျိတ်အဖုတို့အပေါ်၌ ထူထူလေး သုတ်လိမ်းပြီး ပတ်တီးစလေး အသာကပ်ပေးပါ။ နုလျှင်ပိန်၍ ရင့်လျှင်ပေါက်ပြီး ပျောက်ကင်းပါမည် ။

~ သွားဖုံးရေစီးကမ်းပြိုဖြစ်၍ သွေးထွက်ခြင်း ~

* သွားဖုံးရေစီးကမ်းပြိုလိုက်ပြီး သွေးခဏခဏ ထွက်နေပါက ကျောက်ချဉ်နှင့် တမာရွက်ကို ရောကြိတ်ပြီးသွားဖုံးတစ်လျှောက် အသာပွတ်ပေးပါ ။

~ နှာခေါင်းသွေးလျှံခြင်း ~

* နှာခေါင်းသွေးလျှံပါက ဝါဂွမ်းကို ကျောက်ချဉ်ရေဆွတ်ပြီး နှာခေါင်း၀၌ အသာဆို့ထားပါ ။ ယင်းအခိုက်အတန့်၌အသက်ကို ပါးစပ်နဲ့ ရှူပေးပါ ။ မကြာခင် သွေးတိတ်သွားပါလိမ့်မည် ။

~ ဆီးရောဂါ ~

* ကျောက်ကပ်သာ မချွတ်ယွင်းပါစေနှင့် ။ မည်သည့်
ဆီးရောဂါမဆို သက်သာစေနိုင်ဧ။်ဟု ဆိုပါသည်။ ကျောက်ချဉ်ကို အမှုန့်ကြိတ်၊ အချိန်ဆတူရှိသော လက်ဖက်နှင့် ရောကြိတ်ပါ။ ကြိတ်ပြီးသားဆေးကို ဆီးသီး ခပ်ငယ်ငယ်ခန့် အရွယ်လုံးထားပြီး တစ်နေ့တစ်
လုံးစားပေးပါ ။ သက်သာပျောက်ကင်းပါမည် ။

မှတ်ချက် ။ ဆန္ဒရှိ၍ အသုံးပြုလိုပါက ကျွမ်းကျင်တဲ့
ဆရာသမားရဲ့ ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်ပါတယ် ။

ကျောက်ချဉ်ဟာ တန်ဖိုးနည်းပါးပြီး လွယ်ကူ
ထိရောက်တဲ့ ဆေးတစ်လက်ဖြစ်တာမို့ အိမ်
တိုင်း အလွယ်တကူ ဆောင်ထားသင့်
ပါတယ်ရှင် ။

< ဆောင်းပါးရှင် > Dr. အောင်နိုင်(ဆေးသုတေသန)
ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ။

ဆေးမြီးတို ရောင်ခြည် (၃) ။
မှ ကူးယူဖော်ပြပါသည် ။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...