ဆေအိုးပုတ်ပင်ဆေးအစွမ်းအာနိသင်
လျှာကင်ဆာ
ပါးစပ်အတွင်းအပူနာ
လည်းပင်းကင်ဆာ
သွားပိုးစား
သွားကိုက်
သွားနာ
မဲ့ခရု
ပါးစပ်အတွင်း ရေယုံစတဲ့ ခံတွင်းနှင့်ဆိုင်သောရောဂါများ ပျောက်ကင်းသက်သာစေသည်။
နွယ်မြက် သစ်ပင် ဆေးဖတ်ဝင်ဆိုသော ရှေးလူကြီးများ၏ ဆိုရိုးအတိုင်း ယ္ခုပုံပါ ခရမ်းရောင်ပွင့်ပါ ဆေးအိုးပုတ်ပင်သည် အင်မတန်မှ အစွမ်းထက်လှသော ဆေးပင်တစ်မျိုးဖြစ်ပေသည်။
ပြောက်ကင်းသော ရောဂါဝေဒနာများမှာ အထက်က တင်ပြထားသော ရောဂါဝေဒနာများအား ဆေးဖိုးအကုန်အကျခံခွဲစိတ်စရာမလိုပဲ ၃-၄ ကြိမ်ခန့် အသုံးပြုယုံဖြင့် ယူပစ်သလို ပြောက်ကင်းနိုင်သော အံ့မခန်း ဆေးပင် တစ်မျိုးဖြစ်ပါသည်။
အသုံးပြုပုံ
၁။ ဆေးအိုးပုတ်ပင်၏ အရွက်လက်တစ်ဆုတ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အတွင်း ၅မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးပါ။
၂။ ဆေးအိုးပုတ်ရွက်အား အနည်းငယ်ခူးပြီး
ပြီးနောက်အရွက်များနှင့် ပဉ္စငါးပါးကို ရေဖြင့် ၃ခွက် ၁ခွက်တင် ကျိုပါ။ ( ပဉ္စငါးပါး ဆိုတာ အသီး၊ အရွက်၊ အမြစ်၊ အပွင့်၊ ပင်စည် တစ်ပင်လုံးကို ခေါ်ပါတယ်)
ကျိုပြီးလျှင် ထိုအရည်အား သောက်ပါ။ ငုံခြင်း ပါးလုပ်ကျင်းခြင်းကိုလည်း အချိန်ရသလို ပြုလုပ်ပေးပါ။
ထူးခြားစွာ သက်သာပြောက်ကင်းသွားမည်ကို အံ့သြစွာ တွေ့ရှိရမည်ဖြစ်ပါသည်။
အပင်ပုံသဏ္ဍာန်
အရွက် ရှည်ရှည် ငရုပ်ကောင်း အရွက်ပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်တူ၏
အပွင့်မှာ ခရမ်းရောင်အပွင့်ဖြစ်ပြီး သစ်ခွပန်း အပွင့်နှင့်ဆင်၏
အသီးမှာ သောက်ရေအိုး ပုံသဏ္ဍာန် အိုးပုတ်ငယ် ပုံသဏ္ဍာန် အဆင်းရှိ၏။အပွင့်အောက်ခံက အိုးဖုတ်ပုံစံလေးပါ။
အခြားပျောက်ကင်းနိုင်မည့်ရောဂါများ
ညောင်ရေအိုးပန်း(သို့)ဆေးအိုးပုတ်ပင်(သို့)လျှာမဲပင်
အိုးပုတ်ပင်အစွမ်းအံ့မခမ်း
အိုးပုတ်ပင်သည်အရွက်ကြမ်းမျိုးဖြစ်သည်အပင်အမြင့်မှာပုံမှန်အားဖြင့်နှစ်ပေခွဲ သုံးပေရှိပြီးအပင်သန်ပါကလေးပေခွဲငါးပေခန့်ရှိသည်အပွင့်မှာခရမ်းရောင်ဖြစ်ပြီးအသီးမှာကလေးကစားသောအိုးပုတ်သဏ္ဌာန်ရှိပါသည်အသုံးဝင်ပုံမှာအမြစ်နှင့်အခေါက်သည်လည်ချောင်းနှင့်ခံတွင်းရောဂါများအတွက်အသုံးပြုပါသည်
အပွင့်ကိုမီးယပ်သွေးဝမ် နာတာရှည်ဝမ်းပျက်ရောဂါ အသားနုတက်ဆေးများတွင်သုံးသည် အာယုဗ္ဗေဒအသုံးအရအမြစ်ကိုအသုံးများသည်သွားကိုက် အကြောအဆစ်အမြစ် နှင့်သွားတိုက်ဆေးဖေါ်ရာတွင်လည်းသုံးသည် အာရုံကြောအားနည်းခြင်း သွေးကြောပုံမှန်မဖြစ်ခြင်းအမျိုးသားများပန်းညှိုးခြင်း သုတ်လွှတ်မြန်ခြင်းဆီးချိုရောဂါ ဆီးလမ်းကြောင်းရောဂါ နှလုံးရောဂါ ဝက်ရူးပြန်ရောဂါ ကိုယ်လက်သေခြင်းများ
ကိုကုသရာတွင်လည်းသုံးသည် အိုးပုတ်ပင်ကိုတပင်လုံးအသုံးပြုသော်လည်းဘေးထွက်ဆိုးကျိုးမရှိပါ အိုးပုတ်ပင်ကိုကြိုသောက်သော်ဖန်တွတွအရသာရှိသည် ချောင်းဆိုးရင်ကြပ် ပန်းနာ အဆုတ်ရောဂါ အစာအိမ်ကင်ဆာရောဂါ လည်ချောင်းကင်ဆာရောဂါ များကိုအိုးပုတ်ပင်၏အရွက်အကိုင်းများကိုသုံးခွက်တခွက်တင်ကြိုသောက်နိုင်သည် ချောင်းဆိုးရင်ကြပ်ရောဂါ နာတာရှည်ပန်းနာရင်ကြပ်ရောဂါအဆုတ်အတွင်းအနာဖြစ်သောရောဂါ များအတွက်သုံးခွက်တခွက်တင်ကြိုထားသည်ကိုရက်ပေါင်း ၆၀ ခန့်သောက်ပါကသက်သာစေပါသည်
ဝေဒနာရှင်များဆေးသောက်နေစဉ်ရေစိမ်းမသောက်ပဲဆေးအိုးပုတ်ပင်ကြိုရေကိုရေဆာတိုင်းသောက်ရမည် ဘေးထွက်ဆိုးကြိုးမရှိပါ အိုးပုတ်ပင်ကိုအဆီချက်ပြီးကြာရှည်စွာထားလျှင်ရသည် ထိုအဆီကိုလ္ဘက်ရည်ဇွန်းတဇွန်းခန့်ကိုရေနွေးဖြူအကြမ်းပန်းကန်တလုံးခန့်နှင့်ရောစပ်သောက်နိင်သည်
ဤဆေးနည်းကိုသူရဇ္ဇမဂ္ဂဇင်းအတွဲ ၁၂ အမှတ် (၁) ၂၀၁၂ခုနှစ်ဇန္နဝါရီလထုတ်တွင် တင်ပြထားခြင်းကိုကိုးကား တင်ပြခြင်းဖြစ်ပါသည်။
ရရှိနိုင်မည့်နေရာ
သန်လျင်ကျောက်တန်း တစ်ဝိုက်၊
လှည်းကူးမြို့နယ် ကျွန်းကုန်း၊
တွံတေးဗောင်းတော်ချုပ် လေးမျက်နှာ ဘုရားအနီးနားတွေမှာ အလေ့ကျပေါက်တယ်လို့ကြားပါတယ်။
အလေ့ကျပေါက်တဲ့ အပင်ဖြစ်လို့ ချုံနွယ် ပိတ်ပေါင်းများတဲ့နေရာတွေ ရထားလမ်းဘေးတွေမှာလည်း ရှာတွေ့နိုင်ပါသည်။
စေတနာရှင်ဆေးပင်အလှူရှင်များနှင့် ရောဂါ ဝေဒနာရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေ။
#ကျန်းမာရေး
ရေးသားသူ –Crd
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။