မန်ကျည်းရွက်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ
မန်ကျည်းရွက်မှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လဆီယမ်၊ သံဓာတ်၊ ဇင့်နဲ့ ဆိုဒီယမ်ဓာတ်တွေပါဝင်ပြီး ဗီတာမင်စီ၊ ဘီ၊ အေ နဲ့ကေ စတာတွေပါဝင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်စေတဲ့ antioxidants တွေလည်း ပါဝင်ပါတယ်။
လေ့လာချက်တွေအရ မန်ကျည်းရွက်စားခြင်းဟာ သွေးဖိအားကိုလျော့ကျစေပြီး မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း လျော့ကျစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် သွေးလွှတ်ကြောနဲ့ သွေးကြော တွေထဲက ပိုလျှံနေတဲ့ ကိုလက်စထရောကို ဖြိုခွဲဖို့ ကူညီပေးပါတယ်။
အမျှင်ဓာတ်ပါဝင်တာကြောင့် အစာတွေဟာ အူထဲကို သယ်ယူရလွယ်ကူစေပြီး အစာခြေနစ်ကို ကောင်းမွန်စေပါတယ်။ အဆီတွေစုပ်ယူနိုင်ပြီး အူသိမ်ထဲက ဗီတာမင်ဓာတ်တွေကိုလည်း စုပ်ယူနိုင်ပါတယ်။ အူထဲမှာ အစာတွေသယ်ယူရအဆင်ပြေတာကြောင့် ဝမ်းချုပ်ခြင်းကို မဖြစ်စေပါဘူး။
ဒါ့အပြင် လေ့လာတွေ့ရှိချက်တွေအရ မန်ကျည်းသီးဖျော်ရည်ဟာ အဝလွန်ခြင်းမဖြစ်အောင် ကူညီပေးနိုင် ပါတယ်။ Trypsin inhibitors လို့ခေါ်တဲ့ ကွန်ပေါင်းတစ်မျိုးက ဆာလောင်ခြင်းကို လျှော့ချပေးပါတယ်။ Serotonin ဓာတ်ထုတ်လုပ်ခြင်းကိုလည်း တိုးစေပါတယ်။
Carbohydrate က glucose ကို မထိန်းချုပ်နိုင်ဘဲ အင်ဆူလင်ပမာဏကို တိုးစေပါတယ်။ အဲဒါက ဆီချိုရောဂါဖြစ်ပွားခြင်းနဲ့ဆက်စပ်နေပါတယ်။ မန်ကျည်းသီးမှာ ခန္ဓာကိုယ်ကနေ carbohydrate စုပ်ယူမှုကို တားဆီးပေးပြီး ဆီးချိုရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။
မန်ကျည်းရွက်မှာပါတဲ့ Lupeol ဓာတ်ကြောင့် ရောင်ရမ်းခြင်းနဲ့ ကင်ဆာဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကနေ လျှော့ချပေးပါတယ်။ အဆစ်အမြစ်တွေ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အစွမ်းရှိပြီး အိမ်သုံးဆေးအဖြစ် အသုံးပြုကြပါတယ်။
မန်ကျည်းသီးမှာပါဝင်တဲ့ antioxidant ဓာတ်တွေကြောင့် ဗီတာမင်စီဓာတ် ကြွယ်ဝပြီး ခုခံအားတိုးစေပါတယ်။ မှိုကပ်ပါးကဲ့သို့ ကူးစက်မှုမျိုးကိုလည်း မဖြစ်ပေါ်စေဘဲ အစာအိမ်ထဲက သန်ကောင်တွေကိုလည်း သေစေပါတယ်။
#မြန်မာဆေး
ရေးသားသူ –Crd
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။