သွေးပျစ်ရောဂါ သတိထားစရာ

Health Knowledge
သွေးပျစ်ရောဂါ သတိထားစရာ

သွေးနီဥတွေ များလာတဲ့အခါ သွေးပျစ်လာပြီး သွေးစီးနှုန်းကို ဟန့်တားလာသောကြောင့် သွေးခဲပိတ်ပြီး နှလုံးပုတ်တာ၊ လေဖြတ်တာတွေ ဖြစ်လာနိုင်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ –

သွေးခဲခြင်း၊ သွေးတွေ ပျစ်ခဲလာပြီး သွေးအသွားအလာ နှေးလာတာအပြင် သွေးခဲဆဲလ်လေးတွေပါ ပုံမမှန်ဖြစ်လာတာကြောင့် သွေးခဲဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ သွေးခဲခြင်းကြောင့် လေဖြတ်ခြင်း၊ နှလုံးပုတ်ခြင်း၊ အဆုတ်သွေးခဲပိတ်ခြင်း၊ ခြေသလုံး သွေးခဲပိတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

သွေးပျစ်ခြင်းကြောင့် ခေါင်းမူးခြင်း၊ ခေါင်းကိုက် ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ နားအူခြင်း၊ ထုံကျင်ခြင်း၊ လှုပ်ရှားမှုအားနည်းလာခြင်း၊ အမြင်အာရုံတဖြည်း ဖြည်းကျလာခြင်း၊ ရုတ်တရက်မမြင်ရတော့ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခြေထိပ်လက်ထိပ်များ နာကျင်ခြင်း၊ ခြေထောက်သွေးကြောပိတ်ခြင်း၊ ရေနွေးချိုးပြီးတဲ့အခါ အသားယားလာခြင်းများ ဖြစ်တတ်ပါတယ်။

သွေးပျစ်နေတုန်းမှာတော့ ရောဂါလက္ခဏာတွေက ဖြည်းဖြည်းချင်းခံစားနေရတာ ရှိနိုင်ပေမယ့် သွေးကြောပိတ် တဲ့အခါမှာတော့ ပိတ်တဲ့သွေးကြောအလိုက် ချက်ချင်းအသက်အန္တရာယ် ထိခိုက်စေတာလည်း ဖြစ်နိုင်ပါတယ်။

သွေးပြစ်သူများအတွက် သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်တဲ့နည်း
ကြက်သွန်ဖြူ

သွေးကျဲဆေးလိုပဲသဘာဝမှာသွေးကျဲအောင် လုပ်ပေးနိုင်တာကတော့ကြက်သွန်ဖြူဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဓါတုသွေးကျဲဆေးထက် အများကြီး ပိုကောင်းပါတယ်။ပြီးတော့ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ ပုလိပ်ရောဂါကိုလည်း ကြက်သွန်ဖြူနဲ့ပဲ အနိုင်ယူခဲ့ကြတာဖြစ်တယ်။ထမင်းစားရင်ကြက်သွန်ဖြူ သုံးလေးတက်လောက်စားပေးသင့်တယ်။

နနွင်း

သဘာဝမှာသွေးမခဲအောင်လုပ်ပေးနိုင်တာ တစ်ခုရှိပါသေးတယ်။အဲဒါကတော့ နနွင်း ဖြစ်ပါတယ်။ နနွင်းကဆီနဲ့ဖျော်သောက်မှအူတွေက နေစုပ်ယူနိုင်တာဖြစ်တယ်။ အခုလိုအခါမှာ ဇွန်းသေးနဲ့မနက်တစ်ဇွန်း ညနေ တစ်စွန်း သောက်သင့်တယ်။

သံလွင်ဆီ

နောက်တစ်ခုကတော့သံလွင်ဆီ ဖြစ်ပါတယ်။ဆံချည်မျှင်သွေးကြောလေးတွေအတွင်းထဲအထိရှင်းလင်းပေးနိုင်တာ ကမ္ဘာပေါ်မှာ သံလွင်ဆီတစ်မျိုးပဲရှိတယ်။နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ ဖျော်သောက်ကြရပါတယ်။

ရေများများသောက်ပါ

သွေးခဲတဲ့သူတွေရဲ့သွေးဟာ ပျစ်နေလေ့ရှိတယ်။ သွေးခဲရခြင်းက သွေးပျစ်နေလို့ပါ။သွေးပျစ်ရတာကရေသောက်နည်းလို့ပါ။ရေများများသောက်မှ သွေးက ကျဲလာတာဖြစ်ပါတယ်။ဒါကြောင့်တစ်နေ့ကိုရေ၄လီတာလောက် သောက်ရပါမယ်။ရေခပ်နွေးနွေးသောက်တာ အကောင်းဆုံးပါပဲ။

အချဥ်စားပေးပါ

သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်ကြသူတွေ များပါတယ်။အချဉ်ဓါတ်စားပေးရင်သွေးကျဲပါတယ်။ ဒါကြောင့်သံပရာရည် ချဉ်ချဉ်လေး သောက်ပေးဖို့လိုပါတယ်။
အနောက်နိုင်ငံကတွေကတော့သွေးကျဲဖို့ ကီဝီသီးတွေစားလေ့ရှိပါတယ်။အခုမြန်မာပြည်မှာတော့ ကင်ပွန်းချဉ်ဟင်းချို သောက်ပြီး အဆင်ပြေနေကြပါတယ်။

အခါးစားပေးပါ

သွေးထဲမှာရောနေတဲ့အရည်ကြည်တစ်မျိုးရှိပါတယ်။ အဲဒါကိုသွေးသည်းခြေလို့ခေါ်ပါတယ်။သွေးသည်းခြေ နည်းနေရင်လည်းသွေးက ပျစ်တတ်ပါတယ်။သွေးသည်းခြေဓါတ်အားကောင်းဖို့အတွက်ကတော့အခါးကြွယ်ဝတဲ့ ကြောင်ရှာ၊ ခွေးတောက်၊ ငရုတ်ခါး၊ ဆင်တုံးမနွယ်၊ ရဲယို၊ ဒန့်ဒလွန် တွေစားပေးသင့်ပါတယ်။
အခါးစားမှလည်းဝါယောအားကောင်းပြီး သွေးလည်ပတ်မှုမှန်မှာဖြစ်ပါတယ်။

လမ်းများများလျှောက်ပါ

အထိုင်များ အအိပ်များရင် သွေးလေးပြီးသွေးခဲတတ်ပါတယ်။ဒါကြောင့် လမ်းလျှောက်ပေးရပါမယ်။လမ်းလျှောက်လို့ခြေသလုံးကြွက်သားတွေ ညှစ်တော့မှ သွေးက နှလုံးကို တွန်းအားနဲ့ ရောက်တာဖြစ်ပါတယ်။

ခြေသလုံး၂ခုဟာ ဒုတိယနှလုံးတွေ ဖြစ်ပါတယ်။ခပ်ဖြေးဖြေးလျှောက်ရပါမယ်။သွေးခဲတာ ခြေထောက်ပိုင်းမှာ အဖြစ်များပါတယ်။ ခဲတဲ့သွေးဖတ်က ပင်မသွေးကြောထဲမှာ ပါလာပြီး နှလုံး၊ ဦးနှောက်တွေမှာ သွားပိတ်တာများပါတယ်။

အမြဲသောက်သုံးသင့်သည့်ဟင်းရည်

တကယ်ကိုဆေးစွမ်းထက်တဲ့ဟင်းရည်မလို့ ဆေးတော်ကြီးဟင်းရည်လို့ခေါ်ပါတယ်၊ ပါဝင်တဲ့ဆေးအမယ်တွေက လယ်ကန်စွန်းရိုးနီနဲ့ ကင်ပွန်းချဉ်ရွက်ပဲဖြစ်ပါတယ်။ကန်စွန်းရိုးနီကသွေးအပြစ်ပြုတာတွေရှင်းလင်းကုသပေးပြီး ကင်ပွန်းချဉ်ကတော့သွေးတွင်းပိတ်ဆို့တာကိုရှင်းပေးပါတယ်။
credit …။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...