အစာအိမ် ရောဂါဖြစ်တာ (၆) နှစ်ကျော်ကို ပျောက်သွားတဲ့ ကိုယ်တွေ့ဆေးနည်း

Health Knowledge
အစာအိမ် ရောဂါဖြစ်တာ (၆) နှစ်ကျော်ကို ပျောက်သွားတဲ့ ကိုယ်တွေ့ဆေးနည်း

ကျွန်တော် အစာအိမ်ရောဂါဖြစ်တာ( ၆ ) နှစ်ကျော်ပြီဗျ ။ အစာအိမ်ဖောက်လို့ ဆေးရုံတစ်လနီးပါး တက်ခဲ့ဖူးတယ်။အစားအသောက်တော်တော်ရွေးပြီး စားရသလို အချိန်မှန် အစာစားနို င်အောင် လဲ ဂရုစိုက်နေခဲ့ရတယ် ။

အခုတော့ ကြိုက်သလိုနေ ၊ ကြိုက်သလိုစား ၊ ဘာမှမဖြစ်တော့ဘူးဗျ ။ ဆေးကောင်းလေးတစ်ဖုံ ရလိုက်လို့ပါ ။အဲဒီဆေးနည်းကို အစာအိမ်ရောဂါ နှစ်ပေါင်း( ၃၀ ) နီးပါး ခံစားလာရပြီးမှ လက်တွေ့ပျောက်ကင်းသွားတဲ့ ဦးလေးကြီး တစ်ယောက်က ပေးတာပါ ။

ဆေးနည်းလေးက ရိုးရှင်းပါတယ် ။ မီးကွင်းဂမုန်း အမြစ်နဲ့အရွက်ကို ( ကြေးအိုးစစ်စစ် ) နဲ့ပြုပ်ပြီး အားတဲ့အချိန်တိုင်း သောက်ပေးရတာပါ ။
သံနံ့နည်းနည်းထွက်ပြီး အရောင်က မည်းပုတ်ပုတ် ဖြစ်နေပေမယ့် ချိုမြမြနဲ့ သောက်လို့ ကောင်းပါတယ် ။

ထူးခြားချက်တစ်ခုရှိသေးတယ် ။ အဲဆေးသောက်ပြီး နာရီဝက်လောက်ကြာရင် ဗိုက်နင် ပိုပီး အဆာမြန်တော့တာပဲဗျ ။အရင်ကလို အစာစားတာ များသွားရင် ရင်ပြည့်သလို ရင်ကယ်သလို ဖြစ်တာမျိုးလဲ မရှိတော့ဘူး။
အစာအိမ်ရောဂါ မရှိသူများလဲ အစာကြေဆေး အနေနဲ့ မှီဝှဲလို့ရပါတယ်။

မီးကွင်းဂမုန်းပင်ဟာ တစ်ခြားသော ရောဂါတွေလဲ ပျောက်ကင်းစေနိုင်တယ် ။ ကိုယ်တွေ့ဆေးကောင်းလေး တစ်လက်အဖြစ်ကိုယ်နဲ့ ဘဝတူတွေများရှိရင် ပျောက်ကင်း သက်သာ သွားစေချင်တဲ့ ဆန္ဒနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ။

#မှတ်ချက်… ကြေးအိုး အခက်အခဲရှိသူများ ဘုရားစောင်းတန်းများတွင်ကြေးပစ္စည်းရောင်းဆိုင်များ၌ ကြေးဖလားဝယ်ယူပြီး ပြုတ်လျှင်လည်းရပါသည်။

အာမကျေ လေပူဆန် ရင်ခေါင်းအောင့်သူများ ပြုလုပ်အသုံးပြုနိုင်ကြပါသည် ။ ။

အနာနှင့်ဆေးတွေ့ပြီး အားလုံး သက်သာပျောက်ကင်းကြပါစေ…..

Credit – ယမင်းဖြူ

ရေးသားသူ -Credit

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...