လေဖြတ်ထားပြီး စကားမပီပဲလုံးဝါးနေသူများအတွက် တကယ်စွမ်းတဲ့ဆေးနည်း

Health Knowledge
လေဖြတ်ထားပြီး စကားမပီပဲလုံးဝါးနေသူများအတွက် တကယ်စွမ်းတဲ့ဆေးနည်း

လေဖြတ်ပြီး စကားမသွက်ပါက

လေဖြတ်ပြီးနောက် စကားမသွက်သူများ၊စကားမပီသ သူများ ရှိနေကြပါသည်။မိဘဆွေမျိုးများနှင့် ရင်းနှီးသော မိတ်ဆွေများထဲတွင်လည်း မကြာခဏမြင့်တွေ့ရ၍ အတော်စိတ်မကောင်းဖြစ်ကြပေ လိမ့်မည်။

မိတ်ဆွေတစ်ဦး လေဖြတ်သည်ကြား၍ သွားရောက်ကြည့် ရှု့ရာ ထိုဝေဒနာရှင်မှာ စကားများစွာပြောနေရှာသော်လည်း ဗလုံးဗထွေးဖြစ် နေရှာ၍အတော်ကို စိတ်မကောင်းဖြစ်ခဲ့ရပါသည်။

နောက်တစ်ဖန် ထပ်မံသွားရောက်ခဲ့ရာ ယခင်နှင့် မတူစကားပြောသံကို ပီပီသသသဲသဲ ကွဲကွဲကြားရပြီး စကားပြောပါသွက်လာသည်မို့ ဘာလိုကုလိုက်တာလဲ မေးကြည့်ရာ

ဆေးနည်း

သပွတ်ခါးသီးကို တောကများများရှာ၀ယ်ပြီး လူတစ်ယောက် ကောင်းကောင်းနင်းနိုင်အောင်ကျယ်သည့် စဉ့်အင်ဒုံတွင် ဆား(၁၀)သားအောက်ခံထားကာ အပေါ်တွင် သပွတ်ခါး သီးစိမ်း(၁၀)လုံးကို တင်၍ နေ့တိုင်း နံက်တစ်ခါ ညနေတစ်ခါ နင်းပေးခြင်းကြောင့်ဖြစ်သည်ဟုဆိုပါသည်။

အိပ်ရာမှမထနိုင်သူများအား သပွတ်ခါးသီးနှင့် ဆားရောပြီးအမြှုပ်ထနေသော သပွတ်ခါးဖြင့် ခြေထောက်နှင့်လက်များကို ပွတ်ပေးရသည်ဆိုပါသည်။

သပွတ်ခါးကိုအမြှုပ်ထွက်အောင်ပြုပြီးလည်းပွတ်တိုက်ပေးနိုင်ပါသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် သပွတ်ခါး၏အခါးသည် ပါးစပ်ဆီ သို့အခါးဓာတ်ရောက်ရှိစေပြီး စကားပြောပီသလာ ခြင်းဖြစ်ကြောင်းသိရတော့သည်။

မတ်တက်ရပ်၍နင်းနိုင်သူအတွက် သပွတ်ခါး အမြှုပ်ထွက်အောင်နင်းရပါသည်။

လေဖြတ်၍စကားမပီသူများသပွတ်ခါးနင်းခြင်းဖြင့် စကားပြောပီသလာပါစေ….

Credit

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...