စင်ကာပူမှာ ရုံတင်ငွေအများဆုံးထိုင်းရုပ်ရှင်ဖြစ်နေတဲ့ “How To Make Millions Before Grandma Dies”

International News
စင်ကာပူမှာ ရုံတင်ငွေအများဆုံးထိုင်းရုပ်ရှင်ဖြစ်နေတဲ့ “How To Make Millions Before Grandma Dies”

ကြည့်ရှုသူတွေကို မျက်ရည်ကျစေခဲ့တဲ့ “How To Make Millions Before Grandma Dies” ထိုင်းရုပ်ရှင်ဇာတ်ကားဟာဆိုရင် စင်ကာပူနိုင်ငံမှာ ရုံတင်ပြီး ၁၁ ရက်အတွင်း Box Office မှာ ရုံတင်ငွေ စင်ကာပူဒေါ်လာ ၁.၇၇ သန်း ရရှိခဲ့ပြီး တစ်ချိန်လုံး ဝင်ငွေအမြင့်ဆုံးထိုင်းဇာတ်ကားဖြစ်နေပါပြီ။

ဒုတိယအပတ်အတွင်း လက်မှတ်ရောင်းချမှုက စင်ကာပူဒေါ်လာ ၁.၁၆ သန်း ဖြစ်ခဲ့တာပါ။ ဒီဇာတ်ကားက ထိုင်းသည်းထိတ်ရင်ဖိုဇာတ်ကားတွေဖြစ်တဲ့ The Coffin (2008)၊ “Shutter” (2004) တို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာမှာ ရယူထားနိုင်ခဲ့ပါတယ်။

“Kung Fu Panda 4” ၊ “Godzilla x Kong: The New Empire” ဇာတ်ကားတွေရဲ့နောက် ၂၀၂၄ ခုနှစ်ရဲ့ နံပါတ် ၆ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားက ပရော်ဖက်ရှင်နယ်ဂိမ်းသမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိတဲ့ M ဆိုတဲ့ ထိုင်းလူငယ်လေးတစ်ဦးရဲ့အကြောင်းပါ။ သူက အဲ့ဒီအိပ်မက်ရှိပေမဲ့ လူငယ်သဘာဝအတိုင်း ဘဝကိုအလေးမထားပဲနေခဲ့ရာမှ သူ့ရဲ့အဖွားမှာကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတာသိလိုက်ရတဲ့ M ဟာ အဖွားဆီက အမွေကိုမက်မောပြီးပြုစုစောင့်ရှောက်တဲ့ရင်းကနေ အဖွားနဲ့မြေးတိုရဲ့ နှစ်ယောက်ကြားကချစ်ခြင်းမေတ္တာကိုဖော်ညွန်းထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...