ကျူးကျော်မှုကြုံရတဲ့အခါ ‘အပြန်အလှန်ကူညီကြ’ဖို့ ရုရှားနဲ့မြောက်ကိုရီးယားသဘောတူ

International News
ကျူးကျော်မှုကြုံရတဲ့အခါ ‘အပြန်အလှန်ကူညီကြ’ဖို့ ရုရှားနဲ့မြောက်ကိုရီးယားသဘောတူ

ရုရှားသမ္မတ ပူတင်ကတော့ အခုသဘောတူညီချက်ဟာ ကျူးကျော်ခံရမှုကနေ နှစ်နိုင်ငံစလုံးကို အကာအကွယ်ပေးနိုင်လိမ့်မယ်လို့ ပြောထားပါတယ်။ မြောက်ကိုရီးယား – ရုရှားခေါင်းဆောင်တွေရဲ့တွေ့ဆုံမှု နောက်ဆုံးရသတင်းတွေကို ဒီစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကို ‘အပြည့်အဝထောက်ခံ’တယ်လို့ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားကိုလာရောက်တဲ့ ရုရှားသမ္မတ ပူတင်ကို ကင်ဂျုံအွန်းက ပြောပါတယ်

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ နှစ်နိုင်ငံဆက်ဆံရေးတည်မြဲမှုကို ချီးကျူးစကားပြောထားကြပါတယ်
ပူတင်ဟာ ကောဇော်နီအပြင် နှင်းဆီခင်းလျှောက်လမ်း၊ ဂုဏ်ပြုတပ်ဖွဲ့၊ အမြောက်ပစ်ခတ်မှုတွေနဲ့ပါ ခမ်းခမ်းနားနားကြိုဆိုခံထားရပါတယ်

ရုရှားသမ္မတကတော့ သူ့ကို ပြုံယမ်းကို ဖိတ်ကြားတဲ့ ကင်ဂျုံအွန်းကို ကျေးဇူးတင်ကြောင်းပြောပြီး မော်စကိုမှာပြန်တွေ့ကြဖို့ မျှော်လင့်ကြောင်းပြောပါတယ်
ကင်နဲ့ ပူတင်တို့ဟာ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ရုရှားမှာတွေ့ဆုံခဲ့ပြီး စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးခိုင်မာအောင် ပြုလုပ်မယ်လို့‌ ပြောထားပါတယ်

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ မြောက်ကိုရီးယားဟာ အစားအစာနဲ့ စစ်ဘက်ဆိုင်ရာအကူအညီရဖို့ ရုရှားကို လက်နက်ခဲယမ်း ထောက်ပံ့နေတယ်လို့ စွပ်စွဲထားပါတယ်

နှစ်နိုင်ငံစလုံးက ဒါကို ငြင်းဆိုထားပြီး ရုရှားက ယူကရိန်းကို အင်အားပြည့်နဲ့ကျူးကျော်ပြီးတဲ့နောက်မှာ ပူတင်ဟာ အနောက်ကမ္ဘာကနေ ဖယ်ကျဥ်ခံရသူဖြစ်လာနေပါတယ်

မြောက်ကိုရီးယားခရီးစဥ်ပြီးရင်တော့ သမ္မတပူတင်ဟာ ကာလရှည်ကြာမဟာမိတ်ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး အဲဒီမှာ ကုန်သွယ်ရေးလို ကိစ္စရပ်တွေ ဆွေးနွေးနိုင်ခြေရှိနေပါတယ်

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...