တောင်တရုတ်ပင်လယ်ထဲ နစ်မြုပ်နေတဲ့ သင်္ဘောပျက်နှစ်စင်းပေါ်မှ ရှေးဟောင်းပစ္စည်း ၉၀၀ ကျော် တွေ့ရှိ

International News
တောင်တရုတ်ပင်လယ်ထဲ နစ်မြုပ်နေတဲ့ သင်္ဘောပျက်နှစ်စင်းပေါ်မှ ရှေးဟောင်းပစ္စည်း ၉၀၀ ကျော် တွေ့ရှိ

တောင်တရုတ်ပင်လယ်ထဲ နစ်မြုပ်နေတဲ့ သင်္ဘောပျက်နှစ်စင်းပေါ်ကနေ ရှေးဟောင်းပစ္စည်း ၉၀၀ ကျော် ရှာဖွေတွေ့ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အခုတွေ့ရှိရတဲ့ ကြွေထည်ပစ္စည်းတွေ၊ အိုးတွေ၊ ကြေးထည်ပစ္စည်း၊ ရှားပါးသစ်ကနက်နဲ့ တိရစ္ဆာန်အစိတ်အပိုင်းတွေဟာ မင်မင်းဆက်လက်ထက် ကုန်သွယ်ရေကြောင်း ထွန်းကားခဲ့တာကို မီးမောင်းထိုးပြနေပါတယ်။

ဟိုင်နန်ကျွန်းပေါ်မှ ဒေသခံပြတိုက်နဲ့ သုတေသနအဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်ကတည်းက သင်္ဘောပျက်ပေါ်မှ ပစ္စည်းတွေကို ဆယ်ယူခဲ့ကြတာပါ။ အဲဒီလို ဆယ်ယူနိုင်ဖို့အတွက် မောင်းသူပါရေငုပ်သင်္ဘောငယ်၊ မောင်းသူမဲ့ရေငုပ်သင်္ဘောငယ်တွေကို စေလွှတ်ခဲ့ရပါတယ်။ ဒီသင်္ဘောပျက်နှစ်စင်းဟာ သက္ကရာဇ် ၁၃၆၈ ခုနှစ်ကနေ ၁၆၄၄ ခုနှစ်ကြားကာလအတွင်းမှ သင်္ဘောတွေဖြစ်မယ်လို့ ရှေးဟောင်းပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

မင်မင်းဆက်လက်ထက် အထင်ကရလက်ရာဖြစ်တဲ့ အဖြူခံပေါ်၊ အပြာဆေးချယ်ထားတဲ့ ကြွေထည်လက်ရာတွေ တစ်ကမ္ဘာလုံးကို ဘယ်လိုပျံ့နှံ့သွားခဲ့သလဲဆိုတာ အခုတွေ့ရတဲ့ သင်္ဘောပျက်တွေက အဖြေပေးနေတယ်လို့ ရှေးဟောင်းပညာရှင်တွေက ဆိုပါတယ်။

ရေးသားသူ -Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...