ဒိန်းမတ်ဝန်ကြီးချုပ် မြို့တော်လမ်းမပေါ်မှာ တိုက်ခိုက်ခံရ

International News
ဒိန်းမတ်ဝန်ကြီးချုပ် မြို့တော်လမ်းမပေါ်မှာ တိုက်ခိုက်ခံရ

ဒိန်းမတ်ဝန်ကြီးချုပ် ဖရေဒရစ်ဆင်ဟာ မြို့တော်ကိုပင်ဟေဂင်မြို့လယ်မှာ လမ်းလျှောက်နေချိန် အမျိုးသားတစ်ဦး တိုက်ခိုက်တာကိုခံခဲ့ရလို့ တုန်လှုပ်သွားခဲ့ပါတယ်။

မြို့ရဲ့ မြို့ဟောင်းက ရင်ပြင်တစ်ခုမှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦးဟာ ဝန်ကြီးချုပ်ဆီလျှောက်လာပြီး ဆောင့်တွန်းလိုက်တာ ဖြစ်ပါတယ်။

တိုက်ခိုက်သူကို အချိန်မီဖမ်းဆီးနိုင်ခဲ့ပေမယ့် တိုက်ခိုက်ရတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။

ဝန်ကြီးချုပ်နဲ့ မျက်နှာချင်းဆိုင်ကနေ အမျိုးသားတစ်ဦး လျှောက်လာပြီး ဝန်ကြီးချုပ်ရဲ့ ပုခုံးကို အားနဲ့ဆောင့်တွန်းလိုက်တာကြောင့် ဘေးကို စောင်းပြီးကျသွားတယ် လို့ မျက်မြင်သက်သေနှစ်ဦးဖြစ်တဲ့ မေရီ အာဒရီယံနဲ့ အန်နာ ရာဗင်တို့က ဒေသတွင်းသတင်းစာ BT ကို ပြောပါတယ်။

အားနဲ့ပစ်တွန်းလိုက်တာဖြစ်ပေမယ့် ဝန်ကြီးချုပ်က မြေကြီးပေါ်လဲမကျသွားခဲ့ဘဲ အနီးက ကော်ဖီဆိုင်တစ်ခုမှာ အနားယူခဲ့ရတယ်လို့ သူတို့ကပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ် တုန်လှုပ်ခဲ့ရတယ်လို့ မတ္တာ ဖရေဒရစ်ဆင်ရဲ့ ရုံးက ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး အသက် ၃၉ နှစ်အရွယ် အမျိုးသားဟာ ဇွန် ၈ ရက်မှာ ဖရေဒရစ်စ်ဘတ်တရားရုံးမှာ ကြားနာစစ်ဆေးမှုခံယူရမယ်လို့ ကိုပင်ဟေဂင်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖရေဒရစ်ဆင် ဘယ်သူလဲ

အသက် ၄၆ နှစ်အရွယ် ဖရေဒရစ်ဆင်ဟာ ဗဟိုလက်ဝဲ ဆိုရှယ်ဒီမိုကရက်တွေရဲ့ ခေါင်းဆောင်အဖြစ် လေးနှစ်ကြာ တာဝန်ယူပြီးနောက် ၂၀၁၉ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

သူဟာ ဒိန်းမတ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဖြစ်ပြီး မကြာခင်မှာပဲ အဲဒီအချိန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုက ဂရင်းလန့်ကို ဝယ်ယူဖို့ဆိုတဲ့ အကြံကို ဝေဖန်ခဲ့တာကြောင့် ထရမ့်နဲ့ အငြင်းအခုန်ဖြစ်ခဲ့ရပါတယ်။

ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင်း ဖရေဒရစ်ဆင်ရဲ့ အစိုးရဟာ မြွေပါသန်းပေါင်းများစွာကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုက ဖရေဒရစ်ဆင်ကို ၂၀၂၂ ခုနှစ်မှာ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါသေးတယ်။

ဒိန်းမတ်ရဲ့ ဆိုရှယ်ဒီမိုကရက်ခေါင်းဆောင် ဖရေဒရစ်ဆင်ဟာ သူ့ပါတီက ထိပ်တန်းကိုယ်စားလှယ်လောင်း ခရစ္စတယ် ရှယ်ဒေမိုဆာနဲ့အတူ ဥရောပရွေးကောက်ပွဲမှာ အရင်က ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

ဒိန်းမတ်ဟာ ဥရောပသမဂ္ဂရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နှစ်ရက်အလိုမှာ ဖရေဒရစ်ဆင်တိုက်ခိုက်ခံရတဲ့ဖြစ်ရပ် ဖြစ်ခဲ့တာပါ။

ဒိန်းမတ်ရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှာ ဆိုရှယ်ဒီမိုကရက်တွေက အင်အားအကြီးဆုံးပါတီ ဖြစ်ပါတယ်။ သူတို့ဟာ လူထုအမြင်စစ်တမ်းတွေမှာ ဦးဆောင်နေဆဲဖြစ်ပေမယ့် မကြာသေးမီလတွေမှာ လူကြိုက်များမှု အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။

“တိုက်ခိုက်မှုကြောင့် မတ္တာ တုန်လှုပ်တာ သဘာဝကျပါတယ်၊ သူနဲ့ရင်းနှီးတဲ့ ကျွန်တော်တို့လည်း တုန်လှုပ်ခဲ့ရတယ်”လို့ ပြောရပါမယ် လို့ ဒိန်းမတ်သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး မတ်နပ်စ် ဟူနစ်ကာက ပြောခဲ့ပါတယ်။

ဥရောပခေါင်းဆောင်တွေလည်း တိုက်ခိုက်မှုအပေါ်ဝေဖန်

တိုက်ခိုက်မှုဟာ စက်ဆုတ်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပြီး ဥရောပမှာ ရရှိအောင် ကြိုးပမ်းနေတဲ့အရာတွေ၊ ဥရောပမှာကျင့်သုံးနေတဲ့အရာတွေအားလုံးနဲ့ လုံးဝဆန့်ကျင်နေတယ်လို့ ဥရောပကော်မရှင်အကြီးအကဲ အာဆူလာ ဖွန် ဒါ လေယန်က ပြောပါတယ်။

ဆလိုဗက်ဝန်ကြီးချုပ် ရောဘတ် ဖီကိုဟာ ထောက်ခံသူတွေကို နှုတ်ဆက်နေချိန်မှာ သေနတ်ပစ်ခံရပြီး တစ်လမပြည့်ခင်လေးမှာပဲ ဒိန်းမတ်ဝန်ကြီးချုပ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဖီကိုဟာ အသက်မthayဆုံးခဲ့ပေမယ့် ခွဲစိတ်မှုတွေခံယူနေရဆဲ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂအကြီးအကဲ ရှား မီရှဲက “ဒေါသဖြစ်မိ”တဲ့ အကြောင်း X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

“ဒီလိုလူကြောက်ဆန်ဆန် ရန်လိုကြမ်းတမ်းတာကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်” လို့ သူကပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...