မမှတ်မိစေနိုင်လောက်အောင် ပြောင်းလဲစေတဲ့ ခွဲစိတ်ပြုပြင်မှုဓာတ်ပုံတွေကြောင့် ကျော်ကြားလာတဲ့ တူရကီဆေးရုံ

International News
မမှတ်မိစေနိုင်လောက်အောင် ပြောင်းလဲစေတဲ့ ခွဲစိတ်ပြုပြင်မှုဓာတ်ပုံတွေကြောင့် ကျော်ကြားလာတဲ့ တူရကီဆေးရုံ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့အခြေစိုက် အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ရေးဆေးရုံတစ်ခုဟာ နဂိုပုံစံ မမှတ်မိနိုင်အောင် ပြောင်းလဲသွားစေတဲ့ ခွဲစိတ်ပြုပြင်မှုတွေကြောင့် နေ့ချင်းညချင်း နာမည်ကျော်ကြားလာခဲ့ပါတယ်။


မိုက်ကယ်လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ရဲ့ မခွဲစိတ်မီနဲ့ ခွဲစိတ်ပြီး ပုံတွေကို တင်ခဲ့ပြီးနောက်မှာ Este Med Clinic က လူပြောများလာခဲ့တာပါ။ မခွဲစိတ်ခင် ပါးရေတွန့်ပြီး ဇရာဒဏ် ခံနေရတဲ့ မိုက်ကယ်ဟာ ခွဲစိတ်ပြီးနောက်မှာ လူငယ်လေးတစ်ယောက်လို နုပျိုသွားခဲ့တာပါ။

Este Med Clinic ဟာ ခွဲစိတ်မှုလုပ်တဲ့ တခြားသူတွေရဲ့ မခွဲစိတ်မီနဲ့ ခွဲစိတ်ပြီးပုံတွေကိုလည်း တင်ထားခဲ့ရာမှာ သိသိသာသာ ပြောင်းလဲသွားတာမျိုးတွေ တွေ့ရပါတယ်။

တချို့တွေကလည်း မိုက်ကယ်ရဲ့ ခွဲစိတ်ပြုပြင်မှုကို မယုံကြည်ကြဘဲ ပုံထဲက လူနှစ်ယောက် အတူတူပဲဆိုတာ မယုံနိုင်တဲ့အတွက် သက်သေခံကတ်ပြား၊ သွေးအမျိုးအစားနဲ့ အထောက်အထားတွေ တောင်းစစ်ကြည့်ချင်တယ်လို့ မှတ်ချက်ပေးကြပါတယ်။ ဘရစ္စတိုးလ်မြို့အခြေစိုက် ခွဲစိတ်ပြုပြင်ရေး ဆရာဝန် ဒေါက်တာမာဆာကတော့ Este Med Clinic ရဲ့ ခွဲစိတ်ပြုပြင်မှုက ထူးထူးခြားခြား လှပပြောင်းလဲသွားစေတာမျိုး မဟုတ်ဘဲ ဓာတ်ပုံတွေထဲမှာ သုံးထားတဲ့ မီးအလင်း၊ အမှောင်နဲ့ မိတ်ကပ်ကြောင့် အခုလို ဖြစ်သွားတာလို့ ကောက်ချက်ချခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...