ယူကရိန်းရဲ့ မဟာဓာတ်အားလိုင်းနဲ့စွမ်းအင်အဆောက်အဦကို ရုရှားတိုက်ခိုက်

International News
ယူကရိန်းရဲ့ မဟာဓာတ်အားလိုင်းနဲ့စွမ်းအင်အဆောက်အဦကို ရုရှားတိုက်ခိုက်

ယူကရိန်းရဲ့ မဟာဓာတ်အားလိုင်းနဲ့ စွမ်းအင်စက်ရုံ ကို ရုရှားက စနေနေ့ ညကတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။ ဒါက နိုင်ငံရဲ့ မဟာဓာတ်အားလိုင်းကို ပစ်မှတ်ထားတဲ့ ကြီးမားတဲ့တိုက်ခိုက်ခံရမှုလို့ ဆိုပါတယ်။

ကိဗ်ယက်အရာရှိတွေရဲ့ ထုတ်ပြန်ချက်အရ ယူကရိန်းအရှေ့မြောက်ဘက်မှာ ရုရှား ပဲ့ထိန်းဗုံးကြောင့် လူ ၃ ဦး သေဆုံးပြီး အနည်းဆုံး ၁၈ ဦး ဒဏ်ရာရရှိခဲ့သလို မြို့ထဲနေရာတွေမှာ ပေါက်ကွဲသံ လေးကြိမ် ထက်မနည်းကြားရတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်ခံရမှုပါအပါဆိုရင် ပြီးခဲ့တဲ့ သုံးလအတွင်းယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံဆိုင်ရာနေရာတွေကို ရုရှားက တိုက်ခိုက်ခဲ့တာ ရှစ်ကြိမ်မြောက်ဖြစ်တယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ရုရှားရဲ့ ဒုံးကျည် ၁၆ စင်းထဲက ၁၂ လုံးနဲ့ ဒရုန်း ၁၃ စင်းလုံးကို ပစ်ချခဲ့တယ်လို့ လည်းဆိုပါတယ်။ တိုက်ခိုက်မှုတွေဟာ ဒေသအများစုမှာ ညလုံးပေါက်ဖြစ်ပွားခဲ့တယ်လို့ လည်း ယူကရိန်းဘက်ကပြောထားပါတယ်။

“ဒါက အရပ်သား အခြေခံအဆောက်အအုံတွေ အပေါ် ရည်ရွယ်ချက်ရှိတဲ့ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပါတယ်။ ဒီခရိုင်မှာ စစ်ရေးပစ်မှတ်ဘာမှမရှိပါဘူး” လို့ ခါရာကိဗ် ရဲ့ Kharkiv ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

ယူကရိန်းသမ္မတဇာလန်းစကီးကတော့ မော်စကိုဘက်က အခုနှစ် မတ်လနှောင်းပိုင်းကစလို့ ယူကရိန်းရဲ့ စွမ်းအင်စက်ရုံတွေကို ဖြိုခွင်းနေပြီး နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ထက်ဝက်ထက်မနည်းဖျက်ဆီးခံထားရတယ်လို့ပြောထားပါတယ်။

လက်ရှိမှာ ယူကရိန်းဟာ စွမ်းအင်အတွက် နိုင်ငံတွင်းထုတ်လုပ်မှုအပြင် ဥရောပသမဂ္ဂဆီက ဝယ်ယူနေရတာဖြစ်ပြီး ဒီအတွက် ဘတ်ဂျက်လိုငွေပြမှုလည်းဖြစ်ပေါ်နေတာပါ။

မစ္စတာဇာလန်းစကီးကတော့ အမေရိကန်အပါအဝင် သူ့ရဲ့ မဟာမိတ်တွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေပိုပြီးထောက်ပံ့ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...