ရွှံ့စေးနဲ့ပြုလုပ်ထားတဲ့ ဘီစီ(၃)သို့(၄)ရာစုခန့်က ပြုလုပ်ခဲ့တဲ့ဗူဒူး(Voodoo)ရုပ်

International News Knowledge
ရွှံ့စေးနဲ့ပြုလုပ်ထားတဲ့ ဘီစီ(၃)သို့(၄)ရာစုခန့်က ပြုလုပ်ခဲ့တဲ့ဗူဒူး(Voodoo)ရုပ်

ရွှံ့စေးနဲ့ပြုလုပ်ထားတဲ့ ဒီဗူဒူး(Voodoo)ရုပ်ကို အီဂျစ်နိုင်ငံ သီးဘီးစ်(Thebes)မြို့ဟောင်းအနီးကနေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပေမယ့် ရုပ်တုနဲ့အတူပါရှိတဲ့ ခဲပြားပေါ်မှာ ရေးထိုးထားတဲ့ ကမ္ပည်းစာသားအရ ဒီအရုပ်ရဲ့ မူလဇာတိဟာ ဂရိကပဲ ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ လေ့လာချက်အရ ဒီအရုပ်ကို ဘီစီ(၃)သို့(၄)ရာစုခန့်က ပြုလုပ်ခဲ့တာလို့ သိရတယ်။

အရုပ်ရဲ့ပုံစံကတော့ ဒူးထောက်လျက်အနေအထားနဲ့ လက်ကိုနောက်မှာယှက်ထားတဲ့ ကိုယ်တုံးလုံးအမျိုးသမီးပုံဖြစ်ပြီး သူမရဲ့ ဦးခေါင်း၊ မျက်စိ၊ နား၊ ပါးစပ်၊ ရင်ညွန့်၊ လက်ဖဝါး၊ ခြေဖဝါးနဲ့ မအင်္ဂါနေရာတွေမှာ သံချွန်(၁၃)ခုကို ထိုးစိုက်ထားတယ်။ ဒီလို ဗူဒူးရုပ်တွေကို ကျိန်စာတိုက်တဲ့နေရာတွေမှာ အသုံးပြုကြတာများပေမယ့် အရုပ်နဲ့အတူတွေ့ရတဲ့ ခဲပြားပေါ်က ကမ္ပည်းစာအရတော့ အခုဒီအရုပ်ဟာ Ayas လို့ခေါ်တဲ့ မိန်းကလေးတစ်ဦး သူ့ကိုပြန်ချစ်လာစေဖို့အတွက် ယောကျ်ားလေးတစ်ဦးက စီရင်ပြုလုပ်ထားတဲ့ ဗူဒူးရုပ်တစ်ခုသာ ဖြစ်ပါတယ်။

အရုပ်နဲ့အတူတွေ့ရတဲ့ ကမ္ပည်းစာမှာတော့ ဂရိဘာသာနဲ့

“ကြီးမြတ်သော Ptolemais, သူမကား ငါ့ကိုချစ်သော Origen ၏သမီး Ayas ဖြစ်၏။ ငါ့ထံသို့မရောက်မချင်း သူမအား ဘာမှမစားမသောက်စေနှင့်။ ငါမှတပါး အခြားမည်သူ့ကိုမျှ သူမနှင့် မတွေ့ဆုံစေနှင့်။ ငါ့စကားနားထောင် ငါ့ကိုချစ်ပြီး အမှန်ကိုပဲပြောဆိုကာ ငါအသက်ရှင်နေသ၍ အတူရှိနေပါမည်ဟု သူမသဘောမတူမချင်း သင့်သဘောအတိုင်း သူမနှင့်အတူ လုပ်ဆောင်ပါလော့။” လို့ ရေးသားထားတာ တွေ့ရတယ်။

ဒီလို ဗူဒူးရုပ်တွေဟာ ဂရိနဲ့ရောမကမ္ဘာမှာ အလွန်ရေပန်းစားခဲ့ပြီး ဂရိတွေကတော့ ဒီအရုပ်တွေကို Kolossoi လို့ခေါ်ကြတယ်။ လက်ရှိမှာတော့ ဒီထူးဆန်းတဲ့ ရွှံ့ဗူးဒူးရုပ်လေးကို ပြင်သစ်နိုင်ငံ ပါရီမြို့က နာမည်ကျော် Louvre ပြတိုက်ရဲ့ ရှေးခေတ်အီဂျစ်ပြခန်းမှာ ပြသထားရှိပါတယ်။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...