သမ္မတ ပူတင်ကို ဗီယက်နမ် သမ္မတ ကြိုဆို
ဗီယက်နမ် သမ္မတက ပူတင်ကို ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆို
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရောက် ရုရှားသမ္မတ ပူတင်ကို ဗီယက်နမ်သမ္မတ တူလမ်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုထားပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ် ဒန်မင်ခွိုင်ကတော့ သမ္မတပူတင်ရဲ့ခရီးစဥ်ဟာ ဟနွိုင်း-မော်စကို ဆက်ဆံရေးကို ခိုင်မာစေပြီး နှစ်နိုင်ငံခေါင်းဆောင်တွေအတွက် နှစ်နိုင်ငံအရေးကိစ္စ ရပ်တွေအတွက် ဆွေးနွေးကြဖို့ အခွင့်အလမ်းကောင်းလည်းဖြစ်တယ်လို့ ဗီယက်နမ်သတင်းအေဂျင်စီကို ပြောထားပါတယ်။
သမ္မတ ပူတင်ရဲ့ အခုခရီးစဥ်အတွင်းမှာ နှစ်နိုင်ငံ ပူးတွဲကြေညာချက်လည်း ထွက်ပေါ်လာနိုင်ခြေရှိပါတယ်။
ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနဲ့ နည်းပညာ၊ လူသားချင်းစာနာမှုဆိုင်ရာ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေကို ပူးတွဲကြေညာလာနိုင်ခြေရှိတယ်လို့ ရုရှားသမ္မတအကြံပေး ယူရီ ရှာကော့ဗ် ကပြောထားပါတယ်။
မော်စကိုဟာ ဗီယက်နမ်ကို ဆိုဗီယက်ခေတ်ကတည်းက အဓိကလက်နက်ထောက်ပံ့နေတဲ့နိုင်ငံဖြစ်တာကြောင့် လက်နက်နဲ့ စွမ်းအင်ဆိုင်ရာကိစ္စရပ်တွေလည်း ဆွေးနွေးနိုင်ခြေရှိတယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်ဓာတ်ပုံ ရင်းမြစ်,REUTERS
ဓာတ်ပုံ ပုံစာ,မော်စကိုဟာ ဗီယက်နမ်ကို ဆိုဗီယက်ခေတ်ကတည်းက အဓိကလက်နက်ထောက်ပံ့နေတဲ့နိုင်ငံဖြစ်တာကြောင့် လက်နက်နဲ့ စွမ်းအင်ဆိုင်ရာကိစ္စရပ်တွေလည်း ဆွေးနွေးနိုင်ခြေရှိတယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်
တဖက်မှာလည်းပူတင်ရဲ့ အခုခရီးစဥ်ဟာ ဗီယက်နမ်အတွက် သံခင်းတမန်ခင်းအပိုင်းမှာ အိန္ဒိယ နိုင်ငံလိုပဲ ရုရှား၊ အမေရိကန်နဲ့ တရုတ်ကြား သံတမန်ဆက်ဆံရေး ဟန်ချက်ညီမှုကို ထိန်းကျောင်းနေတာကိုလည်း ပြသနေပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဗီယက်နမ်ဟာ တရုတ်သမ္မတ ရှီကျင့်ပင်ကိုရော၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အလည်အပတ်ကိုရောက် လက်ခံတွေ့ဆုံခဲ့ပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။