သံလိုက်ငါးဖမ်းရင်း ဒေါ်လာ ၁ သိန်းပါဝင်တဲ့ မီးခံသေတ္တာကို စမ်းချောင်းထဲက ဆယ်ယူရရှိခဲ့တဲ့ စုံတွဲ

International News
သံလိုက်ငါးဖမ်းရင်း ဒေါ်လာ ၁ သိန်းပါဝင်တဲ့ မီးခံသေတ္တာကို စမ်းချောင်းထဲက ဆယ်ယူရရှိခဲ့တဲ့ စုံတွဲ

နယူးယောက်မြို့က စုံတွဲတစ်တွဲဟာ ပြီးခဲ့တဲ့ သောကြာနေ့က Flushing Meadows Corona ပန်းခြံကို သွားရောက်လည်ပတ်ရင်း ငါးဖမ်းသံလိုက်ကိရိယာကို စမ်းချောင်းထဲ ပစ်ချလိုက်ပြီး ကြိုးကို ဆွဲတင်လိုက်တဲ့အချိန်မှာတော့ မီးခံသေတ္တာတစ်လုံးဖြစ်နေခဲ့ပါတယ်။ အဲ့ဒီမီးခံသေတ္တာအတွင်း ဒေါ်လာ ၁ သိန်းပမာဏရှိတဲ့ ၁၀၀ ဒေါ်လာတွေကို တွေ့ရှိခဲ့ရပါတယ်။ ဒေါ်လာတွေက ရေကြောင့်ပျက်စီးနေပါတယ်။

မီးခံသေတ္တာကို ဆယ်ယူရရှိတာက ဂျိမ်းစ် ကိန်းနဲ့ ဘာဘီ အယ်ဂိုစတီနီတို့စုံတွဲအတွက် ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်ကတော့ မီးခံသေတ္တာအတွင်း ဘာမှတော့မတွေ့ရှိခဲ့ရပါဘူး။ သံလိုက်ငါးဖမ်းခြင်းက တရားမဝင်လုပ်ဆောင်မှုဖြစ်တာကြောင့် အခုလို သူတို့ရဲ့ရှာဖွေတွေ့ရှိမှုကို New York Police Department ကို ဆက်သွယ်သတင်းပို့ခဲ့ပါတယ်။


ရဲဌာနက ဒီမီးခံသေတ္တာကို ဘယ်သူပိုင်ဆိုင်သလဲဆိုတာ မသိရတဲ့အတွက် သူတို့စုံတွဲကို သိမ်းဆည်းထားဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ သူတို့စုံတွဲက နောက်တစ်ဆင့်အနေနဲ့ ရေကြောင့်ပျက်စီးနေတဲ့ ပိုက်ဆံတွေကို ဝါရှင်တန်မှာရှိတဲ့ Treasury Department ဆီ ယူသွားပြီး လဲဖို့လုပ်နေပါတယ်။

သူတို့စုံတွဲက ကိုဗစ်ကာလအတွင်းမှာ သံလိုက်ငါးဖမ်းခြင်းကို စိတ်ဝင်စားလာခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ပထမဆုံးသံလိုက်ငါးဖမ်းကိရိယာကို ဝယ်ယူခဲ့တာပါ။ အရင်က သေနတ်တွေ၊ လက်ပစ်ဗုံး၊ မော်တော်ဆိုင်ကယ်၊ ဒရုန်းတွေကို ဆယ်ယူမိခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...