အဆိပ်ရှိတဲ့မြွေ ၁၇၂ ကြိမ် အကိုက်ခံရလို့ ဂင်းနက်စ်စံချိန်တင်ခဲ့သူ

International News
အဆိပ်ရှိတဲ့မြွေ ၁၇၂ ကြိမ် အကိုက်ခံရလို့ ဂင်းနက်စ်စံချိန်တင်ခဲ့သူ

အသက်အန္တရာယ်ရှိတဲ့ မြွေကိုက်ခံရမှုအများဆုံး ခံရသူအဖြစ် ဂင်းနက်စ် စံချိန်တင်ထားသူကတော့ အမေရိကန်နိုင်ငံသား ဘီလ်ဟက်စ် ဖြစ်ပါတယ်။ သူ့ဘဝတစ်လျှောက်မှာ ၁၇၂ ကြိမ်အထိ အဆိပ်ရှိတဲ့မြွေတွေ ကိုက်တာ ခံခဲ့ရတာပါ။

၁၁ နှစ်သားအရွယ်ကတည်းက မြွေတွေကို စိတ်ဝင်စားခဲ့တဲ့ ဘီလ်ဟက်စ်ဟာ နွေရာသီ လူငယ်ကင်းထောက်စခန်းမှာ ပထမဆုံးအကြိမ် မြွေကိုက်ခံခဲ့ရပြီး မြွေကိုက်ရာကို ဓားနဲ့လှီးကာ ပိုတက်ဆီယမ်ဆေး အုံခဲ့ပါတယ်။ ပြီးတော့ စခန်းရှိရာကို ၄ မိုင်အကွာအဝေး လမ်းလျှောက် ပြန်လာခဲ့တာပါ။ စခန်းရောက်တော့ ဆရာဝန် ပြခဲ့ပေမဲ့ နောက်ထပ် ကုသစရာမလိုဘဲ သက်သာ ပျောက်ကင်းသွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မြွေတွေကို စိတ်ဝင်စားမှု တိုးလာတဲ့ ဘီလ်ဟက်စ်က မြွေဖမ်းသမားအဖြစ် ကျင်လည်ခဲ့ပြီး ပရိသတ်အလယ်မှာ လက်ဗလာနဲ့ မြွေဆိပ်ထုတ်ပြတဲ့ အလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ခဲ့သူပါ။ မြွေခေါင်းကို ကိုင်ပြီး ရာဘာအမြှေးပါးခံထားတဲ့ ဖန်ပုလင်းထဲကို မြွေဆိပ်အန်ထုတ်အောင် လုပ်တာပါ။

ဘီလ်ဟက်စ်က မြွေအကောင်ရေ ရာချီကို ဖမ်းပြီး တစ်နေ့ကို အကြိမ်ရေ ၆၀ ကနေ ၁၀၀ ကြား မြွေဆိပ်ထုတ်လေ့ရှိပါတယ်။ မြွေခြံတစ်ခု ဆောက်ထားပြီး မြွေဆိပ်ကို ဆေးဘက်ဆိုင်ရာနဲ့ သုတေသနလုပ်ခဲ့သူပါ။ ဘီလ်ဟက်စ်ဟာ အသက် ၁၀၀ အထိ နေခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...