အမေရိကန်lat natတွေကို သုံးပြီး ရုရှားပိုက်နက်ထဲက နေရာတချို့မှာ ယူကရိန်း တိုက်ခိုက်ခွင့်ရလာ
ခါကိဗ်နဲ့ကပ်ရပ် နေရာတွေမှာဆိုရင် ရုရှားဘက်ခြမ်းထဲက ပစ်မှတ်တွေကိုပါ အမေရိကန် lat natသုံးပြီး ယူကရိန်းတိုက်နိုင်ပြီ
အမေရိကန်က သူတို့ ယူကရိန်းကို ပံ့ပိုးပေးတဲ့ စစ်lat nat ပစ္စည်းတွေကို ရုရှားပိုင်နက် နယ်မြေတွေထဲက ပစ်မှတ်တွေကို မတိုက်ခိုက်ရဘူး ဆိုပြီး ကန့်သတ်ထားတာကို တစ်စိတ်တစ်ပိုင်း ဖြေလျှော့ ပေးလိုက်ပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ဒဏ်ကို အဓိက ခံနေရတဲ့ နယ်စပ်ဒေသ ဟာကိဗ်နဲ့ကပ်လျက် နယ်ခြားနေရာ တလွှားမှာ ဆိုရင်တော့ အသုံးပြုနိုင်တယ် ဆိုပြီး အမေရိကန်က ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ရုရှားတပ်တွေ ပစ်လွှတ် တိုက်ခိုက် လာတာတွေဟာ ဟာကိဗ်ကနေရာတွေကို လာရောက် ထိမှန်ခံရမှ ပြန်တိုက်တာမျိုးထက်မက၊ ဟာကိဗ်ကို တိုက်ဖို့ ပြင်နေပြီ ဆိုရင်ကို ယူကရိန်းဟာ အမေရိကန် lat natတွေကို သုံးပြီး တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။
ဂျာမနီလည်းပဲ အမေရိကန်နဲ့ ထပ်တူ အဲဒီလို အသုံးပြုခွင့် ပေးကြောင်း ကြေညာလာပါတယ်။ ဂျာမနီ အစိုးရ ပြောရေးဆိုခွင့် ရှိသူက ယူကရိန်း အနေနဲ့ သူတို့ရဲ့ ဒုတိယ အကြီးဆုံးမြို့ ဟာကိဗ်ကို ရုရှားဘက်က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်နေတာတွေ အပေါ် ခုခံပိုင်ခွင့် ရှိတယ်လို့ ဆိုပါတယ်။
,နယ်စပ်နေရာတွေမှာပဲ ခွင့်ပြုတာဆိုတော့ အမေရိကန်ရဲ့ တာဝေးပစ် ဒုံးကျည်တွေ သုံးခွင့်ရတာမျိုး မဟုတ်ဘူးလို့ ပြောဆိုမှုတွေရှိ
ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို အနောက်အုပ်စုက ပေးတဲ့ lat nat တွေ သုံးပြီး တိုက်ခိုက်နိုင်တယ်လို့ ခွင့်ပြုနှင့်ပြီး နိုင်ငံတချို့လည်း ရှိနေပါတယ်။ အခုတော့ အဲဒီနိုင်ငံတွေထဲ အမေရိကန်နဲ့ ဂျာမနီတို့ပါ ပါဝင်လာတာ ဖြစ်ပါတယ်။
ယူကေနဲ့ ပြင်သစ်တို့ ဆိုရင်လည်း lat nat အသုံးပြုခွင့် ပေးထားတဲ့ နေရာတွေနဲ့ စပ်လျဉ်းပြီး အကန့်အသတ်ထားတာတွေ အပေါ် ဖြေလျှော့ ပေးမယ့် အရိပ်အယောင်တွေ ပြသထားနှင့်ပြီး ဖြစ်ပါတယ်။
ဟာကိဗ်မှာ ပေါ်ပေါက်နေတဲ့ လက်ရှိ မြေပြင် စစ်ရေး အခြေအနေကို ကြည့်ရင်တော့ အခု သီတင်းပတ်တွေ အတွင်းမှာပဲ ရုရှားတပ်တွေဟာ ဟာကိဗ်ထဲမှာ လျှပ်တပျက် စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ပြီး နေရာတချို့ကို ထပ်ပြီး သိမ်းလာနိုင်ပါတယ်။
အခုလို အသုံးပြုခွင့် ကန့်သတ်ချက်ကို ဖြေလျှော့တာထဲ အမေရိကန်ရဲ့ စစ်တပ်သုံး ဗျူဟာမြောက် မစ်ဆိုင်း ဒုံးစနစ် Army Tactical Missile System အတိုကောက် ATACMS လို့ ရည်ညွှန်း ခေါ်ကြတဲ့ တာဝေးပစ် မစ်ဆိုင်းဒုံး အသုံးပြုမှုပါ ပါဝင်သလား ဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။
အမေရိကန် တာဝန်ရှိသူ တစ်ဦးကတော့ ရုရှားနိုင်ငံထဲ ATACMS တွေ အသုံးပြုခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ် ပိတ်ပင်ထားတဲ့ မူဝါဒဟာ အပြောင်းအလဲ မရှိဘူး ဆိုပြီး ဘီဘီစီကို ပြောပါတယ်။
အရပ်သားတွေကို ပိုပြီး အကာအကွယ် ပေးလာနိုင်မယ်လို့ သမ္မတဇလန်စကီးပြော
အခုလို မူဝါဒ ဖြေလျှော့ ပြောင်းလဲလာတဲ့ အပေါ် ရုရှားကတော့ အမေရိကန် ဦးဆောင်တဲ့ နေးတိုးစစ်ရေး မဟာမိတ်အဖွဲ့ဟာ “တင်းမာမှု နောက်ထပ် တဆင့်ကို မရောက်ရောက်အောင်ကို တမင် ရန်စ ပြုမူနေတယ်” ဆိုပြီး ပြစ်တင် ဝေဖန်ပါတယ်။
ရုရှားအစိုးရရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်ရှ်ကော့ဗ်က နေတိုးအဖွဲ့ဝင် အထူးသဖြင့် အမေရိကန်နဲ့ ဥရောပ နိုင်ငံတချို့ဟာ အခြေအနေတွေ နောက်တချီ ဆိုးရွား ပြင်းထန်လာအောင် ကြံစည် လုပ်ဆောင် နေကြတယ်လို့ ပြောကြောင်း ရုရှားနိုင်ငံပိုင် တပ်စ် သတင်းဌာနက ရေးသားပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးကတော့ အမေရိကန်နဲ့ ဂျာမနီတို့ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောပါတယ်။ ဒီမူဝါဒ အပြောင်းအလဲကြောင့် ရုရှားနဲ့ နယ်စပ်အနီး ကျေးရွာတွေမှာ နေထိုင်ကြတဲ့ အရပ်သားတွေကို ပိုပြီး ကာကွယ်စောင့်ရှောက်မှု ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ သမ္မတ ဇလန်စကီး ဆွီဒင် နိုင်ငံမှာ ရောက်နေပြီး၊ နော်ဒစ် နိုင်ငံတွေလို့ ရည်ညွှန်းခေါ်ကြတဲ့ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ ဖင်လန် စတဲ့ ဥရောပမြောက်ပိုင်း နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
သူအဓိက ရည်မှန်းထားတာကတော့ ယူကရိန်းရဲ့ လေကြောင်းရန်ကာ စနစ် ပိုပြီး ကောင်းမွန်လာစေဖို့ အပါအဝင် စစ်lat nat ပစ္စည်းတွေ ပိုပြီး အထောက်အပံ့ ရလာအောင် ဖြစ်တယ်လို့ သမ္မတ ဇလန်စကီးက ဆိုပါတယ်။
“အားလုံးသိမြင်ကြတဲ့ အတိုင်း ရုရှားဘက်က စစ်ပွဲကို ပိုပြီး တိုးချဲ့လာနေပါတယ်။ ဘောလ်တစ် ဒေသမှာလည်း ပြဿနာတွေတက်အောင် အမျိုးမျိုး ရန်စ ပြုမူနေပါတယ်။ မော်စကိုရဲ့ ရူးသွပ်မှုကို ရပ်သွားအောင် ကျွန်တော်တို့ အားလုံး ဝိုင်းလုပ်မှ ဖြစ်လိမ့်မယ်” ဆိုပြီး သမ္မတ ဇလန်စကီးက ပြောပါတယ်။
ဒီအချိန်မှာပဲ၊ ချက်နိုင်ငံ ပရပ်ဂ်မြို့တော်မှာလည်း နေးတိုး စစ်ရေးမဟာမိတ် အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ဆွေးနွေး နေကြပါတယ်။ ယူကရိန်းကို ထပ်ပြီး အစုလိုက် အပုံလိုက် ပေးမယ့် သူတို့ရဲ့ အကူအညီ အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ဘုံ သဘောတူညီချက် တစ်ရပ် အဲဒီ ပရပ်ဂ်အစည်းအဝေးကနေ ထွက်လာဖို့ ရှိနေပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။