အဟောင်းဆိုင်ကနေ ၄ ဒေါ်လာနဲ့ဝယ်ခဲ့တဲ့ အိုးက မာယာလူမျိုးတွေရဲ့ အရိုးပြာအိုး ဖြစ်နေ

International News
အဟောင်းဆိုင်ကနေ ၄ ဒေါ်လာနဲ့ဝယ်ခဲ့တဲ့ အိုးက မာယာလူမျိုးတွေရဲ့ အရိုးပြာအိုး ဖြစ်နေ

အဟောင်းဆိုင်ကနေ ၄ ဒေါ်လာပေးပြီး ဝယ်လာတဲ့ အိုးတစ်လုံးက မာယာလူမျိုးတွေ အသုံးပြုခဲ့တဲ့ ရှေးဟောင်းပစ္စည်း အစစ်ဖြစ်နေခဲ့ပါတယ်။ အမေရိကန်အမျိုးသမီး ဒိုဇီယာဟာ လွန်ခဲ့တဲ့ ၅ နှစ်က ကလင်တန်မြို့မှာရှိတဲ့ အဟောင်းဆိုင် ဂိုဒေါင်ရှင်း အရောင်းပွဲကနေ ဒီအိုးကို ဝယ်ယူခဲ့တာပါ။

အခုနှစ် ဇန်နဝါရီလမှာတော့ ဒိုဇီယာက အလုပ်ကိစ္စနဲ့ မက္ကဆီကိုနိုင်ငံကို သွားရင်း မနုဿသမိုင်းပြတိုက်ကို သွားကြည့်တဲ့အခါ အဟောင်းဆိုင်ကနေ သူ ဝယ်လာတဲ့ အိုးနဲ့တူတဲ့ လက်ရာတွေကို တွေ့ရတာကြောင့် အံ့အားသင့်သွားခဲ့ပါတယ်။ တဆက်တည်းမှာပဲ ရှေးဟောင်းပစ္စည်းတွေ ပြန်လည်လွှဲပြောင်းပေးအပ်ရင် ဘာတွေလုပ်ရမလဲဆိုတာ စုံစမ်းခဲ့ပါတယ်။

အမေရိကန်ကို ပြန်ရောက်ချိန်မှာ ဒိုဇီယာက သူ ဝယ်ထားတဲ့ အိုးရဲ့ဓာတ်ပုံတွေနဲ့ အတိုင်းအထွာကို ကျွမ်းကျင်ပညာရှင်တွေထံ ပေးပို့ခဲ့ပါတယ်။ အဲဒီအိုးက မက္ကဆီကိုနိုင်ငံရဲ့ ရှေးဟောင်းပစ္စည်းအစစ်အမှန် ဖြစ်ရုံသာမက မာယာလူမျိုးတွေရဲ့ အရိုးပြာထည့်တဲ့ အိုးဖြစ်နေကြောင်း သိလိုက်ရတဲ့အခါမှာတော့ ဒိုဇီယာက အလွန်အံ့အားသင့်သွားပါတယ်။ အေဒီ ၂၀၀ ကနေ ၈၀၀ ကြားကာလအတွင်းက အသုံးပြုခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၀၀၀ နီးပါး သက်တမ်းရှိလို့ တန်ဖိုးဖြတ်မရတဲ့ ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်ပါတယ်။

ဒိုဇီယာက ဒီအိုးကို လေလံတင်ရောင်းချရင် ငွေကြေးအကျိုးအမြတ် အများအပြားရမှာဖြစ်ပေမဲ့ မူလဘူတ နေရာထံသို့ ပြန်လွှဲပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံ ယဉ်ကျေးမှုဌာနမှာ ဒိုဇီယာက မက္ကဆီကိုသံအမတ် ဘာရာဂန်ထံ အခမ်းအနားနဲ့တကွ လွှဲပြောင်းပေးအပ်ခဲ့တာပါ။ မာယာလူမျိုးတွေ အသုံးပြုခဲ့တဲ့ မြေအိုးကို မက္ကဆီကိုပြတိုက်မှာ ပြသသွားမှာ ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...