ကမ္ဘာ့ပထမဆုံးနဲ့ တစ်ခုတည်းသော သင်္ဘောတင် ဆုံလည်ဓာတ်လှေကား

International News Tech
ကမ္ဘာ့ပထမဆုံးနဲ့ တစ်ခုတည်းသော သင်္ဘောတင် ဆုံလည်ဓာတ်လှေကား

ကမ္ဘာပေါ်မှာ ပထမဆုံးနဲ့ တစ်ခုတည်းရှိတဲ့ သင်္ဘောတင် ဆုံလည်ဓာတ်လှေကားကတော့ စကော့တလန်နိုင်ငံမှာ တည်ရှိပါတယ်။ ဖို့တ်အန်ကလိုက် တူးမြောင်းကို ယူနီယံတူးမြောင်းနဲ့ ချိတ်ဆက်ရာမှာ အနိမ့်၊ အမြင့် မတူညီတဲ့အတွက် ဖောကတ်ဘီး (Falkirk wheel)ကို တီထွင်ခဲ့ကြတာပါ။

Millennium Link စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် ၁၉၉၈ ခုနှစ်က ပေါင် ၈၄ သန်း အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ခေတ်မီဒီဇိုင်း ဖြစ်ပေမဲ့ အာခီးမီးဒိစ်ရဲ့ ဖလှယ်ရဂုဏ်သတ္တိအပေါ် အခြေခံပြီး တည်ဆောက်ထားတာပါ။ ဆုံလည်ဓာတ်လှေကားရဲ့ ကန်ထဲကို သင်္ဘောဝင်လာရင် ကန်ထဲက ရေတွေနဲ့ နေရာချင်း ဖလှယ်လိုက်မှာဖြစ်ပြီး အပေါ်ကန်၊ အောက်ကန် အလေးချိန်ကို တန်ချိန် ၅၀၀ ဖြစ်နေအောင် ကွန်ပျူတာစနစ်နဲ့ စောင့်ကြည့်စိစစ်ထားတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...