ဆင်တွေဟာ လူသားတွေအတိုင်း အမည်တပ်ခေါ်နိုင်စွမ်းရှိတဲ့ တစ်မျိုးတည်းသော သတ္တဝါဖြစ်တယ်လို လေ့လာတွေ့ရှိ

International News
ဆင်တွေဟာ လူသားတွေအတိုင်း အမည်တပ်ခေါ်နိုင်စွမ်းရှိတဲ့ တစ်မျိုးတည်းသော သတ္တဝါဖြစ်တယ်လို လေ့လာတွေ့ရှိ

လူသားတွေကလွဲရင် သတ္တဝါတွေထဲမှာ ဆင်တွေက တစ်ကောင်နဲ့တစ်ကောင် နာမည်ခေါ်တတ်တဲ့ တစ်မျိုးတည်းသော သတ္တဝါဖြစ်တယ်လို သုတေသီတွေက ကောက်ချက်ချခဲ့ကြပါတယ်။ ဆင်တွေဟာ ဝမ်းနည်းပူဆွေးတတ်သလို သားပေါက်တွေကိုလည်း စုပေါင်းပျိုးထောင်လေ့ရှိပါတယ်။ ဒါဟာ လူသားတွေနဲ့ သဘာဝချင်း နီးစပ်ပါတယ်။ ဒါ့အပြင် ရှုပ်ထွေးတဲ့ အသံလှိင်းအနိမ့်ကို အသုံးပြုပြီး မိုင်ချီအကွာအဝေးအထိ လှမ်းဆက်သွယ်နိုင်စွမ်းလည်း ရှိကြပါတယ်။

ကော်လိုရာဒိုပြည်နယ်တက္ကသိုလ်မှ ပညာရှင်တွေရဲ့ သုတေသနကတော့ ကင်ညာနိုင်ငံမှာ ဆင်အုပ်ကို ဦးဆောင်တဲ့ ဆင်မတစ်ကောင်ကို ခြေရာခံစောင့်ကြည့်ခဲ့ကြတာပါ။ အဲဒီဆင်မဟာ ဆင်တစ်အုပ်လုံးကို အသံပြုပြီး ခေါ်ယူနိုင်သလို ဆင်တစ်ကောင်ချင်းစီကိုလည်း အသံပြုပြီး ခေါ်နိုင်စွမ်းရှိတာ တွေ့ရှိခဲ့ပါတယ်။ ဒါဟာ လူတွေ တစ်ဦးနဲ့တစ်ဦး အမည်တပ်ပြီး လှမ်းခေါ်သလို ပုံစံမျိုး ဖြစ်တယ်လို့ သုတေသီတွေက ယူဆခဲ့ကြပြီး ဉာဏ်ရည်တုနည်းပညာနဲ့ ထပ်ဆင့်လေ့လာခဲ့ကြတာပါ။

ကော်လိုရာဒိုပြည်နယ်တက္ကသိုလ်၊ Save the Elephants နဲ့ ElephantVoices တိုမှ သိပ္ပံပညာရှင်တွေဟာ ဆင်မရဲ့အသံတွေကို အသံဖမ်းယူထားပြီး လေ့လာမှုလုပ်ကြတဲ့အခါ (နာမည်တပ်ခေါ်တဲ့ အော်သံမျိုးမှာ) တခြားဆင်တွေက ဂရုမစိုက်လေ့ရှိတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် ဆင်တွေမှာ ဆင်ဘာသာစကားရှိမယ်၊ လူတွေလို အမည်တပ် ခေါ်နိုင်စွမ်းရှိမယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ တကယ်လို့သာ ဆင်တွေရဲ့ ဘာသာဗေဒကို နားလည်နိုင်စွမ်းရှိမယ်ဆိုရင် လူသားတွေနဲ့ ဆင်တွေကြား ထိပ်တိုက်တွေ့မှု ပဋိပက္ခတွေလည်း လျော့နည်းသွားမယ်လို့ သုတေသီတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...