ဘန်ကောက် ချက်တူချက်‌စျေးက အိမ်မွေးတိရစ္ဆာန်ဆိုင်ခန်းတွေ မီးလောင်,တိရစ္ဆာန်အကောင်ရေ တစ်ထောင်နီးပါးthayဆုံး

International News
ဘန်ကောက် ချက်တူချက်‌စျေးက အိမ်မွေးတိရစ္ဆာန်ဆိုင်ခန်းတွေ မီးလောင်,တိရစ္ဆာန်အကောင်ရေ တစ်ထောင်နီးပါးthayဆုံး

မီးလောင်မှုကနေ ကယ်ဆယ်ထားတဲ့ တိရစ္ဆာန်အချို့

မြန်မာတွေကြား ချက်တူချက်(Chatuchak)လို့ လူသိများတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့စျေးကြီးထဲက အိမ်မွေးတိရစ္ဆာန်တွေရောင်းချတဲ့ဇုန်မှာ ဒီနေ့မနက်ပိုင်းအစောပိုင်းတုန်းက မီးလောင်မှုဖြစ်ခဲ့တာကြောင့် တိရစ္ဆာန်အကောင်ရေ တစ်ထောင်နီးပါး thayဆုံးတယ်လို့သိရပါတယ်။

အဲဒီစျေးထဲက ဆိုင်ခန်း ၁၀၀ ကျော် မီးထဲပါသွားခဲ့တာဖြစ်ပါတယ်။

မနက် ၄ နာရီခန့်မှာ မီးလောင်ခဲ့ပြီး ဆိုင်ရှင်အများစုလည်း မရှိတဲ့အချိန်ဖြစ်တာကြောင့် တိရစ္ဆာန်တွေကို အချိန်မီ မကယ်တင်နိုင်ခဲ့ကြတာလို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

မီးထဲပါသွားခဲ့တဲ့တိရစ္ဆာန်တွေထဲမှာ ပူဒယ်ခွေးလေးတွေ၊ ပွန်မနေးရီးယန်း၊ ကြောင်တွေ၊ ကတ္တဝါလို အလှမွှေးငှက်တွေ၊ ငါးတွေနဲ့ တိုက်ကြက်တွေပါဝင်တယ်လို့ သိရပါတယ်။

မီးလောင်မှုကို တစ်နာရီကြာအောင် ငြိမ်းသတ်ခဲ့ရပြီး ရဲတပ်ဖွဲ့ကတော့ လျှပ်စစ်မတော်တဆမှုကြောင့် အခုလို မီးလောင်ခဲ့တာဖြစ်နိုင်တယ်လို့ ကနဦး ယူဆထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...