ဘန်ကောက်က Ghost Tower(တစ္ဆေတာဝါကြီး)

International News Knowledge
ဘန်ကောက်က Ghost Tower(တစ္ဆေတာဝါကြီး)

သရဲခြောက်ပါတယ်။ Ghost Tower လို့ လူသိများတဲ့ Sathorn Unique Tower ဟာ ဘန်ကောက် အသည်းနှလုံးလို ကျောက်ဖရားမြစ်နဲ့ပဏာရပြီး ထီးထီးကြီးအထီးကျန်နေတဲ့ အဆောက်အဦးကြီး ဖြစ်ပါတယ်။ ၄၉ ထပ်ရှိပြီး အဲဒီ မိုးမျှော် အဆောက်အဦးကို ၁၉၉၀ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ သူကြွယ်တွေ နေထိုင်ဖို့ ရည်ရွယ်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Ghost Tower ပေါ်ကနေ ကျောက်ဖရားမြစ်ရဲ့ အလှကို မြင်ကွင်းကျယ်နဲ့ ကြည့်ရှုခံစာနိုင်ပြီး ဘန်ကောက်ရဲ့ Sathon ခရိုင်၊ Soi 51 နဲ့ 53 အကြားက Charoen Krun ကျလနခွန် လမ်းမှာ တည်ရှိပါတယ်။
Wat Yan Nawa ဘုရားကျောင်းရဲ့ ဆန့်ကျင်ဘက်၊ BTS Skytrain ရဲ့ Saphan Taksin ဘူတာရုံနဲ့ Taksin တံတား ဆုံရာ Sathon လမ်း အဆုံးနားမှာ ဖြစ်ပါတယ်။

အဲဒီအဆောက်အဦးဟာ သရဲခြောက်တယ်လို့ နာမည်ကြီးပြီး နံရံဆေးရေးပန်းချီကားပုံတွေ အများအပြားရေးဆွဲထားတဲ့အတွက် သရဲကား ရိုက်ကူးလို့ ကောင်းတဲ့ နေရာ ဖြစ်ပါတယ်။ အဲဒိီGhost Tower မှာ နှစ်များစွာအတွင်း သရဲကားများစွာကို လာရောက် ရိုက်ကူးကြပါတယ်။

၁၉၉၀ ခုနှစ်မှာ လူချမ်းသာတွေ နေထိုင်ဖို့ ၄၉ ထပ် ပါတဲ့ အဆင့်မြင့် ကွန်ဒို အဖြစ် စတင် တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် ၇ နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ အာရှမှာ ငွေကြေးကြပ်တည်းမှု ကပ်ဆိုးဆိုက်ရောက်ခဲ့ပြီး စီမံကိန်း ရပ်နားခဲ့ရပါတယ်။ Ghost Tower နဲ့အတူ တခြား စီမံကိန်းများစွာဟာ ရပ်ဆိုင်းသွားခဲ့ပါတယ်။ တခြား စီမံကိန်း များစွာကို ပြန်လည် စတင်ခဲ့ပေမယ့် Ghost Tower စီမံကိန်းကိုတော့ ပြန်မစခဲ့ဘဲ ရပ်နားခဲ့ပါတယ်။

စီမံကိန်း ရပ်နားပြီးနောက်မှာ စူးစမ်းလေ့လာချင်သူများစွာဟာ အဲဒီကို မကြာခဏ လာရောက်ကြပါတယ်။ တချို့က လူမှုကွန်ရက်မှာ တင်ဖို့ Content တွေ ဖန်တီးဖို့အတွက် မြင့်မားတဲ့ အဲဒီ အဆောက်အဦးကို လာလေ့ရှိကြပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ လုံခြုံရေးအတွက် ၁၈၅ မီတာမြင့်တဲ့ Tower ကို တက်ရောက်ခွင့်ပိတ်လိုက်ပါတယ်။

တားမြစ်လိုက်ပေမယ့် လူတွေဟာ အဆောက်အဦး အမြင့်ပိုင်းကို တက်ပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို ဆက်လက် မျှဝေနေကြပါတယ်။

Ghost Tower ကို ဗိသုကာနဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် Rangsan Torsuwan က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ စတင် တည်ဆောက်ပြီး ၃ နှစ်အကြာမှာ Torsuwan ဟာ ထိုင်းရဲ့ ဗဟို တရားရုံး ဥက္ကဌ Pramsan Chansue ကို သတ်မှုနဲ့ သံသယရှိတဲ့အတွက် အမှုရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအမှုဟာ ၁၅ နှစ်ကြာခဲ့ပြီး ၂၀၀၈ ခုနှစ်ကျမှ တရားရုံးရဲ့ ဆုံးဖြတ်ချက် ထွက်လာပါတယ်။

Ghost Tower မှာ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေလည်း ရှိပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ညတစ်ညမှာ ဓါတ်ပုံဆရာ ၁ ယောက်ဟာ Tower ခေါင်မိုးပေါ်တက်ကာ ဘန်ကောက်ရဲ့ ရှုခင်းကို အထက်စီးကနေ ဓါတ်ပုံရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီနောက် သူဟာ အခန်း ၁ ခုထဲက မျက်နှာကျက်မှာ ကိုယ့်ကိုကိုယ် ဆွဲကြိုးချ သတ်သေထားတဲ့ အလောင်း ၁ ခုကို တွေ့လိုက်ရပါတယ်။ ရဲတွေက အဲဒီ အလောင်းကို နာရီပေါင်းများစွာ ရှာခဲ့ကြပြီး နောက်ဆုံးမှာတော့ ၄၃ လွှာမှာ ဆွီဒင် အမျိုးသား ၁ ယောက် သေဆုံးနေတာကို တွေ့ခဲ့ကြပါတယ်။

၂ နှစ်အကြာမှာ The Promise အမည်ရ သရဲကားကို အဲဒီမှာ ရိုက်ကူးခဲ့ကြပြီး တစ်ချိန်က သင်္ချိုင်း နေရာ ဖြစ်ခဲ့တဲ့ Ghost Tower ဟာ သရဲခြောက်တယ်လို့ ထင်မြင်ယူဆချက် မြင့်မားလာခဲဲ့ပါတယ်။

ဒေသခံတွေဟာ အဲဒီ အဆောက်အဦးဟာ ကြိမ်စာသင့်နေတယ်လို့ ယူဆကြပါတယ်။ ၄၆ ထပ် မြင့်တဲ့ Tower ရဲ့ အရိပ်ဟာ အနားက အလွန် တန်ခိုးကြီးတဲ့ ဘုရားကျောင်းကို လွှမ်းမိုးထားပြီး ဒေသခံတွေက ဒါဟာ မလေးစားတာကို ဖော်ပြနေတယ်လို့ မြင်ကြပါတယ်။

ဒီနေ့ခေတ်မှာတော့ အာဏာပိုင်တွေက အဲဒီတာဝါ အနားကနေ မဖြတ်သွားဖို့ သတိပေးထားကြပါတယ်။

Ref : thethaiger / kosai

ရေးသားသူ –TravelMania crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...