ဘရာဇီးနိုင်ငံရဲ့ထူးထူးခြားခြား ဘီယာယဉ်ကျေးမှု

International News
ဘရာဇီးနိုင်ငံရဲ့ထူးထူးခြားခြား ဘီယာယဉ်ကျေးမှု

ဘရာဇီးဘီယာယဉ်ကျေးမှုဟာလူမှုဆက်ဆံရေးတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေနဲ့
အများကြီးဆက်စပ်နေပါတယ်။ဘရာဇီးမှာတော့ ဘီယာကို သူငယ်ချင်းတွေ
မိသားစုတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း စကားစမြည်ပြောဖို့
Communicate လုပ်တဲ့သဘောမျိုးသောက်လေ့ရှိကြပါတယ်။

နောက်ပြီး ဘရာဇီးသားတွေဟာ ဒီလိုပျော်ပွဲရွှင်ပွဲတွေ၊ပါတီတွေလုပ်ရတာသဘောကျကြတဲ့သူတွေဖြစ်ပြီးတော့တစ်ယောက်တည်းသောက်လေ့မရှိကြပါဘူး။
သူတို့အတွက် ဒီလိုဘီယာစုသောက်ကြတယ်ဆိုတာကတစ်ယောက်အကြောင်းတစ်ယောက်သိဖို့အချင်းချင်းရင်းနှီးမှုတွေယူဖို့အတွက်သောက်ကြတာများပါတယ်။
ဘရာဇီးသားတွေဟာ ဘီယာကို သူတို့အတွက်တစ်ခွက်၊ဘေးလူအတွက်တစ်ခွက်ငှဲ့ပြီး
အတူတူခေါ်သောက်လေ့ရှိသလိုတခါတလေမှာ သူတို့မသိတဲ့သူစိမ်းတွေကိုတောင်
ခေါ်တိုက်တတ်ကြပါသေးတယ်။

ဒီလိုယဉ်ကျေးမှုတွေ၊ အပြုအမူတွေကြောင့်ပဲဘရာဇီးသားတွေကို ကမ္ဘာ့ထိပ်တန်းအရက်သမားတွေ၊ဘီယာသမားတွေအဖြစ်သတ်မှတ်ထားကြတာဖြစ်နိုင်ပါတယ်။

လူမှုရေးပွဲတိုင်း၊ အခမ်းအနားတိုင်းနဲ့နေရာပေါင်းစုံမှာ မပါမဖြစ်ဒီဘီယာနဲ့ဝိုင်တွေဟာ
လူတိုင်းကိုပျော်အောင်လုပ်ပေးနိုင်တဲ့မရှိမဖြစ်အရာတွေပဲဖြစ်ပါတယ်။ဘီယာဈေးကွက်ပေါင်းစုံထွန်းကားလာသလိုနိုင်ငံရဲ့လူမှုယဉ်ကျေးမှုတွေကလည်းတမူထူးခြားတာကြောင့်ဒီနှစ်ခုပေါင်းရဲ့အကျိုးရလာဒ်အနေနဲ့ ဘရာဇီးမှာ
ဘီယာနဲ့ဝိုင်ဟာ လူကြိုက်အများဆုံးနဲ့အသောက်အများဆုံးဖြစ်လာစေခဲ့ပါတယ်။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...