အီတလီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို သားဖြစ်သူ ကိုယ်စားတက်ယူ

International News
အီတလီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို သားဖြစ်သူ ကိုယ်စားတက်ယူ

အီတလီနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သားအငယ်ဖြစ်သူ ကင် အဲရစ်က ကိုယ်စားတက်ယူခဲ့တယ်လို့ သိရပါတယ်။

အီတလီမြို့တော် မီလန်မြို့အနီးက အဘီယာတီဂရာဆိုမြို့မှာ ပြုလုပ်တဲ့ အဲဒီဆုချီးမြှင့်တဲ့အခမ်းအနားကို ဇွန်လ ၁၅ ရက်တုန်းက ကျင်းပခဲ့တာဖြစ်ပါတယ်။

ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီးမြှင့်တဲ့အခမ်းအနားကို အဘီယာတီဂရာဆိုမြို့တော်ဝန်၊ အီတလီလွှတ်တော် အမတ်တွေနဲ့ အမတ်ဟောင်းတွေ၊ မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုဖြစ်ချိန်တုန်းက ရန်ကုန်က အီတလီ သံရုံးမှာတာဝန်ထမ်းဆောင်နေဆဲဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိတ်ဆွေ လွှတ်တော်အမတ်ဟောင်း အယ်လ်ဘတ်တီးနား ဆိုလီယန်နီတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...