ရောမခေတ်ကကျွန်တစ်ဦးရဲ့လည်ပင်းမှာ တပ်ဆင်ခဲ့တဲ့ သံကွင်း

Knowledge
ရောမခေတ်ကကျွန်တစ်ဦးရဲ့လည်ပင်းမှာ တပ်ဆင်ခဲ့တဲ့ သံကွင်း

ရောမခေတ်ကကျွန်တစ်ဦးရဲ့လည်ပင်းမှာ တပ်ဆင်ခဲ့တဲ့ သံကွင်း(Slave Collar)ဖြစ်ပါတယ်။ သက်တမ်းအားဖြင့်တော့ (၄)ကနေ (၆)ရာစု CE ကြားရှိနေပါပြီ။ အဲ့ဒီသံကွင်းမှာ ဆွဲပြားတစ်ခုလည်းပါရှိပြီး ဆွဲပြားပေါ်မှာတော့ လက်တင်ဘာသာနဲ့ “ ငါကထွက်ပြေးနေတဲ့သူမို့ ငါ့ကိုထိန်းသိမ်းဖမ်းဆီးထားပါ။ ငါ့သခင် ဇိုးနီးနပ်စ်(Zoninus)ထံ ငါ့ကိုပြန်အပ်တဲ့အခါ ရွှေဒင်္ဂါးတစ်ပြား သင်ရပါလိမ့်မယ် ” လို့ ရေးသားထားတာလည်း တွေ့ရှိရတယ်။

ဒီ Slave Collar တွေကို ရောမအင်ပါယာအတွင်းမှာရှိတဲ့ ကျွန်တွေရဲ့လည်ပင်းမှာ အတင်းအကြပ် သော့ခတ်တပ်ဆင်ထားခဲ့ကြတာဖြစ်ပြီး ဒီသံကွင်းတွေဟာ လူတစ်စုံတစ်ယောက်ကို ကျွန်အဖြစ်သတ်မှတ်ရန်နဲ့ ထွက်ပြေးလွတ်မြောက်ခြင်းမှ ကာကွယ်ရန်အပြင် ထွက်ပြေးလွတ်မြောက်နေတဲ့ ကျွန်တွေကို ဖော်ထုတ်ရန်အတွက်ပါ အသုံးပြုခဲ့ကြတယ်။

ဆွဲပြားပေါ်မှာတွေ့ရတဲ့ ကျွန်ပိုင်ရှင်ဖြစ်သူရဲ့အမည်ကို အစွဲပြုပြီး Zoninus Slave Collar လို့ အမည်ပေးထားတဲ့ ဒီသံကွင်းကိုတော့ ယခုအခါ အီတလီနိုင်ငံ ရောမမြို့က Museo Nazionale Romano မှာ ပြသထားရှိပါတယ်။

ရေးသားသူ –လူ့သမိုင်း Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...