မြန်မာက ဂျပန်အသင်းကို ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဒုတိယအကျော့ပွဲစဥ် ဖြစ်တဲ့ အိမ်ရှင် မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ ဇွန် ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
ပထမပိုင်းမှာ နှစ်ဂိုး ဂိုးမရှိိနဲ့ ဂျပန်အသင်းက ဦးဆောင်ခဲ့ပြီး ကီတိုနာကာမူရာနဲ့ ရစ်ဆုဒိုအန်တို့က သွင်းယူခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ ၇၅ မိနစ်နဲ့ ၈၃မိနစ်မှာ ဂျပန်ကစားသမား ကိုကီအိုကာဝါရဲ့သွင်းဂိုး နှစ်ဂိုး၊ နာကျင်အချိန်ပို ၉၃ မိနစ်မှာ ကီတိုနာကာမူရာက ပွဲသိမ်းဂိုးကိုသွင်းယူခဲ့တာကြောင့် အိမ်ရှင်မြန်မာအသင်းကို ၅ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိသွားပါတယ်။အခုပွဲကို ပရိသတ် နှစ်သောင်းကျော် (၂၁၂၀၀) လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။