ပဋ္ဌာန်းဆုတောင်း

Astrology Religion
ပဋ္ဌာန်းဆုတောင်း

ဟေတုပစ္စယော

အကုသိုလ်ကင်း၍ ကုသိုလ်နှင့်
ကောင်းစွာမသွေ ယှဉ်တွဲနေထိုင်ရပါစေသား.။

အာရမ္မဏပစ္စယော

ရရှိအပ်သောရုပ်နာပ်ခန္ဓာတို့တွင်
မျက်စိနှင့် နားနှစ်ပေါက်တို့ဖြင့်
နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသား..။

အဓိပတိပစ္စယော

ရုပ်နာမ်နှစ်ပါးကိုထိမ်းသိမ်းတတ်သော
နာမရူပ ပညာကို လက်၀ယ်ပိုင်သ
ကိုယ်တိုင်အားဖြင့် ရရ..ရောက်ရ
မျက်မှောက်ပြုရပါစေသား…။

အနန္တရပစ္စယော

ဘ၀များစွာတွင်
ကျင်လည်ပြီးသော အခါကာလတို့မှ
ကုသိုလ်တရားတို့ကို မျက်မှောက်ပြုရပါစေသား..။

သမနန္တရပစ္စယော

ရုပ်နာမ်နှင့် အတူရှိသော
နာမရူပ ပညာတို့၏ ကောင်းကျိုးချမ်းသာ
သုခမင်္ဂလာကိုလက်၀ယ်ပိုင်သ
ကိုယ်တိုင်အားဖြင့်ခံစားရပါစေသား..။

သဟဇာတပစ္စယော..

ရုပ်ရုပ်ချင်း နာမ်နာမ်ချင်းထင်ရှားစွာသိသော
နာမရူပပညာကို အကာလိကအားဖြင့်
သိရတတ်ရ မျက်မှောက်ပြုရပါစေသား..။

အညမညပစ္စယော

ရုပ်မှ နာမ်သို့ နာမ်မှ ရုပ်သို့
ပြောင်းလဲ၍ သိရပါစေသား..။

နိဿယပစ္စယော

ရုပ်နာမ်နှစ်ပါးတို့၏
တည်ရာမှီရာကိုကောင်းစွာမသွေ
သိရတတ်ရမျက်မှောက်ပြုရပါစေသား…။

ဥပနိဿယပစ္စယော

ရတနာသုံးပါး မိဘဆရာသမားတည်းဟူသော
အနန္တငါးပါးတို့၏ စက်လက္ခဏာကို
လက်၀ယ်ပိုင်သ ကိုယ်တိုင်အားဖြင့်
ပူဇော်၍နေထိုင်သွားရပါစေသား..။

ပုရေဇာတပစ္စယော

ရှေး…ရှေးဘ၀တို့၌
ပြုခဲ့ကုန်သော အကုသိုလ်တို့ကို ပယ်၍
ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား…။

ပစ္ဆာဇာတပစ္စယော

နောက်နောင်သောကာလ၌
ဖြစ်လာမည့် အကုသိုလ်တို့ကိုဖယ်ရှား၍
ကုသိုလ်ကို အာရုံပြုနိုင်စွမ်းရပါစေသား..။

အာသေ၀နပစ္စယော

ရုပ်နာမ်ဓမ္မတို့၌ သက်ဆိုင်သော
လိုရာဆန္ဒတို့ကို ကောင်းစွာမသွေ ပြီးပြည့်စုံစွာ
ဆောင်ရွက်နိုင်ပါစေသား…။

ကမ္မပစ္စယော

ကာယကံ ၀စီကံ မနောကံတည်းဟူသော
ကံသုံးပါးကို ထိန်းသိမ်းတတ်သော
အသိပညာ အတတ်ပညာနှင့်
ကုံလုံကြွယ်၀ ပြည့်စုံရပါစေသား..။

ဝိပါကပစ္စယော

ကမ္မကိလေသာ ၊ ဝိပါကကိလေသာ ဟူသော
၀ဋ်ကြွေးအပေါင်းကို ပယ်ဖျက်တတ်သော
အသိပညာ အတတ်ပညာနှင့် ပြည့်စုံရပါစေသား.။

အာဟာရပစ္စယော

လိုရာပြည့်စုံကောင်းစွာထောက်ပံ့နိုင်ရပါစေသား.။

အိန္ဒြိယပစ္စယော

ရုပ်နာမ်တို့ကို ထိန်းသိမ်းတတ်သော
အသိပညာ အတတ်ပညာ လက်၀ယ်ပိုင်သ
ကိုယ်တိုင်သိရပါစေသား..

စျာနပစ္စယော

သူတော်ကောင်းတရား(၇)ပါးဥာဏ်စဉ်(၅)ပါးနှင့်
ကောင်းစွာ မသွေ ပြည့်စုံရပါစေသား..။

မဂ္ဂပစ္စယော

ဘာ၀နာနှစ်ပါး အပေါင်းကို အာရုံပြု၍
မြတ်နိဗ္ဗာန်ကို အာရုံပြုရပါစေသား..။

သမ္ပယုတ္တပစ္စယော

သူတော်ကောင်းတို့နှင့် ပေါင်းသင်းရ၍
(၇)ဖြာသောတရားနှင့်ယှဉ်တွဲကာနေထိုင်ရပါစေသား

ဝိပ္ပယုတ္တပစ္စယော

လူယုတ်မာနှင့် ကင်းဝေး၍
အကုသိုလ်တရားနှင့် ကင်းရှင်းရပါစေသား..။

အတ္ထိပစ္စယော

သမုဒိသစ္စာနယ်ပယ်၏အရှိတရားဖြစ်သော
ပညတ်ကို ကောင်းစွာမသွေ သိရတတ်ရပါစေသား

နတ္ထိပစ္စယော

ပရမတ္ထသစ္စာကို လက်၀ယ်ပိုင်သ
ကိုယ်တိုင်အားဖြင့် ခံစားရပါစေသား..။

ဝိဂတပစ္စယော

ဝိဂတံ-ဂင်္ဂါဝါဠု သဲစုမကပွင့်တော်မူကြကုန်သော
မြတ်စွာဘုရားတို့ကို လက်စုံမိုးကာ ရှိခိုးပါ၏..။

အဝိဂတပစ္စယောတိ

မပွင့်သေးသော ပွင့်တော်မူမည်ဖြစ်ကြကုန်သော
ဗုဒ္ဓင်္ဂုရ ဘုရားလောင်းလျာတို့ကိုလည်း
လက်စုံမိုးကာ ရှိခိုးပါ၏၊။

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...