မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော် အဓိဋ္ဌာန် ကျင့်စဉ်တော်။

Astrology Religion
မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော် အဓိဋ္ဌာန် ကျင့်စဉ်တော်။

(Copy ပါ)

မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော် အဓိဋ္ဌာန်ကို မည်သည့်နေ့တွင်မဆို စတင်၀င် ရောက် နိုင်ပါသည် ။

နံနက် ( ၉ ) နာရီမှ ( ၁၁ )နာရီအတွင်း အဓိဋ္ဌာန် ဆောင်ရွက်ရပါမည် ။ အဓိဋ္ဌာန် တစ်ခါ ၀င် လျင် ( ၉ ) ရက် သတ်မှတ်၍ ပြီးဆုံး အောင်မြင်အောင် ပြုလုပ်ရပါမည် ။

‌အဓိဋ္ဌာန် မစမီ ဆွမ်း ၊ ပန်း ၊ ရေချမ်း ၊ နံ့သာတိုင် ၊ အလင်းတိုင် တို့ကို မိမိ စိတ်တွင် ကြည်ညိုသလို လှူဒါန်းနိုင်ပါသည် ။
ထို့နောက် ဩကာသ ကန်တော့ချိုးဖြင့် ငါးပါးသီလ ခံယူဆောက်တည်ပါ ။
ဤ ငါးပါးသီလကို တစ်နေကုန် စောင့်ထိန်းရမည် မဟုတ်ပါ ။ အဓိဋ္ဌာန် ကျင့်စဉ်တော်ဖြင့်
ပူဇော်ဆဲ တစ်ထိုင် အချိန်အတွင်းမျှသာ ဖြစ်ပါသည် ။

ပထမ ဦးဆုံး နမောတဿ ဘဂဝတော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ သုံးကြိမ် ရွတ်ပွားပါ ။

မေတ္တသုတ်တော် ရွတ်ပွားပါ ။ ပြီးလျှင် အရှေ့အရပ်သို့ စကြ၀ဠာ အဆုံးတိုင် အာရုံညွှတ်၍ မေတ္တသုတ်တော်ကို ရွတ်ပွားပါ ။
ပြီးလျှင်
အရှေ့အရပ်၌ ရှိကြကုန်သော အနန္တစကြ၀ဠာ ၊ အနန္တသတ္တဝါတို့သည် မေတ္တသုတ်တော်၏ ဂုဏ်တန်ခိုးကြောင့် ဆင်းရဲခပ်သိမ်း ၊ ဘေးရန်ခပ်သိမ်း ၊ ဒုက္ခခပ်သိမ်း ၊ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ဟု ဆုတောင်းပါ ။

ထို့နောက် အနောက်အရပ် ၊ တောင်အရပ် ၊ မြောက်အရပ် ၊
အရှေ့မြောက်အရပ် ၊ အနောက်တောင်အရပ် ၊ အရှေ့တောင်အရပ် ၊ အနောက်မြောက်အရပ် ၊
အထက်အရပ် ၊ အောက်အရပ် တို့သို့ အစဉ်အတိုင်း အရပ်မျက်နှာများသို့ အာရုံညွှတ်၍ မေတ္တသုတ်တော်ကို ရွတ်ပွား ပူဇော်၍ ထိုနည်းတူ ဆုတောင်းပါ ။

ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော် – ဟေတုပစ္စယော ၊ အာရမ္မဏပစ္စယော ၊ အဓိပတိပစ္စယော ၊ အနန္တရပစ္စယော ၊ သမနန္တရပစ္စယော ၊ သဟဇာတပစ္စယော ၊ အညမညပစ္စယော ၊ နိဿယပစ္စယော ၊ ဥပနိဿယပစ္စယော ၊ ပုရေဇာတပစ္စယော ၊ ပစ္ဆာဇာတပစ္စယော ၊ အာသေ၀နပစ္စယော ၊ ကမ္မပစ္စယော ၊ ဝိပါကပစ္စယော ၊ အာဟာရပစ္စယော ၊ ဣနြ္ဒိယပစ္စယော ၊ စျာနပစ္စယော ၊ မဂ္ဂပစ္စယော ၊ သမ္ပယုတ္တပစ္စယော ၊ ဝိပ္ပယုတ္တပစ္စယော ၊ အတ္ထိပစ္စယော ၊ နတ္ထိပစ္စယော ၊ ဝိဂတပစ္စယော ၊ အဝိဂတပစ္စယော တိ ။

အထက်ပါ အတိုင်းပင် အရပ်ဆယ်မျက်နှာသို့ တစ်လှည့်စီ ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသကို ရွတ်ပွားပူဇော်ပါ ။ ပြီးလျှင်
ထိုအရပ်၌ ရှိကြကုန်သော အနန္တစကြ၀ဠာ ၊ အနန္တသတ္တဝါတို့သည်
ပဋ္ဌာန်းဒေသနာတော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် လောကုတ္တရာ အမှောင်များ ဖြစ်သော အဝိဇ္ဇာကင်းပျောက်၍ သစ္စာလေးပါး တရားတော်များကို သိရှိကာ ဒါန ၊ သီလ ၊ ဘာ၀နာ ၊ ကုသိုလ် တရားများကို ပွားများ အားထုတ်နိုင်ကြပြီး လောဘ ၊ ဒေါသ ၊ မောဟ ဟူသည့် အကုသိုလ် တရားများ ကင်းဝေးကာ လောကုတ္တရာအလင်းသို့ ရောက်ရှိကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ဟု ဆုတောင်းပါ ။

ထို့နောက် ထို အရပ်ဒေသ၌ ရှိကြကုန်သော အနန္တစကြ၀ဠာ ၊ အနန္တသတ္တဝါတို့သည်
စားဝတ် နေရေး ခက်ခဲ ကျပ်တည်းခြင်း ၊ ရာထူးဌာနန္တရ ၊ စည်းစိမ် ဥစ္စာ ၊ အလုပ် အကိုင် လျောကျပျက်စီးခြင်း ၊ ကျန်းမာရေး ချို့ယွင်းခြင်း ၊ အနာဒဏ်ရာ စွဲကပ်ကျရောက်ခြင်း ၊ အမှုအခင်း ရင်ဆိုင် ကြုံတွေ့ရခြင်း ၊ ဘေးရန်အန္တရာယ် ကြုံတွေ့ရခြင်း ၊ မလိုမုန်းထားသူ ရှိခြင်း ၊ ပူပင် သောက ကြုံတွေ့ရခြင်း စသော အမှောင်တို့ ကင်းပျောက်၍ အလင်းသို့ ရောက်ရှိကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ။ ဟု ဆုတောင်းပါ ။

သမ္ဗုဒ္ဓေဂါထာတော် –
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ၊
ဒှါဒသဉစှ သဟဿကေ ။
ပဉ္စဿတ သဟဿာနိ ၊
နမာမိ သိရသာမဟံ ။
အပ္ပကာ ဝါလုကာ ဂင်္ဂါ ၊
အနန်တာ နိဗ်ဗုတာ ဇိနာ ။
တေသံ ဓမ္မဉ္စ သံဃဉ္စ ၊
အာဒရနေ နမာမဟံ ။
နမက္ကရာနုဘာဝေန ၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ ။
အနေက အန္တရာယာပိ ၊
ဝိနဿန္တု အသေသတော ။
ထို့နောက် သမ္ဗုဒ္ဓေဂါထာတော်ကို အထက်ပါအတိုင်း အရပ်မျက်နှာ အစဉ်လိုက် ရွတ်ပွားပူဇော်ရပါမည် ။ အရပ်မျက်နှာ တစ်ခု ရွတ်ပွားပြီးတိုင်း ထိုအရပ်ဒေသ၌ ရှိကြကုန်သော အနန္တစကြ၀ဠာ အနန္တသတ္တဝါတို့သည် ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူပြီးကုန်သော ဘုရား အဆူဆူတို့၏ ဂုဏ်တော် ၊ မေတ္တာတော် ၊ ကရုဏာတော် ၊ ပါရမီတော်တို့ကြောင့် ဒုက္ခဆင်းရဲခြင်း အပေါင်း ကင်းဝေး၍ ကောင်းကျိုးလိုရာဆန္ဒ မှန်သမျှ ပြည့်စုံ ၊ ပြည့်ဝကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ဟု ဆုတောင်းပါ ။

ထို့နောက် တပည့်တော်သည် မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေ ကျင့်စဉ်တော်ကို အဓိဋ္ဌာန် ထားရှိသည့်အတိုင်း မပျက် မကွက် ပူဇော်ပြီးမြောက်ခဲ့ပါပြီ ။ ဤကောင်းမှု ဤကုသိုလ်တို့၏ အဖို့ဘာဂကို ( ၃၁ ) ဘုံသား အားလုံးတို့သည် တပည့်တော်နှင့် ထပ်တူ ထပ်မျှ ရရှိကြစေရန် အမျှပေးဝေပါသည် ။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ဟု အမျှဝေပါ ။

ဤ ကျင့်စဉ်တော်သည် ထူးခြားလှသော ကျင့်စဉ်တော် ဖြစ်၏ ။ အဓိဋ္ဌာန် တစ်ကြိမ် ( ၉ ) ရက်ပြီးမြောက်လျှင် စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ အလုပ်အကိုင် ၊ လာဘ်လာဘတို့ သိသာစွာ ထူးခြားလာပါလိမ့်မည် ။ ကျင့်စဉ်တော် အဓိဋ္ဌာန်၀င် ပူဇော်သူများထံမှလည်း သိသာထူးခြားသော ကောင်းကျိုးများ လက်ငင်း ခံစားရကြောင်း သတင်းကောင်းများ ပြန်လည် ကြားသိနေရလျက် ရှိပါသည် ။ ထို့ကြောင့် ဤကျင့်စဉ်တော်ကို အဓိဋ္ဌာန်တစ်ကြိမ်မျှကိုတော့ ၀င် ရောက်ကြည့်ကြစေရန် မေတ္တာစေတနာဖြင့် တိုက်တွန်းအပ်ပါသည်

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...