ဂုဏ်တော်တစ်ခုစီ ပွားခြင်း၏ အကျိုးတရားများ

Religion
ဂုဏ်တော်တစ်ခုစီ ပွားခြင်း၏ အကျိုးတရားများ

အရဟံဂုဏ်တော်ပွားရင်….

သူတကာတို့ထက် ဘေးရန်ကင်းမယ်.
ကျန်းမာရေးကောင်းမယ်.လာဘ်လာဘပေါမယ်
အပူဇော်ခံရမယ်။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ပွားရင်…

သူတကာတို့ထက် စိတ်ကြည်လင်မယ်.ဉာဏ်ထက်မြတ်မယ်။

ဝိဇ္ဇာစရဏသန္ပန္နဂုဏ်တော်ပွားရင်…

သူတကာတို့ထက် အသိပညာ အတတ်ပညာများသာမယ်.ပြိုင်ဘက်မရှိထူးချွန်မယ်။

သုဂတဂုဏ်တော်ပွားရင်…

သူတကာတို့ထက် စကားစစ်ထိုးခြင်း.အမှုအခင်း.အရောင်းအဝယ်.အရေးတကြီးကိစ္စ ပြောဆိုခြင်းမှာ သာမယ်။

လောကဝိဒူဂုဏ်တော်ပွားရင်…

သူတကာတို့ထက် လောကရေး လူမှု့ရေး စသည်နဲ့
တကွ လူကင်းလူကဲ ခက်သာမယ်။

အနုတ္တရောပုရိသဓမ္မသာရထိဂုဏ်တော်ပွားရင်…

သူတကာတို့ထက် နတိလူတို့အလယ်မှာ ကောင်းသတင်း သင်းပျံမယ် ရှိခိုးဦးညွတ်ခြင်းခံရမယ်။

သတ္ထာဒေဝမနုဿာနဂုဏ်တော်ပွားရင်…

သူတကာတို့ထက် နှုတ်စ လျာစထက်မြတ်မယ်
ဆိုတိုင်းရ ကြံတိုင်းအောင်မယ်။

ဗုဒ္ဓေါဂုဏ်တော်ပွားရင်…

သူတကာတို့ထက် ဘေးဆိုး ရန်ဆိုး ကြမ္မာဆိုး အမျိုးမျိုးမှ လွတ်ကင်းမယ် ချမ်းသာခြင်းနှင့်ပြည့်စုံမယ်။

ဘဂဝါဂုဏ်တော်ပွားရင်…

သူတကာတို့ထက် ဘုန်းတန်ခိုး တေဇော် အာနုဘော် အမျိုးမျိုးနဲ့ ပြည့်စုံမယ်။
လေ့လာမိသမျှလေး မျှဝေပေးတာပါ

ဦး တေဇိန္ဒ {ဓမ္မအလင်းရောင်}Credit ပေးပါ၏။

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...