အတိုင်းထက်အလွန်တံခွန်နဲ့ကုက္ကား

Astrology
အတိုင်းထက်အလွန်တံခွန်နဲ့ကုက္ကား

မည်သည့်လုပ်ငန်း မည်သည့်စီးပွားရေး လုပ်ငန်းမဆို စတင်တည်ဆောက် လုပ်ကိုင်ကတည်းက အောင်မြင်မှုကိုလိုချင်ကြသူများသာ ဖြစ်ကြသည် ။ မိမိကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် လုပ်ကိုင်ကြသော်လည်း မအောင်မြင်သောအခါ စိတ်ဓာတ်ကျပြီး လမ်းစပျောက်ကုန်ကြတေ့ာလေသည် ။ ငွေ ၊ အချိန် ၊ လုပ်အား စိတ်ဓာတ်များပါ ဆုံးရှုံးကြရလေသည် ။

🇦🇫မိတ်ဆွေအများ ဤကဲ့သို့ မဖြစ်ရလေအောင် မိတ်ဆွေတို့ လုပ်ငန်းများ အတိုင်းထက်လွန် အောင်မြင်အောင် အဘမင်းသိင်္ခ လွန်ခဲ့သောနှစ်ပေါင်း(၂၅)နှစ်ခန့်က ပေးခဲ့ပြီးကျွန်ေတာ့်ရဲ့ ဗေဒင်ဟောသက်အတွင်း အထူးအစွမ်းထက်ခဲ့သော ယတြာလေးအား ဖေါ်ပြပေးပါမည် ။ ယုံကြည်စွာပြုလုပ်ရန် အရေးကြီးပါသည်:။ မည်သည့်အကြောင်းကြောင်းကြောင့် မအောင်မမြင်ဖြစ်နေသောကိစ္စများ ယတြာပြုပြီးသည့် အချိန်မှစ၍ အောင်မြင်မည်ဟု အလေးအနက် ယုံကြည်ပြီးမှ ပြုလုပ်ပါလေ ။

🇦🇫မည်သည့် (၇)ရက်သားသမီးမဆို မည်သည့်လုပ်ငန်းလုပ်ဆောင်သည်မဆို အခုယတြာအား ပြုလုပ်နိုင်ပါသည် ။

မိမိမွေးနေ့တွင်ပြုလုပ်ရန်

မွေးနေ့နံက်စောစောတွင်
တရော်ကင်းပွန်းဖြင့်ခေါင်း
ဆေးမင်္ဂလာပြုလုပ်ပါ ။
တန်ခိုးကြီးဘုရားတစ်ဆူသို့ သွားပါ ။
ဂြိုဟ်ပြေ နံပြေ မိမိမွေးနံဒေါင့်တွင်
ဘုရားရေသပ္ပါယ်ပါ ။
လက်ရှိရောက်ဆဲ အသက်ထက်
တစ်ခွက်ပိုပါစေ ။
အောင်သပြေပန်းတစ်စည်းနှင့်
တံခွန်ကုက္ကားတစ်စုံ ပူးချည်ပါ ။

အလင်းတိုင် (၁၁)တိုင်
အမွေးတိုင် (၁၁)တိုင် ပူဇော်ပြီး
ဘုရားရှိခိုးပါ ။
ယတြာပြုပြီး နောက်ရက်တွင်
အနောက်ဖက် မှ
အရှေ့ဘက်သို့ ကြွလာသော
ဘုန်းကြီးတစ်ပါးအား
ဘုန်းကြီးဆောင်းသော
ထီးတစ်လက် ဖွင့်
ပြီး လှူဒါန်းပြီး
မိမိလိုရာ:ဆုတောင်း
အဓိဌာန်ပြုပါလေ ။

Crdဆရာကြီးဒေါက်တာမင်းသုခ(မန္တလေး)ပို့စ်ကို ကိုးကားပါသည် ။

စာရေးဆရာ သာထက်ဇော်(မကွေး)

 

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...