ကလေးပျောက်သွားခဲ့ရင်လုပ်ရမယ့်ယတြာ
ကလေးပျောက်သွားခဲ့ရင်…
မကြာခဏ အွန်လိုင်းပေါ်မှာ
ကလေးတွေ ပျောက် ပျောက်နေတာတွေ ဖတ်ရလို့ စိတ်မကောင်းတာရယ်ကြောင့် ဒီပို့စ်ကို ပြန်လည်တဖန် တင်လိုက်တာပါ ။
ကလေးပျောက်သွားခဲ့ရင်လုပ်ရမယ့်ယတြာ
စက္ကူအဖြူရောင် တစ်ရွက်မှာ အိမ်ပြန်ရောက်လာစေချင်တဲ့ ကလေးရဲ့ နာမည်ကို ပီပီသသရေးပါ ။
ပြီးရင် စာရွက်ကို လိပ်ပါ ။
လိပ်ပြီးရင် ရေအပြည့်ထည့်ထားတဲ့ ဖန်ပုလင်းတစ်လုံး(ကော်ရေဗူးမရပါ)ထဲကို အဲဒီလိပ်ထားတဲ့ စာရွက်ကို ထည့်လိုက်ပါ ။ ထည့်ပြီးရင် ပုလင်းအဖုံးကိုရေလုံအောင် ပိတ်လိုက်ပါ ။
အဲဒီလို ပိတ်ပြီးပြီဆိုရင်တော့
အိမ်ကနေ ပျောက်သွားတဲ့ကလေးရဲ့ အင်္ကျီတစ်ထည်(နောက်ဆုံးဝတ်ခဲ့တဲ့ အင်္ကျီဆိုရင် ပိုကောင်းပါတယ်)ပေါ်ကို ရေပုလင်းလှိမ့်ပေးရင်း နာမည်ခေါ်ကာ အမြန်ပြန်လာစေဖို့ ဆုတောင်းပါ ။ အကြိမ်အရေအတွက် ကန့်သတ်မှု မရှိပါဘူး ။ အမှတ်ရတိုင်း ပြန်မလာမချင်း လှိမ့်ပေးနေရပါမယ် ။
သတိထားရမယ့် အချက်တစ်ချက် ရှိပါတယ် ။
အဲဒါက ဘာလဲဆိုတော့….
ပုလင်းလှိမ့်တဲ့သူဟာ အိမ်ရဲ့အတွင်းဖက်ကိုပဲ ပုလင်းကိုလှိမ့်ပေးရမှာပါ ။ အပြင်ဘက်ကို လှိမ့်နေတာမျိုး မဖြစ်ရပါဘူး ။
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။