ကျော်ဇောထင်ရှားစေချင်ရင်

Astrology
ကျော်ဇောထင်ရှားစေချင်ရင်

လူတဦးတယောက် အန္တရာယ်ကင်းခြင်တယ်၊ကျော်ကြားခြင်တယ် အကြံအစည်အောင်မြင်စေခြင်တယ်ဆိုရင် အဲ့ဒီလူရဲ့နေ့နာမ် ပဥ္စပွတ်နေ့ ပထမအခါမှာ နံနဲ့ပဥ္စပွတ်တွဲထားတဲ့ အသားကို ဆန်၊ပန်း၊ ပေါက်ပေါက်ကြဲပြီး လိုရာဆုတောင်းပါ။ပြီးတော့ ပဥ္စပွတ်နံ နတ်ရုပ်ထုကိုထုကာ ရွှေသုံးထပ်ချပါ။ဘုရားရှေ့မှာ မေတ္တာသုတ် ဂုဏ်တော်များရွတ်ပြီး အဲ့ဒီနတ်ရဲ့ အရံဂါထာကို ၃၇ခေါက်ရွတ်ပါ။ ပြီးလျှင် သန့်သန့်ပြန့်ပြန့် ဆောင်၍ထားပါ။

တနင်္ဂနွေသားသမီးများ ကြာသာပတေးနေ့နံနက်၆နာရီမှ ၇ခွဲအတွင်း အောင်မဲဖြူမြစ်ကို ဗြဟ္မာရုပ်ထု ထုဆစ်၍( ဥုံ တိ ပိ ဣစ္ဆာန္တော သွားဟ) ဟူသောအရံဂါထာဖြင့် ၃၇ခေါက်ရွတ်၍ ဆောင်။

တနင်္လါသားသမီးများ သောကြာနေ့နံနက်၆နာရီမှ၇ခွဲအတွင်း ကသစ်မြစ်ကို သိကြားရုပ်ထု၍( ဥုံ တိ ပိ ဣစ္ဆာန္တော သွားဟ)ဟူသောအရံဂါထာဖြင့် ၃၇ခေါက်ရွတ်၍ ဆောင်စေရမည်။

အင်္ဂါသားသမီးများ စနေနေ့နံနက်၆နာရီမှ၇ခွဲအတွင်း စွယ်တော်သားကို နေနတ်သားရုပ်ထု၍ (ဥုံ ရ မ မန္ဒာ ဣနသမ သွားဟ)ဟူသော အရံဂါထာဖြင့် ၃၇ခေါက်ရွတ်ဆို၍ ဆောင်စေရမည်။

ဗုဒ္ဓဟူးသားသမီးများ တနင်္ဂနွေနေ့ နံနက်၆နာရီမှ၇ခွဲအတွင်း ဝါးမြစ်ကို အရိန္ဒမနတ်မင်းရုပ်ထု၍ (ဥုံ နန္ဒာ တေဇော ဣစ္ဆန္တော သွားဟုံ)ဟူသော အရံဂါထာဖြင့် ၃၇ခေါက်ရွတ်၍ ဆောင်စေရမည်။

ကြာသာပတေးသားသမီးများ တနင်္လါနေ့ နံနပ်၆နာရီမှ၇ခွဲအတွင်း မန်ကျဥ်းသားကို ကုသေရနတ်မင်းရုပ်ထု၍ (ဥုံ ဥတ္တရဥ္စပိဿရာဇ ရေဝေရောတံ ပဿတိ ယက္ခနံ အဓိပတိမဟာရာဇာ ယဿသိနော)ဟူသော အရံဂါထာဖြင့် ၃၇ခေါက်ရွတ်ဆို၍ ဆောင်လေ။

သောကြာသားသမီးများ အင်္ဂါနေ့နံနက်၆နာရီမှ၇ခွဲအတွင်း သစ်ဆိမ့်သားကို စကြာမင်းရုပ်ထု၍ (ဥုံ နန္ဒာ အရဟံ သွားဟ)ဟူသောအရံဂါထာဖြင့် ၃၇ခေါက်ရွတ်ဆို၍ ဆောင်ရ၏။

စနေသားသမီးများ ဗုဒ္ဓဟူးနေ့ နံနက်၆နာရီမှ၇ခွဲအတွင်း ထင်းရူးသားကို လနတ်သားရုပ်ထု၍ (ဥုံ သုဘ စန္ဒာ ဣနဿ စန္ဒာ သွားဟုံ)ဟူသော အရံဂါထာဖြင့် ၃၇ခေါက်ရွတ်ဆို၍ ဆောင်ရ၏။

ဤနည်းမှာ အမှန်တကယ်လုပ်ပါက မိမိ၏ အကြံအစည်များအောင်မြင်စေခြင်း၊ အန္တရာယ် ဘေးမှကင်းဝေးစေခြင်း၊ ထင်ရှားကျော်ကြားစေခြင်း စသော အကျိုးကို ဖြစ်စေ၏

အားလုံး အဆင်ပြေကြပါစေ

ရေးသားသူ –ဆရာဇင်မင်းထက်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...