ကွဲစေ

Astrology
ကွဲစေ

ယနေ့ခေတ်မှာ အိမ်ထောင်ရေး၊အချစ်ရေးတွေမှာ နောက်မှ ပေါ်လာသူ၊ကြားဖြတ်သူ၊အိမ်ထောင်ရှိမှန်းသိသိကြီးနဲ့တမင်ရှေ့တိုးနေသူတွေ ဒုက္ခအရမ်းပေးနေပါတယ်။တစ်ရက်တစ်ရက် လာလိုက်ရင် ဒီကိစ္စတွေဘဲ များနေတာ။ယောကျ်ားတွေရော မိန်းမတွေရော ကျူးလွန် နေကြတဲ့ခေတ်ရောက်လာပါပြီ။သစ္စာမရှိကြတော့ဘူး။သာယာနေတဲ့ အိမ်ထောင်ရေး၊အချစ်ရေးတွေကြားမှာ အဲဒီမထင်မှတ်တဲ့ ကြားလူ ဝင်လာပြီဆိုရင် ပြသနာက တော်တော်နဲ့မရှင်းနိုင်တော့ဘူး။

ကျွန်တော်တို့ဗေဒင်ဆရာတွေကလည်း နည်းမျိုးစုံနဲ့ ဒီကိစ္စတွေ အဆင်ပြေအောင်ဖြေရှင်းပေးနေကြရပါတယ်။အဆင်ပြေသွားကြတာတွေရှိသလို အဆင်မပြေတာတွေလည်း ကြုံရပါတယ်။အဲဒီလိုကိစ္စမျိုးတွေမှာ ကျွန်တော်လုပ်ပေးတဲ့ယတြာတွေထဲက အထိရောက်ဆုံးယတြာလေးတစ်ခုရှိပါတယ်။
ဒီယတြာလေးကို လုပ်ကြည့်ကြပါ။

အတော်များများအဆင်ပြေကြပါတယ်ဆိုတာ ကျွန်တော့်လက်တွေ့ပါ။
မိမိအိမ်ထောင်ဘက်ရဲ့မွေးနေ့မှာ မိုးပျံပူဖောင်းတစ်ခုကို (အဲဒီပူဖောင်းက သူများရောင်းတဲ့ဟာဖြစ်ပါစေ-ကိုယ်တိုင်မှုတ်ထားတာဆို မထိရောက်ပါဘူး=မိုးပျံပူဖောင်းအဆင်မပြေရင် ရိုးရိုးပူဖောင်းသုံးပါ=မိုးပျံပူဖောင်းကတော့ ပိုစွမ်းပါတယ်)
မိမိအိမ်ထောင်ဘက်(သို့မဟုက်)ချစ်သူရဲ့နာမည်ကို ဆော့ပင်အနီဖြင့်ရေးပါ။
ပြီးရင် အနှုတ်လက္ခဏာရေးပြီး မိမိအိမ်ထောင်ဘက်နဲ့ရှုပ်နေသူရဲ့နာမည်ကိုရေးပါ။
ဥပမာ=မောင်နီ-မဖြူ
ပြီးရင် အပ်တစ်ချောင်းနဲ့ဖောက်ပစ်ပါ။(အနှုတ်လက္ခဏာနေရာတည့်တည့်ကိုဖောက်ပါ)

ဖောက်တဲ့အချိန်မှာ ပါးစပ်ကနေလည်း -“သူတို့နှစ်ဦး အမြန်ကွဲပါစေ” လို့ရွတ်ပေးပါ။
အပါတ်တိုင်းလုပ်ပါ။
မကြာခင် သူတို့ကွဲသွားကြောင်းကို ကြားရမှာပါ။

ဒီနည်းကို မယားငယ်တွေ အနှောင်းတွေက မယားကြီးနဲ့ကွဲအောင် လုပ်တဲ့နေရာမှာ သုံးလို့ အသုံးမတည့်တဲ့အပြင် သူတို့မကွဲဘဲ ကိုယ်နဲ့သာကွဲတတ်ပါတယ်။မသိဘဲ သုံးနေကြမှာဆိုးလို့သတိပေးတာပါ။အရင်ရည်းစားနဲ့ကွဲအောင် နောက်ရည်းစားကလည်း လုပ်လို့မရပါဘူး။

ကျွန်တော် စကားလုံးအသုံးအနှုန်းရိုင်းသွားတာရှိရင် သီးခံပေးကြပါ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...