ချေးထားတဲ့ ငွေကြေးများ ပြန်ရရှိစေဖို့

Astrology
ချေးထားတဲ့ ငွေကြေးများ ပြန်ရရှိစေဖို့

ပြဿနာ ပေါင်းစုံ ဖြစ်ပေါ်နေတဲ့ခေတ်ကြီးထဲမှာ
မိမိပေးထားတဲ့ငွေကြေး ချေးထားတဲ့ငွေကြေး
သွားတောင်းရတဲ့ ပြဿနာက တော်တော့်ကိုခံရခက်ပါတယ် ။
လာယူတုန်းက မျက်နှာချိုလေးတွေ..
ပြန်တောင်းတော့ မျက်နှာမဲ့တဲ့ပုံလေးတွေနဲ့..။

မြန်မာ့ စကားပုံထဲကလို..
“ကြွေးယူတော့ပြုံးပြုံး တောင်းတော့မုန်း”ပုံစံအတိုင်း
သွားတောင်းတဲ့အခါ မိမိထံမှငွေကြေးယူထားတဲ့
သူရဲ့မျက်နှာက ခပ်ထန်ထန် မာရေကြောရေနဲ့
ဆက်ဆံတာတွေ တွေ့ဖူးကြမှာပါ.

ပိုဆိုးတာက
နူတ်ကြမ်း အာကြမ်းတဲ့ သူနဲ့တွေ့လို့ကတော့
ရန်မဖြစ်ယုံတမယ်ပဲ ဆက်ဆံတာကပိုဆိုးတယ်။
ဒီလိုမျိုးတွေကြုံလာပြီ မိမိရစရာရှိတဲ့
ငွေကြေးသွားတောင်းစရာပေါ်လာပြီး
ပေးမယ့်သူက ဘုစပ်စပ်နဲ့မပေးချင်သလို
ပေးချင်သလိုမျိုးဖြစ်နေရင်
ဒီနည်းလေးကို သိထားဖို့လိုတယ်။

နည်းလေးအတိုင်း သေချာလေးပြုလုပ်ရင်
တဖက်သူက မိမိထံပေးစရာရှိတဲ့ငွေကြေးကို
ချောချောမွေ့မွေ့နဲ့ ပြန်ပေးတာကိုတွေ့ရပါလိမ့်မယ်။
“မိမိထံမှငွေချေးသွားသူ၏နာမည်အမည်နာမကို
မိမိ၏ဘယ်ဘက် လက်ဝါးမှာရေးပါ ယူသွားတဲ့
ငွေကြေး၏ ငွေအမောက်ကိုပါ ထည့်ရေးပါ”
ဥပမာ….မောင်ဖြူက
ငွေ ဆယ်သိန်း ယူသွားရင်။
“မောင်ဖြူ ..ငွေဆယ်သိန်း”ဟုရေးပါ။

ပြီးရင် အုန်း(၆)ညွှန့် ဒါန်း(၇)ညွှန့်ကို
ချည်စရာ ကြိုးတစ်ခုခုဖြင့်ပူးချည်ပြီး..။
(၇)ချက်တိတိ အသက်အောင့်၍စောစောက
နာမည်ရေးထားတဲ့ ဘယ်ဘက်လက်ဝါးကို
“ချေးထားတဲ့ငွေကြေးများ အမြန်ဆုံးပြန်ဆပ်ပါ
အမြန်ဆုံး ပြန်ပေးပါ”ဟု လေးလေးနက်နက်နဲ့
ဆုတောင်းပြီး ရိုက်ကြည့်ပါဗျာ”
ပထမ တစ်ခါလုပ်လို့ အဆင်မပြေရင်
ဒုတိယ အကြိမ် ထပ်လုပ်ပါ ။

ဒုတိယ အကြိမ် အဆင်မပြေရင်
တတိယ အကြိမ် ထပ်လုပ်ပါ။
(သုံးကြိမ် တိတိ ပြုလုပ်ပါ )
တကယ့်ကို လက်တွေ့
ထူးခြားစေတဲ့ နည်းလေး
တစ်ခု ဖြစ်ပါလေတော့သည်…။

credit sayar win maw aung

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...