ဂန္ဓဗ္ဗနတ်နှင့် (ဝမ်းတွင်းစုန်း)အကြောင်း
နံ့သာပင်သို့၌…
ပဋိသန္ဓေတွယ်၍
နံ့သာပင်မှာနေကြကုန်သော
ဂန္ဓဗ္ဗနတ်(၁၀)မျိုးရှိပါသည်။
ယင်း(၁၀)သည်ကား
၁။ မူလဂန္ဓဗ္ဗနတ်၊ ၂၊ သာရဂန္ဓဗ္ဗနတ်၊
၃။ ဖေဂ္ဂုဂန္ဓဗ္ဗနတ်၊ ၄။ တစဂန္ဓဗ္ဗနတ်၊
၅။ ပဋိကာဂန္ဓဗ္ဗနတ်၊ ၆။ ခန္ဓဂန္ဓဗ္ဗနတ်၊
ရဂန္ဓဗ္ဗနတ်၊ ၈။ ပုပ္ဖဂန္ဓဗ္ဗနတ်၊
၉။ ဖလဂန္ဓဗ္ဗနတ်၊ ၁၀။ ပတ္တဂန္ဓဗ္ဗနတ်တို့
ဖြစ်ပါသည်။
တောတောင် သစ်ပင်ကြီးငယ်စည်တို့၌
တည်သော ဘုံဗိမာန်အဖြစ်စံနေသော
နတ်မျိုးတို့ကို ရုက္ခစိုရ်နတ်ဟု ခေါ်သကဲ့သို့
မြေ၌ ဘုံဗိမာန်လုပ်၍သော နတ်မျိုးတို့ကို
ဘုမ္မစိုရ်နတ်ဟုခေါ်ဝေါ်ကြပါသည်။
မြတ်စွာဘုရားရှင်သည်…
ရဟန်းသံဃာတော်များအား
မြက်မနူတ်ရဟု ပညာတ်ခဲ့သည်မှာ
ထိုဘုမ္မစိုရ်နတ်ကို အကြောင်းပြု၍
ပညာတ်ခဲ့ခြင်းဖြစ်ပါသည်။
ရုက္ခစိုးနတ်များသည်…
မိမိတို့မှီခိုရာ သစ်ပင်သေလျှင်၊
အခြားနေရာသို့ ပြောင်းရွှေ့
သွားတတ်ပါသည်၊ သစ်တုံးမှာနေရိုးမရှိကြပေ။
သစ်ပင်အတွင်း(သစ်ခေါင်း)၌နေသော
နတ်တို့ကို ပါဠိတော်၌ ဂန္ဓဓဗ္ဗနတ် ဟုခေါ်ဆိုပါသည်။
ယခုခေတ်တွင်…
သစ်ဘီလူးဟူ၍ ခေါ်ဆိုနေသော
ယင်းသစ်ဘီလူးခေါ် ဂန္ဓဗ္ဗနတ်မျိုးသည်
သစ်တုံးဆွေးသည်အထိ မှီခိုနေထိုင်ကြသည်။
အိမ်တိုင်၊ ကျောင်းတိုင်တို့၌ အမျက်ဆိုးပါ၍
သစ်ခြောက်သည်ဟု ပြောဆိုနေကြသည်ကို
လောကတွင်ဖြစ်ပေါ်နေသော
အကြောင်းအရာများ ထင်ရှားတဲ့
သာဓက များစွာရှိနေပါတယ်၊
အနည်းငယ်မျှတင်ပြပါဦးမည်။
လူတစ်ဦးတစ်ယောက်-
အိမ်ခြံဝယ်စဉ်က အိမ်ခြံပိုင်ရှင်က
ဘာမ မပြောသော်လည်း၊
ပတ်ဝန်းကျင်ကမူ အဲဒီ အိမ်ခြံကြီးက
ကြမ်းသည် မနေရဲကြလို့၊
ပိုင်ရှင်ပြောင်းသွားသည်မှာ သုံးလေးဦး
ရှိသွားပြီ၊ ဝယ်ယူနေထိုင်သူမှန်သမျှ
အန္တရာယ် တစ်မျိုးမျိုးနှင့်ကြုံတွေ့ပြီး
စီးပွားပျက်၊ ကလေးတွေသေလို့
ပြန်ရောင်းခဲ့ကြတယ်။
စသည်ဖြင့်…
ပြာဆိုနေကြသည်မှာ လူတို့ကိုအမျိုးမျိုး
ဒုက္ခပေးတတ်သော ဂန္ဓဗ္ဗနတ်ဆိုးကြောင့်ပင်ဖြစ်ပါသည်။
ရှေးရှေးဘဝတို့၌..
ယုတ်ညံ့သော မကောင်းမှုကံတွေ
ပြုခဲ့ဘူးကုန်သော အချို့သော
ဂန္ဓဗ္ဗနတ်တို့သည်၊ လူမိန်းမတို့၏
ကိုယ်တွင်း(ဝမ်းတွင်း)တို့၌ ဗူးသွင်း၍
ဗိမာန်ဆောက်၍ပေးပြီးလျှင်
ဂန္ဓဓဗ္ဗနတ်လည်း ကိုယ်ထဲမှာနေတော့၏။
ပညာအာနူဘော်။ နတ်အာနူဘော်အစွမ်း
နှစ်ပါးနှင့် ယှဉ်ကြကုန်၍ လူမိန်းမဝမ်းထဲမှာ
ဖြစ်ပေါ်လာသော ထို ဝမ်းတွင်းစုန်းတို့ကို
ပါဠိတော်၌ ဂန္ဓဗ္ဗနတ် ဟုခေါ်ဆိုပါသည်။
ယောဂီနီ။ ဇော်ဂနီဇုဏ်း(စုန်း) ဟူ၍
ခေါ်ဝေါ်အပ်သော ဂန္ဓဗ္ဗနတ် တည်ရာ
မိန်းမတို့ကို စုန်းမဟူ၍ ခေါ်ဝေါ်ကြသည်။
ပဋိသန္ဓေတည်နေသည့်
အချိန်မှစ၍၊ ဂန္ဓဗ္ဗနတ် ထပ်ကြပ်မကွာ
ပါလာသော မိန်းမကို (ဝမ်းတွင်း)
စုန်းမ ဟူ၍ခေါ်ကြသည်။
ဗူးသွင်းခြင်းခံရသူဟု ပြောကြဆိုနေသည်မှာ
ဤမိန်းမများကို ဆိုလိုခြင်းဖြစ်ပေသည်။
ထိုမိန်းမတို့သည် မိမိတို့ကိုယ်၌
ကိန်းအောင်းနေသော ဂန္ဓဗ္ဗနတ်၏
အစွမ်းသတ္တိကြောင့် အခြားသောသူများကို
နှိပ်စက်ခြင်း၊ ဖမ်းစားခြင်းစသော
မကောင်းမှုများကို ပြုလုပ်နိူင်ကြကုန်၏။
ထိုဂန္ဓဗ္ဗနတ်မျိုးတို့ကို ဗေဒင်ကျမ်း၊
ဆေးကျမ်း၊ မှော်ကျမ်းတို့၌
ဇော်ဂနီနတ်ဟု ပြဆိုထားပါတယ်။
ထိုဇော်ဂနီနတ်တို့သည် မိမိတို့သည်
အမှတ် အသားထားကြကုန်သည့် အတိုင်း၊
ညဉ့်အခါတို့ဝယ် မိမိတို့ တန်ခိုးအမျိုးဖြင့်
ကျက်စားကြကုန်၏။
ထိသို့ ကျက်စားကြသည့် ဉာဉ့်အခါမှာ
ထွန်းပတတ်သော အလေ့ရှိသောကြောင့်
“ဇုဏ” မည်ကုန်၏၊ ၎င်းဇုဏမှ ဇုဏ်း၊
ဇုဏ်း၊ စုန်းဟူ၍ မြန်မာဝေါဟာရ
တွင်ကျယ်လာခဲ့ပေသည်။
ထိုဇော်ဂနီစုန်းတို့သည်…
အတတ်ပညာ မဖက် သက်သက်
မိမိကိုယ်တွင် ဗိမာန်နှင့်တကွဖြစ်၍
နေလာသော ဂန္ဓဗ္ဗနတ်၏ အာနူဘော်ကြောင့်
မိမိတို့ကြံစည်တိုင်း အခြားသူများကို ပြုစားခြင်း၊
ဖမ်းစားခြင်း၊ နှေင့်ယှက်ခြင်းစသော
မကောင်းမှုများကို ပြုလုပ်ကြကုန်၏။
ပဋိသန္ဓေ…
တည်နေသည်မှစ၍၊ ဂန္ဓဗ္ဗနတ်ထပ်ကြပ်မကွာ
ပါလာကြောင့်၊ မကောင်းမှုကို မိမိတို့ကြံစည်တိုင်း
ဖြစ်လေတော့သည်၊ အိန့်တလိမ့်စုန်း၊
ဇော်ဂနီစုန်း ထိုစုန်းကို မသင်ဘဲတတ်သောကြောင့်၊
ဝမ်းတွင်းစုန်း ဟု ခေါ်ဆိုကြပါသည်။
ပညာသည် ခေါ်စုန်းဗူး အမည်များ။
၁။ ရေဗူး၊ ၂။ မြေဗူး၊ ၃။ အရွှေဗူး၊
၄ ။ အရိဗူး၊ ၅။ သွေးဗူး၊ ၆။ လေဗူး၊
၇။ အစိမ်းဗူးများဖြစ်ပါသည်။
ဗူးသွင်းခြင်း လက္ခဏာ…
ကဝေမြောက်စုန်းနှင့် အိန့်တလိမ့်စုန်းများက
စေခိုင်းသဖြင့် ဂန္ဓဗ္ဗနတ်ခေါ် ဇော်ဂနီနတ်တိုက
လူမိန်းမ ဝမ်းတွင်း၌ ဗူးသွင်းခြင်း အမှုကိုပြုလေ၏။
အပင်း၊ ပညာဗူးများ အသွင်းခံရသော
သူများမှာ ခံစားရသည့် ဝေဒနာကား
လက်ဝဲနံအောက်တွင် တင်းမာခြင်း၊
အဖုအလုံးကဲ့သို့ တည်ရှိနေတတ်ခြင်း၊
ရင်ပြည့်ရင်ကယ် ဖြစ်တတ်ခြင်း၊
ခေါင်းမူး ခေါင်းကိုက်ဖြစ်တတ်ခြင်း၊
မောပန်းတတ်ခြင်း၊ ဇက်ကြောတက်ခြင်း၊
အော့အံတတ်ခြင်း၊ ငိုခြင်း ရယ်ခြင်းများ
ဖြစ်တတ်ခြင်း စိတ်တို စိတ်လေ၊ ထိုင်းမှိုင်းခြင်း၊
အိမ်မက်ဆိုးများ မြင်မက်ခြင်းစသည် လက္ခာများ
ဖြစ်တတ်ပါသည်။
အထက်တွင် ဖော်ပြပါ
ရောဂါလက္ခဏာများ ၇၅% ရာခိုင်နှုန်း
ဖြစ်ပေါ်ခံစားနေပါက၊ ပညာသည်ဗူးစက်များ
ဖြစ်ကြောင်းကို သတိပြုစေချင်ပါတယ်။
ထို အပင်းစက်၊ ပညာဗူးစက်များ
ကာလရှည်ကြာလာပါက ပညာသည်ခေါ်
စုန်းအတတ်ပညာများ ဖြစ်သွားပါသည်။
ပြန်လည်ကူးယူ၍ဖော်ပြသည်
မူရင်းရေးသားသူကိုလဲ အထူးကျေးဇူးတင်သည်
ရေးသားသူ –Crd
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။