ငွေကြေးနဲ့ပတ်သက်ပြီး ပူပန်နေရတဲ့သူတွေအတွက် အဆောင်ကောင်းလေးတစ်ခု

Astrology
ငွေကြေးနဲ့ပတ်သက်ပြီး ပူပန်နေရတဲ့သူတွေအတွက် အဆောင်ကောင်းလေးတစ်ခု

အဲ့ဒါက က‌ရဝေးရွက်လို့ခေါ်တဲ့ Bay Leafပါ။
ကရဝေးရွက်ကို ပိုက်ဆံအိတ်ထဲ ထည့်ဆောင်ရင် ငွေတွေမြဲတယ်၊ ငွေတွေကိုဆွဲအားရှိလို့ ငွေဝင်တယ် ဆိုတာတွေကို ကြားဖူးတဲ့သူလည်း ကြားဖူးနိုင်ပါတယ်။ ဒါကတော့ မသိသေးတဲ့သူတွေအတွက် sharingလုပ်တဲ့သဘောမျိုးပါ။
မယုံကြည်တဲ့သူတွေကိုလည်း ပြိုင်မငြင်းပါဘူး။ ဒါလေးလိုက်လုပ်ကြည့်လို့ အဆင်ပြေတယ်ဆိုတဲ့သူ တစ်ယောက်လောက်ရှိရင်ကို ကျေနပ်ပါတယ်။

ပထမတစ်ခုက ကိုယ့်ပိုက်ဆံအိတ်၊ ဈေးဆိုင်ဆိုရင် ပိုက်ဆံထည့်တဲ့ပုံးထဲမှာ ကရဝေးရွက် တစ်ရွက်ထည့်ပါ။ ဒါလေးက ငွေတွေကိုဆွဲအားရှိတယ်၊ ငွေတွေဝင်လာပါစေဆိုပြီး နေ့စဉ်ဆုတောင်းလို့ရပါတယ်။ ကိုယ့်လုပ်ငန်းတွေ အရင်ကထက်ပိုအဆင်ပြေလာတာ၊ ဈေးပိုရောင်းကောင်းလာတာမျိုး ဖြစ်လာပါလိမ့်မယ်။
(ဘာမှမလုပ်ဘဲနဲ့တော့ ငွေမဝင်ပါဘူးနော်၊ actionရှိမှ reactionရှိတဲ့သဘောမျိုးပါ၊ ဝင်လာမယ့်ငွေကို အတားအဆီးမရှိစေတဲ့သဘောမျိုးပါ)
နောက်တခု အသုံးဝင်ပုံလေးက ရေမချိုးခင် ရေခွက်တစ်ခွက်ထဲ ကရဝေးရွက်နည်းနည်းထည့်ပြီး အဲ့ရေနဲ့ ချိုးပါ။ ငွေတွေဝင်လာပါလိမ့်မယ်။

Full Moon မှာလုပ်ရမယ့်‌နည်းလမ်းတခုကတော့ ကရဝေးရွက်ပေါ်မှာ ကိုယ်ဖြစ်ချင်တာကို ချရေး၊ ပြီးရင် မီးရှို့ပြီး ဆုတောင်းပါ။ Universeက ကိုယ်ဖြစ်ချင်တာကို မြန်မြန်ပြည့်အောင် ကူညီပါလိမ့်မယ်။

New Moon မှာကျတော့ ကိုယ့်မှာရှိနေတဲ့ fearsတွေ၊ negative thoughtsတွေ ကိုယ်မလိုချင်တဲ့အရာတွေကို ကရဝေးရွက်မှာရေးပြီး မီးရှို့ပါ။ မီးရှို့ပြီးတာနဲ့ အဲ့အရာတွေအားလုံးကို releaseလုပ်နိုင်သွားပြီဆိုတာမျိုး ရေရွတ်ပါ။ အဲ့အရာတွေ ကိုယ့်ဆီကနေ ထွက်သွားအောင်၊ မရှိတော့အောင် Universeက ကူညီပါလိမ့်မယ်။ Edit- ကိုယ်ဖြစ်ချင်တဲ့ Goalsတွေလည်း New Moonမှာရေးပြီး မီးရှို့ပြီး ဆုတောင်းလို့ရပါသေးတယ်။ မလိုချင်တာတွေ ထွက်သွားအောင်လုပ်ပြီး ဖြစ်ချင်တာတွေပါ ထပ်ဆုတောင်းလို့ရပါတယ်။

ရေးသားသူ –Credit

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...