တစ်နှစ်လုံးမှတစ်လသာကျရောက်သော ဆန်းစနေ ပြည့်စနေ ကွယ်စနေ
လတစ်လ၏ စနေဆန်း စနေကွယ်သောနေ့ရက်သည် တစ် နှစ်လုံးမှ တစ်လသာ ကျရောက်ပါသည်။
ထိုနေ့တွင် ခန္ဓသုတ် ဓိဋ္ဌာန်ဝင်ရောက်ရပါသည်။
ဝင်ရောက်ရန်နည်းလမ်းများ
၁။ နီးစပ်ရာ နဂါးရုံဘုရားသို့သွားရောက်၍ ခန္ဓသုတ်ပရိတ် ၉ ခေါက် ရွတ်ဖတ်ပေးပါ။ ပထမရက်သာ ဘုရားတွင် ဝင်ရောက်၍ နောက်ရက်တွင် အိမ်တွင် ဆက်လက်ဝင်ရောက်နိုင်သည် (၉)ရက် ဆက်တိုက်ဝင်ရပါမည်။
အကယ်၍ ရွှေတိဂုံတွင်ဝင်ရောက်မည်ဆိုပါက နာဂသိင်္ဂီ ဘုရားနှင့် နဂါး(၉)ကောင်ဘုရားနှင့် ခြေတော်ရာတန်ဆောင်း
တွင် ဝင်ရောက်နိုင်ပါသည်။ မိမိအိမ်မှနေ၍လည်း ၉ ရက်လုံး ဝင်ရောက်နိုင်ပါတယ်။
စနေကျင့်စဉ်အား ဖော်ပြပေးပါမည်
တာဝတိံသာနတ်ပြည်မှာရှိသော ကောင်းကင်နဂါးမင်းအား ပင့်ဖိတ်ပါ။
ပြီးနောက် ကုန်းနဂါး ရေနဂါး လေနဂါး
နဂါးမင်းအပေါင်းနှင့် နဂါး မယ်တော်တို့အား ပင့်ဖိတ် ပါ။
ပင့်ဖိတ်ရန်မှာ
နှင်းဆီအနီရောင် ၉ ပွင့်အား ပန်းအိုးသီးသန့်ဖြင့် ထိုးပါ။
အမွှေးနံ့သာဖြန်းပါ။ အလင်းတိုင် အနီရောင် ၃ တ်ိုင် ပူဇော် ၍ ပင့်ဖိတ်ရပါမည်။
မပင့်ဖိတ်မီ အလင်းတိုင် အဖြူရောင် အတိုင်ကြီး ၁ တိုင် ဦး စွာ ကြွေပန်းကန်ပြားတွင် ထွန်းညှိ ပူဇော်ပါ။
ပြီးနောက် ဘိုးတော်သိကြားမင်းအားတိုင်တည်၍ မိမိသည် ကောင်းကင်နဂါး ကုန်းနဂါး ရေနဂါး တောင်နေနဂါး မင်းတို့ အား ပင့်ဖိတ်၍ ခန္ဓသုတ်တော်ဖြင့် ပူဇော်မည်ဖြစ်ပါကြောင်းခွင့်တောင်း လျှောက်ထားပါ။
ပြီးနောက် ကောင်းကင်ယံတွင် စောင့်ရှောက်နေသော ကောင်းကင်နဂါးမင်းကြီးအား ပင့်ဖိတ်ပါ။ ပြီးနောက် ရေနဂါး တောင်နေနဂါးများအား ပင့်ဖိတ်၍ ခန္ဓသုတ် ပူဇော်မည်ဖြစ် ပါ၍ လာရောက် တရားနာယူရန် ပင့်ဖိတ်ရပါမည်။
နဂါးချစ်သော ဂါထာရွတ်ဖတ် ပူဇော်ပါ။
(၃)ခေါက် (သို့) ၉ ခေါက် ပူဇော်ရပါမယ်။
ပြီးနောက် ခန္ဓသုတ်တော်အား (၉)ကြိမ် ရွတ်ဖတ်ပူဇော်ပါ။
ပထမအကြိမ် ပူဇော်ပြီး ကောင်းကင်နဂါးမင်းအား မေတ္တာပို့ အမျှပေးဝေပါ။
ဒုတိယအကြိမ်ပူဇော်ပြီး ရေနဂါးမင်းအား မေတ္တာပို့ အမျှ ပေးဝေပါ။
တတိယအကြိမ် ပူဇော်ပြီး တောင်နေနဂါးမင်းအား မေတ္တာပို့ အမျှပေးဝေပါ။
ပြီးနောက် မိမိတို့အခက်အခဲနှင့်တကွ မိမိတို့မိသားစုအား ကူညီစောင့်ရှောက်ပါရန် မေတ္တာပို့ တောင်းခံယူပါ။
ယုံကြည်သူများ လုပ်ဆောင်နိုင်ပါသည်။
နဂါးကြည်ညိုနဂါးချစ်စေသောဂါထာ
သုခေါ ဝိဝေကော တုဋ္ဌဿ၊ သုတ ဓမ္မဿ ပဿတော။
အဗျာ ပဇ္ဇံ သုခံ လောကေ၊ ပါဏဘူတေသု သံယေမာ။
သုခါ ဝိရာဂ တာလောကေ၊ ကာမာနံ သမတိ က္ကမော။
အသ္မိ မာနဿ ယောဝိနယော ဧတံဝေပရမံသုခံ။
အနက်မှာ …
ဥပဓိ လေးတန် ဆိပ်ရာမှန်သည့် နိဗ္ဗာန်တရားသည် အလွန် တရာ ချမ်းသာလှ၏။
လေးပါးသော မဂ်ဉာဏ်ဖြင့် ရည်သန်ချက်ပြည့်ဝအားရ ရောင့်ရဲသော ဉာဏ်ပညာ စက္ခုအတွင်း ထင်လင်းပြီးသော တရားရှိသောကြောင့် ပညာမျက်စိဖြင့် ဥပဓိလေးတန် ဆိတ်ရာမှန်သည့် နိဗ္ဗာန်တရား ထိုမှတစ်ပါး သိသင့်သမျှ တရားတို့ကို ကြည့်ရှုဆင်ခြင်ခြင်း အကြွင်းမဲ့သိမြင်သော ပုဂ္ဂိုလ်၏ လူနတ်ဗြဟ္မာသတ္တဝါတို့၌ အမျက်မပွားမေတ္တာ ထားခြင်းသည် လောကေ လောက၌ ချမ်းသာလှပေ၏။
လူနတ်ဗြဟ္မာသတ္တဝါတို့၌ မညှင်းပန်းမနှိပ်စက်လို ဗြဟ္မစိုရ် ကရုဏာ တရားပွားခြင်းသည် ချမ်းသာလှပေ၏။
လောက၌ ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို သမုစ္ဆေပဟန်ဖြင့် ပယ်လှန်လွန်မြောက်ရာဖြစ်သော ရာဂကင်းသူဟူ၍ အသိ ဉာဏ်သဒ္ဒါတို့ဖြစ်ကြောင်း ကောင်းမြတ်သော အနာဂါမိမဂ္ဂ သည် သုခချမ်းသာလှပေ၏။
ငါတလူ လူမာန်မှုထောင်လွှားမှုကို အပြီးငြိမ်းပယ်ဖျောက် ရာ အကြင်အရဟတ္တဖိုလ်သည် အတ္တိရှိ၏ ။
ဤ အရဟတ္တဖိုရ်သည် စင်စစ် ပရမံသုခံ-သင်္ခတတရား အားလုံးတွင် အမြတ်ဆုံးသောချမ်းသာပေတည်း။
(မှတ်ချက် : ယခု နဂါးချစ်ဂါထာတော်အား ဆရာဦးစိန်းနိုင် ပြုစုရေးသားထုတ်ဝေသည့် ခန္တီးဆရာတော် အရှင်ဂန္ဓသာရ နှင့် သဒါဝိမုတ္တကျင့်စဉ်စာအုပ်မှ ကူးယူဖော်ပြပါသည်)
နဂါးများအားမေတ္တာပေးပို့ခြင်း
ကောင်းကင်နဂါး ရေနဂါး တောင်နေနဂါး ဘောဂဝတီနဂါး ပြည်၌ စံနေပျော်ပါး နဂါးများအပေါင်းတို့
၉ သိန်း ၉ သောင်း ၉ ထောင် ၉ ရာ ၉၉ သ်ိုက်မှာ ရှိကြကုန်သော သ်ိုက်အုပ် သိုက်ချုပ် သိုက်နန်းရှင်းအပေါင်းတို့
ကျွန်ုပ်တို့မှ မေတ္တာပွား၍ ပေးကြပါတော့မည်။
အာရုံစူးစိုက် နှလုံးပိုက်၍ နားစိုက်ကြပါလော့ နှလုံးသွင်းကြပါလော့။ (၃ ကြိမ် ဆိုပါ)
ပြီးနောက်ဘောဂဝတီ နဂါးပြည်၌ စံနေပျော်ပါး နဂါးအပေါင်းတို့သည် မိမိတို့ ခြွေရံများစွာ နဂါးအပေါင်းနှင့်တကွ ချမ်းသာသုခရရှိကြပါစေ။
မိမ်ိတို့ ခံစားနေရသော ဘဝဒုက္ခအမျိုးမျိုးတို့မှ ကျွတ်ကြပါစေ လွတ်ကြပါစေ။
ကေတုမတီ တောင်ငူပြည်၌ ဂတိမှောက်မှားသဖြင့် ပစ္စည်းသိုက် ဓာတ်သိုက် ရတနာသိုက်တို့၌ စောင့်ရှောက်နေကြကုန်သော သိုက်နန်းသူသိုက်နန်းသားအပေါင်းတို့သည် ချမ်းသာသုခရရှိကြပါစေ။
မိမ်ိတို့ ခံစားနေရသော ဘဝဒုက္ခအမျိုးမျိုးတို့မှ ကျွတ်ကြပါစေ လွတ်ကြပါစေ။
ဘောဂဝတီနဂါးပြည်၌ အစိုးတရတန်ခိုးပြ၍ နဂါးအပေါင်းတို့ကို အုပ်ချုပ်လျက်ရှိသော အာကာရဋ္ဌနဂါးမင်းကြီးသည် ၎င်း သိရိန္ဒမင်းဘဝမှ ဆင်းသက်လာသော ဇေယျသေန နဂါးမင်းကြီးသည်၎င်း ချမ်းသာသုခရရှိကြပါစေ။
မိမ်ိတို့ ခံစားနေရသော ဘဝဒုက္ခအမျိုးမျိုးတို့မှ ကျွတ်ကြပါစေ လွတ်ကြပါစေ။
ဤကဲ့သို့ မေတ္တာဘာဝနာပွားများခြင်းမှာ အရိမေတ္တေယျ သဒ္ဓါဓိက ဘုရားအလောင်းတော်ကြီး၏သြဝါဒအရ မေတ္တာပွားများကြသည် ဖြစ်ပါကြောင်း သာဓု အနုမောဓနာခေါ်ယူနိုင်ကြပါစေ။ ဝမ်းမြောက်ဝမ်းသာ ရှိကြပါစေ။
ယုံကြည်သူများ လုပ်ဆောင်နိုင်ကြပါစေ။
Credit orginal writer
ရေးသားသူ – ဇာဇာဗေဒင်ယတြာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။