“တွက်လိုက်ကြစို့ လွယ်လွယ်လေး”

Astrology
“တွက်လိုက်ကြစို့ လွယ်လွယ်လေး”

မိတ်ဆွေ သင့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို
တည်ပြီး သင့့်ရဲ့မွေးနံ နံသင့်ဂဏန်းကို
ထည့်ပေါင်းလိုက်ပါ ။ ပြီးရင် (၇)နဲ့ {÷}ကြည့်ပါ ။
သင်ဟာ တနင်္ဂနွေသားသမီးတစ်ဦးဦး ဖြစ်မယ်ဆိုရင် မွေးသက္ကရာဇ်နဲ့ (၁)နဲ့ပေါင်းရုံပေါ့ ။ တနင်္လာဆိုရင် (၂)ပေါင်း ၊ အင်္ဂါ ဆိုရင်(၃) ပေါင်း ၊ ဗုဒ္ဓဟူးဆိုရင် (၄)ပေါင်း ၊ ကြာသပတေးဆိုရင် (၅)ပေါင်း ၊ သောကြာဆိုရင် (၆)ပေါင်း ၊ စနေဆိုရင်လည်း (၇)ပေါင်းရမှာပါ ။

ဥပမာ ၁၃၃၈ ခု မွေးတဲ့ သောကြာသားဆိုပါစို့ ။

၁၃၃၈+၆= ၁၃၄၄ပေါ့ ။

၁၃၄၄÷၇ = (၀)ကြွင်းပေါ့ဗျာ ။

အဲဒါလောက်သိသွားရင် အဖြေကရပါပြီ ။

၀.သုည.ကြွင်းသူဟာ သူများတွေထက်နည်း
နည်းတော့ လောဘပိုကြီးတတ်ပါတယ်…။

၁.ကြွင်းသူဟာ သူများတွေထက် ဒေါသလေး
နည်းနည်းလောက်တော့ပိုကြီးတတ်ပါသတဲ့…။

၂.ကြွင်းသူတွေကတော့ သူများတွေထက်
မောဟလေး နည်းနည်းလောက်ပိုများ
တတ်သူတွေပါတဲ့…။

၃.ကြွင်းသူတွေအတွက်ကတော့ မေတ္တာ
ထားမိရင် သူများထက်ပိုထားတတ်သူတွေ
ပေါ့…။

၄..ကြွင်းသူတွေဆိုရင်တော့ သူများတွေ
ထက် ကရုဏာကြီးမားတတ်ပါတယ်..။

၅.ကြွင်းသူများမှာတော့ သူများတွေအပေါ်
မုဒိတာ ပွားနိုင်သူတွေ လို့ဆိုထားပြီး…

၆.ကြွင်းသူတွေကတော့ သူများတွေထက်
ဥပေက္ခာ ပြုတတ်သူတွေ လို့ မှတ်သားဖူးပါ
ကြောင်း ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...