နေ့နံအလိုက် ချမ်းသာသုခခြင်းသိုအမြန်ဆုံး စံစားနိုင်စေဖိုရန် ထာဝရ အထူးယတြာလှူဖွယ်များ
*တနင်္ဂနွေသားသမီးများ*
-ရွက်လှညွန့်(၈)ညွန့်လှူပေးနေပါ။
*တနင်္လာသားသမီးများ*
-မေမြိုပန်း(၁၀)ပွင့်ကပ်လှူပေးနေပါ။
{မရခဲ့ရင်}
-ပြောင်းဖူးပေါက်ပေါက် တစ်ပန်းကန်
ဆွမ်းအဖြစ် ကပ်လှူပေးနိုင်သည်။
*အင်္ဂါသားသမီးများ*
-သီဟိုရ်ညွန့်(၆)ညွန့်လှူပေးနေပါ။
{မရခဲ့ရင်}
-သီဟိုရ်စေ့များ ကပ်လှူပေးနိုင်သည်။
*ဗုဒ္ဓဟူးသားသမီးများ*
-နွားနို တစ်ခွက် ကပ်လှူပေးနေပါ။
*ကြာသပတေးသားသမီးများ*
-အောင်အိုးမှာရေသန့်ထည့်ပြီး
အုန်းညွှန့်(၆)ညွန့်ထည့်ပြီး လှူပေးနေပါ။
*သောကြာသားသမီးများ*
-ကံ့ကော်ညွန့်(၄)ညွန့်ကပ်လှူပေးနေပါ။
*စနေသားသမီးများ*
-ဇော်စိမ်းညွန့်(၆)ညွန့်ကပ်လှူပေးနေပါ။
{မရခဲ့ရင်}
-စမူဆာ(၃)ခုကိုဆွမ်းအဖြစ်ကပ်လှူပေးနိုင်သည်။
အထက်ပါနေ့နံသားသမီးများအလိုက်
သက်ဆိုင်ရာ လှူဖွယ်များကိုမှတ်ထားပါ။
သတ်မှတ်ထားသည့်လှူဖွယ်များအတိုင်းသာ နေ့စဉ်(သို)တစ်ပတ်လျှင်တစ်ရက် မိမိမွေးနံရက် နံနက်ပိုင်းအတွင်း၌
မြတ်စွာဘုရားရှင်အားကပ်လှူပေးနေပြီး အောက်ပါဆုတောင်းအတိုင်း တောင်းဆုပြုကြရမည်။
ဆုတောင်းစာ
ဘုရားတပြည့်တော်/မသည် အမြဲထာဝရ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍
အသက်ရှည်ကာအနာကင်းမဲ့လျက်
စိတ်အေးချမ်းကြည်လင်ကာ လွယ်ကူ
မြန်ဆန်စွာဖြင့် စီးပွါးဥစ္စာများအထူးတိုးတက်ရပါလို၏ အရှင်မြတ်ဘုရား…
ရေးသားသူ –ဆရာပေါက်ကျိုင်း
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။