ဗေဒင်ပညာဖြင့်ခရီးသွားခြင်းသင့်မသင့်တွက်နည်း
အခုလိုကာလမျိုးမှာ ကလေးသူငယ်မှနေ အိုးမင်းမစွမ်းအရွယ်များအထိ ခရီးသွားလာခြင်းသည် အထူး အရေးကြီးလှပေတော့သည် ။ တစ်သက်လုံး အိမ်တွင်းပုန်းနေသူများပင်လျှင် အကြောင်းအမျိုးမျိုးနဲ့ ခရီးထွက်နေကြရရှာပြီ ။ ဆယ်ကျော်သက်ငယ်ရွယ်သူ နဲ့ လူလတ်ပိုင်းအရွယ်များဆိုလျှင် နိုင်ငံရပ်ခြားတိုင်းပြည်များအထိ ခြေဆန့်နေကြပြီ မဟုတ်ပါလား ။
ဒီတော့…
ကိုယ်ထွက်မယ့်ခရီး အကောင်းအဆိုး အကြောင်းအကျိုးကို သိမှ တော်ကာကျပေလိမ့်မည် ။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာ့ရိုးရာ ဗေဒင်တွက်ကိန်းဖြင့် တွက်စစ်ပြီးကာမှ တော် မတော် ဆန်းစစ်နိုင်ကြစေဖို့ ဖော်ထုတ် ဝေမျှ ပေးလိုက်ပါသည် ။
ပထမဦးဆုံး ခရီးသွားလိုသူ၏ အသက်ကိုတည်ပါ ။ သွားလိုသည့်အရပ်ဒေသ၏ ဂြိုလ်နံနှင့် ပေါင်းပါ ။ ပြီးလျှင် ( ၈ )ဖြင့် ÷၍ အကြွင်းအလိုက် ဟောကိန်းကို ကြည့်ပါ ။
ဥပမာ ။
အသက် (၅၀)အရွယ် လူတစ်ယောက်
မိမိမြို့ရွာ အရပ်ဒေသမှနေ အရှေ့မြောက်အရပ်သို့ သွားလိုသော်
အသက် ၅၀ + အရပ်နံဂြိုဟ် ၆ နှစ် = ၅၆
၅၆ ÷ ၈ = ၀
၈ × ၇ = ၅၆ ဖြစ်၍ ၀ကြွင်းပါသည် ။
ထို့ကြောင့် thayဆုံးတတ်ပေသည် ။ မသွားသင့်သော အရပ်ဖြစ်ပေ၏ ။
(၁)ကြွင်းသော် ရာထူးတက်မည် ။
(၂) ကြွင်းသော် ပင်ပန်းဆင်းရဲမည် ။
(၃) ကြွင်းသော် အကြံအစည် အောင်မြင်မည် ။
(၄) ကြွင်းသော် သာယာအေးချမ်းမည် ။
(၅) ကြွင်းသော် ငွေကြေးဥစ္စာ ရရှိမည် ။
(၆)ကြွင်းသော် ကျန်းမာရေး ချို့ယွင်းမည် ။
(၇)ကြွင်းသော် သူခိုး ခိုးခံရခြင်း
လူလိမ်ခံရခြင်းများ ကြုံတွေ့မည် ။
(၀)ကြွင်းက thayဆုံးတတ်ပါသည် ။
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။