ဘယ်ကိစ္စမဆိုသုံးဖို့လို

Astrology
ဘယ်ကိစ္စမဆိုသုံးဖို့လို

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ အသက်(၃၀)ကျော် မိန်းကလေး တစ်ဦးရောက်လာလေ၏ ။သူသည် လင်ယောက်ျားဖြစ်သူ အပ်ထားသော ငွေသိန်းတစ်ရာကို မောင်ဖြစ်သူအား ချေးငှားလိုက်၏ ။ ၎င်း၏မောင်သည် လောင်းကစားသမားဖြစ်၏ ။ ငွေသိန်းတစ်ရာလုံးလုံး သုံးပစ်လိုက်၏ ။ ပြန်၍ မဆပ်နိုင်ပေ ။ မိန်းကလေး၏ လင်ယောက်ျား ပြန်လာလျှင် ထိုကိစ္စကို ရင်ဆိုင် ရပေတော့မည် ။ မိန်းကလေးသည် များစွာ စိတ်ချောက်ချားနေ၏ ။ ညည အိပ်မပျော်သည့် အဖြစ်သို့ပင် ရောက်နေသောကြောင့် စိတ်လည်း ဂနာမငြိမ်ဖြစ်နေ၏ ။ မိန်းကလေးသည် ငို၍ ကျွန်ုပ်အား-

“အဘရယ်. . . ၊ ကယ်ပါဦး. . . ၊ သမီးတို့ လင်မယား ကွဲသွားနိုင်တယ်. . .” ဟု ပြောရှာလေ၏ ။

“ဒီမှာ မိန်းကလေး ၊ စာရွက်ကလေးတစ်ရွက်ပေးလိုက်မယ်. . . ၊ အဲဒီ စာရွက်ကလေးမှာ စာမပါဘဲ လွတ်နေတဲ့ အကွက်ကလေး (၄)ကွက်ရှိတယ် ၊ မင်းသဘောပေါက်အောင်လို့ ခဲတံနဲ့ (၁), (၂), (၃), (၄) ထိုးပေးလိုက်တယ် ၊ အဲဒီ လွတ်နေတဲ့ အကွက်လေး (၄) ကွက်မှာ သူ့အစီအစဉ်အတိုင်း “ငွေပြန် ရစေ”လို့ စာရေးရမယ် ၊ ပြီးတော့ ကြွေပန်းကန်ပြားမှာ ကပ်ရမယ် ၊ ပြီးတော့မှ အဲဒီစာရွက်ပေါ်မှာ ရိုးရိုးဖယောင်းတိုင်ထွန်းပြီးသား စာရွက်ပေါ်မှာပဲ ထပ်ပြီးထွန်းရမယ်. . . ” ဟု ဆိုကာ ကျွန်ုပ်လည်း အောက်ပါစာရွက်ကို ပေးလိုက်လေ၏ ။ မိန်းကလေးလည်း ဝမ်းသာအားရ ပြန်သွားလေတော့၏ ။

နှစ်ပတ်ခန့်ကြာသောအခါ၌ ထိုမိန်းကလေး ကျွန်ုပ်ထံသို့ ပြန်၍ ရောက်လာလေ၏ ။

“အဘရေ. . . ၊ အဘပြောတဲ့အတိုင်း လုပ်လိုက်တာ (၉) ရက်မြောက်နေ့မှာပဲ ကျွန်မမောင်လေးက ကြွေးလာဆပ်တယ် ၊ သူက ကျွန်မကို မုန့်ဖိုး သိန်း (၂ဝ) တောင် ပေးသွားသေးတယ် ၊ အဲဒီတော့ အားလုံး ပြေပြေလည်လည် ဖြစ်သွားပြီ ၊ အဲဒါကြောင့် အဘကို လာပြီး ကန်တော့တာ. . . ၊ အဘက မနက်တိုင်း ထမင်းကြမ်းနဲ့ ပဲပြုတ်နယ်ပြီး စားတယ် ၊ ပဲပြုတ်ဖိုးငွေ အလှူခံတယ်ကြားလို့ ဟိုဘက်လမ်းထိပ်က ပဲပြုတ်သည် အိမ်ကို စုံစမ်းပြီး ဝင်ခဲ့တယ် ၊ အဘဆီကို ပဲပြုတ်မှန်မှန်ပို့ဖို့ မှာခဲ့တယ် ၊ ပိုက်ဆံလည်း ပေးခဲ့တယ် ၊ အဘအလှူမခံနဲ့တော့ ၊ သမီးလှူတဲ့ ပဲပြုတ်နဲ့ပဲ စားပေတော့. . . ၊ ဟောဒါက ဆီပုံး ၊ ထမင်းနဲ့ ပဲပြုတ်နယ်ပြီး စားဖို့” ဟု ဆိုကာ ဆီပုံးကိုပါ ကန်တော့လေ၏ ။

ကျွန်ုပ်လည်း ထိုမိန်းကလေး၏ ဒုက္ခပြေပျောက်သွား သည်ဆိုသောကြောင့် ဝမ်းမြောက်ရလေတော့၏ ။

“အဘ. . . ၊ ကျွန်မက အဲဒီစာရွက်ကလေးကို မိတ္တူကူး ထားတယ်၊ ကြွေးကိစ္စမှာပဲ အသုံးပြုလို့ရသလား၊ တခြားကိစ္စ မှာရော အသုံးပြုလို့ရသလား . . . “ ဟု မေးလေ၏ ။ ထို့ကြောင့် ကျွန်ုပ်က-

“ရပါတယ် မိန်းကလေးရယ်. . . ၊ အဲဒီအကွက်ကလေး (၄) ကွက်မှာ ကိုယ်လိုချင်တာ ရေးလိုက်ရုံပဲ ၊ အဲဒီတော့ ဒီစာရွက်ကလေးကို “ဘယ်ကိစ္စမဆို သုံးဖို့လို” လို့ မှတ်ထားပေါ့ ကွယ်. . .” ဟု ပြောလိုက်လေတော့၏။

မိန်းကလေးလည်း ရွှင်မြူးစွာ ပြန်သွားလေတော့၏ ။ ကျွန်ုပ်လည်း ပီတိဖြစ်ရလေတော့၏ ။ ကျွန်ုပ်၏ ပီတိမှာ မျက်ရည်များအဖြစ် ကူးပြောင်းကာ ကျွန်ုပ်၏ ပါးပြင်ပေါ်သို့ လှိမ့်၍ဆင်းသွားလေတော့သတည်း. . . ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...