ဘယ်အသက်အရွယ်မှာချမ်းသာကြွယ်၀နိုင်သလဲ?

Astrology
ဘယ်အသက်အရွယ်မှာချမ်းသာကြွယ်၀နိုင်သလဲ?

အခုတခါမှာတော့ ကိုယ်ရဲ့ဘယ်အသက်အရွယ်မှာ ချမ်းသာနိုင်မလဲ ၊ ငွေကြေးဥစ္စာပြည့်စုံနိုင်မလဲ၊ ဘယ်အချိန်ကာလမှာ အလုပ်အကိုင် နဲ့ စီးပွားရေးတွေ အဆင်ပြေလာနိုင်မလဲ ဆိုတာတွေကို (၇)အလီ ၊ (၈)အလီ ၊ (၉)အလီရရုံလေးနဲ့ ဘယ်သူမဆို တွက်ကြည့်လို့ရတဲ့ ဗေဒင်တွက်ကိန်းတစ်ခုကိုပြောပြပေးလိုက်ပါတယ်။ #မှတ်ချက် ။ ။ ဂဏန်းပေါင်းစက်များနဲ့ တွက်ပါက လုံး၀ အဖြေ မရနိုင်ပါ ။

ဒီတွက်ကိန်းဟာ လွယ်ပေမယ့် မှန်ကန်တဲ့ ရှေးဟောင်းဗေဒင်တွက်ကိန်း တစ်ခုဖြစ်ပါတယ်။ အပြည့်အဝကြီး မှန်ကန်တယ်လို့တော့ မဆိုလိုပါဘူး ။ {၇၀} ရာခိုင်နှုန်းတော့ မှန်ကန်မှု ရှိပါလိမ့်မယ် ။ တစ်ခုရှိတာက ဘယ်လိုပဲ ချမ်းသာကိန်းရှိရှိ ၊ ဆင်းရဲကိန်းရှိရှိ မိမိရဲ့လက်ရှိပဉ္စက္ခတ်ကံကိုဆန့်ကျင်ပြီး ပြုမူနေထိုင်မယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ရရှိကြမှာပါ ။ အမှန်တကယ်ဆို အခုတွက်ကိန်းက “အတိတ်ကံ” ကို တွက်ကြည့်တဲ့ နည်းတစ်နည်းလို့ ဆိုရပါလိမ့်မယ် ။

တွက်နည်းကတော့ …
သိလိုသူရဲ့ မြန်မာမွေးခုနှစ်ကို (၃)ကြိမ် ခွဲရေးပြီးတည်ကိန်းပြုထားပါ။

ပြီးရင် ပထမ
ခုနှစ်ကို(၇)နဲ့ ÷ ပါ ။ အကြွင်း (၁ ၊ ၃ ၊ ၀ ၊ ၈ )ကြွင်းရင် ပထမအရွယ်မှာ ချမ်းသာကြွယ်၀ကိန်းရှိနေပါတယ် ။

ဒုတိယခုနှစ်ကို (၈)နဲ့ ÷ ပါ ။ အကြွင်း
(၁ ၊ ၃ ၊ ၀ ၊ ၈)ကြွင်းရင် ဒုတိယအရွယ်မှာ ချမ်းသာကြွယ်၀ကိန်းရှိနေပါတယ် ။

တတိယခုနှစ်ကိုတော့ (၉)နဲ့ ÷ ပါ ။ အကြွင်း (၁ ၊ ၃ ၊ ၀ ၊ ၈ )ကြွင်းရင် တတိယအရွယ်မှာ ချမ်းသာကြွယ်၀ကိန်းရှိနေပါတယ် ။

အရွယ်သုံးပါးဆိုတာ…

၁။ မွေးစအရွယ်ကနေ အသက်(၁၆)နှစ်အထိ (ပထမ)အရွယ်ဖြစ်ပါတယ် ။

၂။ အသက်(၁၇)နှစ်ကနေ (၄၅)နှစ်အထိ(ဒုတိယ)အရွယ်ဖြစ်ပါတယ် ။

၃။ အသက်(၄၆)နှစ်ရဲ့နောက်ပိုင်းကတော့ (တတိယ)အရွယ်ဖြစ်ပါတယ် ။

ဟောကိန်းများ

၁။ ကိုယ့်ရဲ့မြန်မာမွေးခုနှစ်ကိုတည်ပြီး (၇)နဲ့ ÷ လို့( ၁ ၊ ၃ ၊ ၀ ၊ ၈ )ကြွင်းရင် ပထမအရွယ်မှာကောင်းစားပါမယ် ။ မိဘရဲ့ကူညီပံ့ပိုးမှုတွေ ၊ ဂရုစိုက်မှုတွေကို ရရှိပါမယ် ။ ကိုယ်ဝတ်ချင်တဲ့အဝတ်အစားကို မကြာခနဝတ်ဆင်ရတတ်ပါတယ် ။ ကျောင်းတက်ရတဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ရတတ်ပါတယ် ။ စိတ်တူကိုယ်တူသူငယ်ချင်းတွေလည်း ရရှိနိုင်ပါတယ် ။ လိုအင်ဆန္ဒတွေ ထိုက်သင့်သလောက် ပြည့်ဝပါမယ် ။

၂ ။ ကိုယ့်ရဲ့မြန်မာမွေးခုနှစ်ကိုတည်ပြီး(၈)နဲ့ ÷ လို့(၁ ၊ ၃ ၊ ၀ ၊ ၈ )ကြွင်းရင် ဒုတိယအရွယ်မှာကောင်းစားပါမယ် ။ ငွေကြေး စီးပွားရေးအလုပ်အကိုင်တွေ အဆင်ပြေ အောင်မြင်နိုင်ပါတယ် ။ ကိုယ့်အပေါ် နားလည်မှုထားပြီး ချစ်ပေးနိုင်မယ့် ချစ်သူရည်းစားလည်း ရနိုင်ပါတယ် ။ ရည်မှန်းထားတဲ့အလုပ်တွေ ထိုက်သင့်သလောက်အောင်မြင်အကျိုးပေးပါမယ် ။ မိတ်ဆွေသူငယ်ချင်း အပေါင်းသင်းတွေကြားမှာ နာမည်ကောင်းရတတ်ပါတယ် ။

၃။ ကိုယ့်ရဲ့မြန်မာမွေးခုနှစ်ကိုတည်ပြီး (၉)နဲ့ ÷ လို့( ၁ ၊ ၃ ၊ ၀ ၊ ၈ )ကြွင်းရင် တတိယအရွယ်မှာကောင်းစားပါမယ် ။ ဘုရား ၊ တရား အလုပ် ၊ ဘာသာရေး အလုပ်တွေကို လုပ်ကိုင်နိုင်ပါမယ် ။ ကိုယ့်ရဲ့ သားသမီးမြေးမြစ်တွေရဲ့သိတတ်စာနာမှု ၊ ဂရုစိုက်မှုတွေကိုလည်း ရရှိတတ်ပါတယ်စားဝတ်နေရေးအတွက် သိပ်ပြီးပူစရာမလိုပဲ နေရတတ်ပါတယ် ။ တနည်းအားဖြင့် အိုဇာတာကောင်းတယ်လို့လည်း ဆိုနိုင်ပါတယ် ။

ဥပမာ ။ ။ မြန်မာသက္ကရာဇ် (၁၃၃၁)ခုနှစ်မှာ မွေးတဲ့ သူတစ်ယောက်ကို တွက်ကြည့်ကြရအောင်ဗျာ ။

အဲဒီသူဟာ (ပထမ)အရွယ် (၁)ကြွင်း ၊ (ဒုတိယ)အရွယ် (၃)ကြွင်း ၊ (တတိယအရွယ်) (၈)ကြွင်းတာကြောင့်မို့ အရွယ်သုံးပါးစလုံး ချမ်းသာကြွယ်၀ကိန်း ရှိနေပါတယ် ။ ဒါပေမယ့်လည်း ကာယကံရှင်ကိုယ်တိုင်ကပါ ကံ ၊ ဉာဏ် ၊ ၀ီရိယ ၊ ဇွဲ ၊ လုံ့လ ၅ ဌာနလုံး ညီညွတ်အောင် ကျင့်ကြံနေထိုင်နိုင်မှသာ အကျိုးပေး ခံစားရပါမယ် ။

နောက်ပြီး…ချမ်းသာ ကြွယ်၀တယ်ဆိုတာကလည်း နှစ်ပေါင်းများစွာ ဆက်တိုက်ကြီး ကောင်းစားမယ်လို့ မဟုတ်ပါဘူး ။ ၄ ၊ ၅နှစ် ဆက်တိုက်ဆိုသလိုမျိုး ကောင်းစားနိုင်မှာ ဖြစ်ပါတယ် ။ နှစ်ပေါင်းများစွာအမြဲတမ်း အဆင်မပြေနိုင်ပါဘူး ။ ဘယ်သူမျှ ရှောင်လွှဲငြင်းဆန်လို့မရတဲ့ လောကဓံ(၈)ပါးဆိုတာလည်း အရှိသားမဟုတ်ပါလား ။ သက်ဆိုင်ရာ ခုနစ်ရက်သားသမီးရဲ့ ဇာတာအသီးသီးအလိုက် ကံညံ့တဲ့ နှစ်ပိုင်းတွေမှာတော့ အနည်းငယ် အခက်ခဲတွေ ၊ မပြေလည်နိုင်တာတွေကြုံတွေ့ ရင်ဆိုင်ရမှာပါပဲ။

ဤကား ရှေးဟောင်း ဗေဒင်ကျမ်း အလိုတည်း။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...