ဘဝမှာကံဇာတာတွေကောင်းချင်ရင်ဒီကနေ့စလုပ်ပါ
၁။ မနက် မျက်နှာသစ်တဲ့အခါ သရဏဂုံကို ရွတ်ဆိုပါ ။ ( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် ။)
၂။ သွားတိုက်တဲ့အခါ ဂုဏ်တော်ပွါးများပါ။
( ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည် အပြောအဆို မှန်သမျှ အောင်မြင်စေပါတယ် ။ )
၃။ သတိရရင် ရသလို မေတ္တသုတ် ရွတ်ပါ။
( မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့
လုံခြုံ နွေးထွေးစေပါတယ် ။ )
၄။ တစ်နေ့( ၂ )ကြိမ် အနည်းဆုံး သောက်တော်ရေ ကပ်လှူပါ။ ( “၇”ရက် သားသမီးများ အေးချမ်းသလို ကိုယ့်ဘဝလဲ အေးချမ်းပါတယ် ။ )
၅။ တစ်နေ့ တစ်ကြိမ် မဟာသမယသုတ် ရွတ်ဖြစ်အောင် ရွတ်ပါ။ ( နတ်တို့ ချစ်ခင် စောင့်ရှောက်ပါတယ် ။ )
၆။ တစ်နေ့ တစ်ကြိမ် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပါ။
( အကျိုးကျေးဇူး ဧကန်ထူးပါတယ် ။ )
၇။ တစ်နေ့ တစ်ကြိမ် ခင်ပွန်းကြီး( ၁ဝ )ပါးကို ဝန်ချတောင်းပန်ရှိခိုးပါ။( အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ် ။ )
၈။ ငါးပါးသီလကို လုံခြုံအောင် အတတ်နိုင်ဆုံး စောင့်ထိန်းပါ ။ ( သီလအကျိုးကြောင့် လူ့တန်ဖိုး မြင့်တက်လာပါတယ် ။ )
၉။ မိဘကျေးဇူးကို အထူးသိတတ်ပါ ။ ( ရောက်ရာအရပ်မှာ လူချစ်လူခင် ပေါပြီး ကူညီစောင်မသူတွေနဲ့ တွေ့ရပါလိမ့်မယ် ။ )
၁ဝ။ စိတ်ကောင်းရှိစွာ နေထိုင်ပါ ။ ( စိတ်နောက်ရင် ဘဝက နောက်ပါတယ် ။ )
၁၁။ နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက တစ်ခုခုရဖို့ ကြိုးစားပါ။ ( လူဖြစ်ရတဲ့ အခိုက်အတန့်မှာ လူဖြစ်ရကျိုး နပ်စေပါတယ် ။ )
၁၂။ တစ်နေ့ကို အနည်းဆုံး ( ၁၅ )မိနစ်ခန့် တရားထိုင်ပါ။( သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါတယ် ။ )
ရေးသားသူ – သာထက်ဇော်(မကွေး)
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။