လိုရာအောင်စေ

Astrology
လိုရာအောင်စေ

တခါတလေမှာ ကြုံရတတ်ပါတယ် ။
ဆိုင်းမဆင့် ၊ ဗုံမပါဆိုသလို ဗြုန်းစားကြီး ခရီးထွက်ဖို့ ကြုံရတတ်ပါတယ် ။

ထွက်ရမယ့်ခရီးကလည်း သိပ်ပြီး အရေးကြီးတဲ့ခရီး ဖြစ်နေပြန်တယ် ။

ဒီတော့…
သွားတဲ့ခရီးမှာ အဆင်ပြေ ချောမောစေချင်တယ် ။သွားရမယ့်အချိန်ကလည်း နီးကပ်နေပြီ ။ ဗေဒင်ဆရာဆီ သွားမေးရအောင်ကလည်း အချိန်မရဘူးဖြစ်နေတယ် ။

ဒါပေမယ့်….
ယတြာတစ်ခုခုလောက်လည်း လုပ်သွားချင်တယ်ဆိုပါစို့ ။

ဒါဆိုရင်တော့…
အခုယတြာကို လုပ်သွားလိုက်ပါ ။
အဆင်ပြေ သွားပါလိမ့်မယ်ဗျာ ။

ယတြာက ဘာမျှမခက်ခဲပါဘူး ။
ကိုယ်သွားရမယ့် အရပ်မျက်နှာဘက်လှည့်ပြီး ေခြစုံရပ်လို့ ဘယ်ဘက် လက်ဖဝါးကိုဖြန့်ပါ ။

ပြီးရင်
ဘယ်ဘက်လက်ဖဝါးကို ညာဘက်လက်ညှှိုးနဲ့ “ရ” စာလုံးရေးပါ ။ ရေးပြီးရင် အဲဒီ “ရ”ကို “ဝ”စာလုံးနဲ့ ဝိုင်းအုပ်ရေးလိုက်ပါ ။

အဲဒီလို ရေးပြီးပြီဆိုရင်တော့…
ရေးပြီးသား ဘယ်ဘက်လက်ဖဝါးနဲ့ နဖူးကို(၃)ကြိမ် ၊ နောက်စေ့ကို (၃)ကြိမ်ကပ်ပေးကာ နေအိမ်ကနေ စတင်ထွက်ခွာသွားပါလေ ။ မိတ်ဆွေ သွားတဲ့ခရီး အစစအရာရာအောင်မြင်သွားပါလိမ့်မယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...